အာဏာသိမ်း စစ်ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပထမအကြိမ် ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ပြီး မွန်ပြည်နယ်မှာ တပြည်နယ်လုံး အတိုင်းအတာနဲ့ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်က မြို့နယ် ၁၀ မြို့နယ်လုံးမှာ စစ်တပ်က ရွေးကောက်ပွဲကျင်းမယ်လို့ ကြေညာထားပေမယ့်  ချောင်းဆုံ၊ မော်လမြိုင်၊ မုဒုံ၊ ပေါင် စတဲ့ မြိုနယ်တွေကိုသာ စစ်ကော်မရှင်က ထိန်းချုပ်ထားနိုင်ပြီး ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ရေးမြို့နယ်တို့မှာတော့ ရာနှုန်းပြည့် ထိန်းချုပ်နိုင်တဲ့ အနေအထား  ရှိမနေပါဘူး။

ဒါပေမယ့် မြို့ပေါ်နေရာတွေကိုသာ ထိန်းချုပ်ထားနိုင်တဲ့ စစ်ကော်မရှင်ကတော့ ကျေးရွာတွေထိပါ ရွေးကောက်ပွဲ ပြုလုပ်မယ်လို့ ကြွေးကြော်နေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်ဟာ သူတို့ရဲ့ ဟန်ပြရွေးကောက်ပွဲကို မွန်ပြည်နယ်က ၁၀ မြို့နယ်လုံးမှာ ရာနှုန်းပြည့် ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ မွန်ပြည်ဖက်ဒရယ်ကော်စီ (MSFC) က ဆိုပါတယ်။

“မွန်ပြည်နယ်မြောက်ပိုင်းမှာဆို သထုံ၊ ဘီးလင်း၊ အလယ်ပိုင်းမှာဆို ကျိုက်မရောဆိုလည်း တော်လှန်ရေးသမားတွေ နေရာတော်တော်များများမှာ နေရာဝင်ယူထားတာ ဖြစ်ပါတယ်၊ တောင်ပိုင်းမှာဆို သံဖြူဇရပ်မြို့နယ်နဲ့ ရေးခရိုင်ပေါ့နော်၊ အဲ့မှာက MSFC အောက်မှာရှိတဲ့ တပ်တွေရယ်၊ NMSP-AD တို့ လှုပ်ရှားနေတဲ့ ဒေသဖြစ်တဲ့အတွက် ဒီနေရာမှာလည်း သူတို့ ရွေးကောက်ပွဲလာလုပ်ရင်တော့ ပြဿနာတွေ အများကြီးရှိနိုင်ပါတယ်။ ဘယ်လိုပဲပြောပြော စစ်တပ်ကတော့ မွန်ပြည်နယ်ရဲ့ ၅၀% ထက်တော့ မကျော်ဘူးလို့ ထင်ပါတယ်” လို့  MSFC ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းက မောင်းကို ပြောပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရွေးကောက်ပွဲ မဲပေးစက် အသုံးပြုပုံကို စစ်ကော်မရှင် သင်တန်းပေးနေစဥ်

စစ်ကော်မရှင်ဟာ စစ်တပ်ရဲ့ အာဏာ၊ ရဲတပ်ဖွဲ့တွေရဲ့ အာဏာကို အသုံးချပြီး ပြည်သူတွေကို သေနတ်ထောက်ကာ ရွေးကောက်ပွဲကျင်းပဖို့ ကြိုစားနေတာ ဖြစ်ပြီး MSFC အနေနဲ့ ရွေးကောက်ပွဲ မဖြစ်မြောက်ရေးအတွက် စစ်ရေးအရ အစွမ်းကုန်ကြိုးစားသွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်တပ်နဲ့ အနီးတဝိုက်မှာ မနေထိုင်ကြဖို့ကိုလည်း သူက ပြောထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ တရားဝင်မှုရရှိရေး၊ အာဏာလက်မလွှတ်ရရေး၊ နိုင်ငံရေးထွက်ပေါက်ရရှိရေးအတွက် အခုလို လုပ်ဆောင်နေမှုတွေအပေါ်မှာ အရပ်ဘက် မွန်လူငယ်အဖွဲ့အစည်းတွေကလည်း Anti election လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာက “စစ်တပ်ကလည်း သူ့အလုပ်ကို သူလုပ်နေသလို တဖက်မှာလည်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ မအောင်မြင်အောင် ကြိုးပမ်းရမှာ ကျနော်တို့ အလုပ်ဖြစ်တယ်။ ဒါက ကျနော်တို့ တိုက်ပွဲပဲ။ ပြီးတော့ ရွေးကောက်ပွဲအလွန်ကာလကိုလည်း ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရွေးကောက်ပွဲ မဲပေးစက် အသုံးပြုပုံကို စစ်ကော်မရှင် သင်တန်းပေးနေစဥ်

ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်၊ မွန်တော်လှန်ရေးနေ့ကလည်း စစ်အုပ်စု အာဏာတည်မြဲရေးအတွက် ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မွန်ပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် စစ်တပ်ရဲ့ လက်ဝေခံပါတီတွေကို မွန်ပြည်သူတွေက လက်သင့်ခံကြိုဆိုမှာ မဟုတ်ကြောင်း  မွန်တော်လှန်ရေး အဖွဲ့အစည်းအသီးသီးက သဘောထား ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

0 Shares:
You May Also Like
Read More

ရေဘေးသင့် ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော် Eagle

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် ၉၀၁ တပ်ရင်း ၊ နေပြည်တော် PDF က ရဲဘော် ၁ ယောက်ဟာ ရေတာရှည်မြို့နယ်မှာ ရေဘေးသင့်ပြည်သူတွေကို ကယ်ထုတ်ရင်း ကျဆုံးခဲ့တယ်လို့ အမှတ် ၉၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

သဲဖြူရွာက ညီအစ်ကို  ၂ ယောက်ကို စစ်အုပ်စု ခေါင်းဖြတ်သတ်ခဲ့

တနင်္သာရီမြို့နယ်ရှိ သဲဖြူရွာက ညီအစ်ကို ၂ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ KNU - Mergui - Tavoy District က သြဂုတ်လ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး၊ ရေနစ်သေဆုံးသူ ၃ ဦးအထိ ရှိလာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၁) မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး  ကလေးငယ် တစ်ယောက် ရေနစ်သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်တွင် အကြမ်းဖက်စစ်တပ် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၁) ဦး သေဆုံး၊ (၃) ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား (၁) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့တွင် စစ်‌ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင်(၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပူတာအိုကို ထိုးစစ်ဆင် တိုက်ခိုက်တော့မယ်လို့ KPF အသိပေး

ပူတာအိုဒေသမှာ မကြာခင် ရာနှုန်းပြည့် ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအားလုံး အထူးသတိပြုပြီး ကြိုတင်ကာကွယ် ပြင်ဆင်ကြဖို့  ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် (KPF) က ဇန်နဝါရီ ၁၆ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။