အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ မကွေးတိုင်း၊ မင်းဘူးမြို့ကို လာဖို့ရှိနေတာကြောင့် မြို့ရဲ့ အဝင်အထွက်တွေနဲ့ မြို့ပေါ်နေရာတွေမှာ လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း မင်းဘူးစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီး ကြူကြူလှတို့ မကွေးမြို့ကို ရောက်ရှိနေပြီး အဲဒီကတဆင့် မင်းဘူးမြို့ကို ဆက်လာဖို့ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

သြဂုတ်လ ၁၈ရက်ကစလို့ မင်းဘူးမြို့ မြို့တော်ခန်းမနဲ့ မြို့ပေါ်လမ်းတွေအပြင် ဧရာဝတီတံတား (မကွေး)၊ ထောက်ရှာပင်နဲ့ (စကု) ဆားပွတ်ချောင်းတံတား အဆင်းနေရာတွေမှာ ရဲ၊ စစ်သား၊ ယာဥ်ထိန်းရဲတွေနဲ့ လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားတယ်လို့လည်း သိရပါတယ်။

” ထောက်ရှာပင်တို့၊ တံတားအဆင်း၊ လမ်းဆုံတွေမှာ ရဲတွေ၊ မီးသတ်တွေ၊ မော်တော်ပီကယ်တွေနဲ့ လုံခြုံရေးတွေ တိုးချထားတယ်။ တမြို့လုံးကို အင်အားတိုးထားတယ်။ မနေ့ကလည်း မကွေးဘက်မှာ ထ (ထ၁) လမ်းပိတ်ထားတယ်။ ဗိုလ်ချုပ်လမ်းနဲ့ မြို့ပေါ်လမ်းတွေ လုံခြုံရေးတင်းကြပ်တယ်။ အရင်လို ဆိုင်ကယ်တွေ ကား တွေတောင် မဖမ်းနိုင်ကြဘူး” လို့ မင်းဘူးခရိုင် ပကဖ ထောက်လှမ်းရေးက မောင်းကို ပြောပါတယ်။

လက်ရှိအခြေအနေအရ မင်းဘူးမြို့ပေါ်မှာ လုံခြုံရေးတွေ တင်းကြပ်ထားသလို အစစ်အဆေးတွေ ကြမ်းနေတာကြောင့် အရပ်သားတွေအနေနဲ့ မြို့ပေါ်သွားလာတာအပါအဝင် စစ်သားနဲ့ ရဲတွေအနီးနား နေထိုင်သွားလာတာမျိုးတွေ ရှောင်ကြဥ်သင့်ပြီး ကိုယ်နဲ့ မသက်ဆိုင်တဲ့ ပစ္စည်းတွေကိုလည်း ကိုင်တွယ်ကြည့်ရှုတာတွေ မလုပ်ကြဖို့ မင်းဘူးခရိုင် အမှတ် (၆)တပ်ရင်းကလည်း မေတ္တာရပ်ခံထားပါတယ်။

“မနေ့ကတော့ မင်းအောင်လှိုင် မကွေးကိုရောက်တယ်။ မင်းဘူးကို လာမယ်။ အောင်လံဘက်အထိ ဆက်တယ်မယ်လို့ သတင်းရတယ်ပေါ့။ လက်ရှိ မကွေးကို ရောက်နေတယ်။ မအလနဲ့ သူ့မိန်းမလည်း ပါတယ်ပေါ့။ မင်းဘူးဘက်ခြမ်းကိုသွားတဲ့ တံတားထိပ်တွေမှာ တင်းကြပ်ထားတာ တွေ့ရတယ်” လို့ မင်းဘူးခရိုင် ပကဖ ထောက်လှမ်းရေးက ပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်တပ်က မင်းဘူးမြို့နယ်အတွင်း ကျေးရွာတွေကို PDF တွေ ဝင်ရောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားတွေ အထင်အမြင်လွဲအောင် စစ်ကြောင်းဝင် မီးရှို့တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၀ ကို စစ်ကောင်စီက တရုတ်ထံ လွှဲပြောင်း

ရန်ကုန်နဲ့ မန္တလေးက  အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀ ကို စစ်ကောင်စီက တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်လိုက်တယ်လို့  စစ်ကောင်စီထိန်းချုပ်ထားတဲ့မီဒီယာတွေမှာဖော်ပြလာပါတယ်။ တရုတ်နိုင်ငံက အလိုရှိနေတဲ့ တရားခံပြေး ချန်တာဝေ့ အပါအဝင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားအယောက်၂၀ကိုလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။
Read More

ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PNO အဖွဲ့ကို တိုက်ခိုက်၊ စစ်အုပ်စု ၂၀ ဦးခန့် သေဆုံးပြီး ၁ ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO အဖွဲ့ကို တိုက်ခိုက်ရာ စစ်တပ်က အယောက် ၂၀ ခန့် သေဆုံးပြီး ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တာမွေတွင် အဘိုးအိုတဦး ကြိုးဆွဲချ သတ်သေ

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်မှာ အဘိုးအိုတယောက် ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အုတ်ဖိုတွင် ပေါ်တာဆွဲဖို့ ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဒုရဲအုပ် ဇော်ထွန်းဝင်းအပါ ၆ ဦး သေ

ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ပေါ်တာဆွဲဖို့ ထွက်လာတဲ့ စစ်သားနဲ့ ရဲတွေကို တိုက်ခိုက်ရာ ဒုရဲအုပ်အပါအဝင် ၆ယောက် သေဆုံးခဲ့တယ်လို့ မြေအောက်‌ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ဖျာပုံထောင်မှာ ထောင်ဝင်စာ ၇လကြာ ပိတ်ပင်ခံခဲ့ရတဲ့ နိုင်ကျဉ်းတချို့ အင်းစိန်ထောင် ပြောင်းရွှေ့ခံရပြီးနောက်ပိုင်းမှာလည်း ၇ လ ကြာတဲ့အထိ ထောင်ဝင်စာတွေ့ခွင့် မရသေး

ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ ထောင်ဝင်စာ ၇လကြာ ပိတ်ပင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား တချို့ဟာ အင်းစိန်ထောင်ကို ပြောင်းရွှေ့ခံရပြီးနောက် တိုက်ပိတ်ခံရကာ ထောင်ဝင်စာတွေ့ခွင့် မရကြသေးဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။
Read More

96 Soldiers-PDF တပ်ဖွဲ့တည်ထောင်ခြင်း (၄) နှစ်ပြည့် နဲ့ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

96 Soldiers-PDF တပ်ဖွဲ့တည်ထောင်ခြင်း(၄)နှစ်ပြည့် နဲ့ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို မဟာမိတ်ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ရာ ဒေသမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ 96 Soldiers-PDF - အညာတပ်ခွဲက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။