ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း အရပ်သားပြည်သူတွေကို စစ်ကော်မရှင်တပ်သားတွေက ဖမ်းဆီးပြီး လူသားဒိုင်အဖြစ် အသုံးပြုနေကြောင်း KNDF က မှတ်တမ်းရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ သဩဂုတ်လ ၈ ရက်က အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးတာ၊ အကြောင်းအရင်းမရှိ ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ဆောင်နေပြီး လူသားဒိုင်းကာအဖြစ်လည်း အသုံးချလျက်ရှိတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်သားတွေဟာ အရပ်သားပြည်သူတွေကို ဒိုင်းကာသဖွယ်အသုံးပြုပြီး စစ်ကြောင်းရဲ့ ‌ရှေ့ဆုံးကနေ သွားလာစေခိုင်းတာ၊ စစ်သုံးပစ္စည်းတွေ သယ်ဆောင်စေခိုင်းနေတာတွေကို မှတ်တမ်းရုပ်သံဖိုင်အဖြစ် ရိုက်ကူးထားနိုင်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

အဆိုပါအခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ လွိုင်ကော်-ဒီမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးနဲ့ လမ်းမကြီးပေါ် ဖြတ်သန်းသွားလာတဲ့ လမ်းသွယ်တွေကို အသုံးမပြုကြဖို့ စာအမှတ် – KNDF/၁/၂၀၂၅ (၀၀၄)၊ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့ ရက်စွဲနဲ့ KNDF က တိုက်တွန်းထားပါတယ်။

Video – KNDF – Karenni Nationalities Defence Force

0 Shares:
You May Also Like
Read More

စနစ်ဆိုးကို ဖြိုဖျက်ရာမှာ ကြယ်တွေ မကြွေစေဖို့ ကျည်ကာကမ်ပိန်းမှာ ပါဝင်ကူညီကြဖို့ တောင်ညိုတပ်ရင်း မေတ္တာရပ်ခံ (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ဆိုးကို ဖြိုဖျက်ရာမှာ ကြယ်တွေ မကြွေစေဖို့ ကျပ်သိန်း ၁၀၀၀ ကျည်ကာ ကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ကူညီပေးကြဖို့ တောင်ညိုတပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။
Read More

ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ ထောက်ပို့ပစ္စည်းတွေ ပို့ပြီး ပြန်လာတဲ့ စစ်တပ်ရဲ့ သံပြားကာယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ထောက်ပို့ပစ္စည်းတွေ ပို့ဆောင်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ်တန်းကို ဖေဖော်ဝါရီ ၄ ရက် မနေ့က နေ့လယ်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

တောင်ငူခရိုင် ဖြူးလမ်းမကြီးဘေးရှိ ကျေးရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲနှင့် စစ်သား ၈ သေ၊ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးလမ်းမကြီးဘေးရှိ ဝဲဒေါင့်ရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး ရဲနဲ့ စစ်သား ၈ ယောက်ကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်အတွင်း သံချပ်ကာယာဉ်နှင့် တင့်ကားအပါ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် ကံပြားကျေးရွာဘက်ကနေ ကန်ဘောင်ကျေးရွာဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဧပြီ ၂၂ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းထံက သိရပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၁၅ ယောက် ထိခိုက်မှုရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်လမ်းမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို  ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ ၁၅ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးခဲ့ရတဲ့ လားရှိုးမြို့စျေးမြင်ကွင်း (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို ဒီနေ့စက်တင်ဘာ ၂၇ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးအများအပြားကြဲချခဲ့ရာ လားရှိုးမြို့မစျေးနဲ့ ရပ်ကွက်အတွင်းက လူနေ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် အရပ်သား ၂ ယောက်သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။