စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၁၈ ရက် မနေ့က နေ့လယ် ၁ နာရီကျော်လောက်မှာ စစ်ကော်မရှင်တပ်က ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်တောင်ရွာထဲကို စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ အမျိုးသမီးတစ်ယောက် သေဆုံးပြီး ၅ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“လတ်တလောမှာ သေဆုံးသူက အမျိုးသမီး၊ ဒဏ်ရာရသူ ၅ ယောက်လောက် ခန့်မှန်းပေါ့ဗျာ၊ ဒဏ်ရာရတဲ့အထဲမှာ အမျိုးသမီးတစ်ယောက်က ပေါင်ပြတ်သွားတယ်။ အိမ်တစ်အိမ်တည်းကျတာ” လို့ ဆားလင်းကြီးနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

မိုးကြိုးပြင်တောင်ရွာဟာ အကြမ်းဖက် စစ်ကော်မရှင်တပ် အထိုင်ချထားတဲ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ နီးသလို အဆိုပါ ကျေးရွာထဲကို စစ်ကော်မရှင်တပ်သားတွေက စစ်ကြောင်းထိုးကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာမျိုးလည်း လုပ်ဆောင်လေ့ရှိပါတယ်။

“၁၆ ရက်နေ့ မနက်ပိုင်းက P အဖွဲ့တွေက ဝမ်ပေါင်ကို လက်နက်ကြီးနဲ့ ထုတာ။ ဝမ်ပေါင်ထဲ ထိခိုက်မှုများလို့ အနီးနားရွာတွေကို မဲနေတာ။ အခုထိခိုက်တဲ့ မိုးကြိုးပြင်တောင်ရွာက ဝမ်ပေါင်နဲ့နီးတယ်။ စစ်ကြောင်းတွေကတော့ အဲဒီရွာကို မကြာခဏ ဝင်ဖူးတယ်။ အရင်နှစ်တွေက နေအိမ်တွေကို မီးလည်း ရှို့ခံရဖူးတယ်။ စက်တပ်လေထီးနဲ့ ချတာကတော့ ဒါပထမဆုံးပဲ” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

စက်တပ်လေထီးနဲ့ ပစ်ခတ်ခံရပြီးတဲ့နောက် မိုးကြိုးပြင်တောင်ရွာက ဒေသခံတွေဟာ ကျေးရွာထဲ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်မှာ အဘွားဖြစ်သူကို ဂါရဝပြုခဲ့တဲ့ ကင်အဲရစ် (ခ) ကိုထိန်လင်း

လွတ်လပ်ရေးဖခင်လို့ အများက တင်စားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ် (ခ) ထိန်လင်းက ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ကျိုးစခန်း ကို သိမ်းပိုက်ခဲ့အပြီး ကပစ စက်ရုံတွေကို အနီးကပ်ခြိမ်းခြောက်လာပြီဖြစ်တဲ့ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးရိုးမအစပ်ကြားက ပန်းတောင်းမြို့နယ်၊ ညောင်ကျိုး စစ်တပ်စခန်းကို ပြီးခဲတဲ့ မတ်လ ၁၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။
Read More

အမ်း-ပဒါန်း လမ်းပိုင်း​ကို PDF တွေ ထိန်းချုပ်ဖို့ ကြိုးစားနေပြီး လမ်းပိုင်းပေါ်က စစ်ကင်းစခန်း ၂ ခု ကို စီးနင်းတိုက်ခိုက်မှု စစ်သား ၁၀ ယောက် သေ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်းက စစ်တပ်ကင်းစခန်းတွေ တပြိုင်နက်တည်းစီးနင်းတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၁၀ယောက် သေဆုံးကြောင်း People's Revolution Alliance ထံက သိရပါတယ်။
Read More

ကရင်နီမှာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်သူတွေကို အရေးယူမယ်

ကရင်နီပြည်နယ်မှာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်း ကောက်ယူပေးပြီး ရွေးကောက်ပွဲဖြစ်မြောက်ဖို့ ပါဝင်လုပ်ဆောင်သူတွေကို ပြင်းထန်စွာ အရေးယူမယ်လို့  ကရင်နီပြည် ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို က ထုတ်ပြန်လိုက်ပါတယ်။
Read More

အုတ်တွင်းမှာ ကင်းလှည့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေပါဝင်တဲ့ ကင်းလှည့်အဖွဲ့ကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖ ထံက သိရပါတယ်။ 
Read More

နမခကနေ စစ်ကိုင်းဘက်လာတဲ့ သံချပ်ကာ စစ်ယာဥ်တန်းမိုင်းဆွဲခံရပြီး ၇ ယောက် သေ

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာ နမခကနေ စစ်ကိုင်းဘက်ကို ထွက်ခွာလာတဲ့ စစ်​ကောင်စီသံချပ်ကာယာဥ်တန်းကို ချောင်းဦး- မြင်းမူလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ရာ ကား၂ စီး ထိခိုက်ပြီး အကြမ်းဖက်စစ်သား ၇ ယောက် သေဆုံးကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ ၊ လျှပ်စီးတပ်ခွဲတာဝန်ရှိသူက မောင်းကို ပြောပါတယ်။