စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တိုက်ပွဲအတွင်း Chinland Defense Force , Kalay – Kabaw – Gangaw တပ်ဖွဲ့က တပ်စိတ်မှူးတစ်ယောက် ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

သြဂုတ်လ ၂ ရက်နေ့က ကလေးမြို့နယ် ကြံသာတိုက်ပွဲအတွင်း တပ်ရင်း (၂) က တပ်စိတ်မှူး မျိုးဇင်အောင် (ခ) ကျီးကန်းဟာ ထိတွေ့ပစ်ခတ်မှုအတွင်း ထိမှန်ဒဏ်ရာရရှိခဲ့ကာ ဆေးကုသရင်း သြဂုတ် ၄ ရက်နေ့မှာ ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

“၂ ရက်နေ့မှာ ထိတွေ့မှုဖြစ်လို့ ဆေးကုသရင်း ၄ ရက်နေ့မှာ ကျသွားတာ၊ ရုပ်အလောင်းပြန်ကောက်တဲ့အချိန် အခက်အခဲမရှိခဲ့ပါဘူး။ ၄ ရက်နေ့မှာပဲ သဂြိုဟ်ပေးလိုက်တယ်” လို့ Chinland Defense Force , Kalay – Kabaw – Gangaw တပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။

တိုက်ပွဲအတွင်းကျဆုံးခဲ့သည့် CDF – KKG တပ်ရင်း(၂) တပ်စိတ်မှူး မျိုးဇင်အောင် (ခ) ကျီးကန်း

တော်လှန်ရေးအတွက် တပ်စိတ်မှူး မျိုးဇင်အောင်ရဲ့ ပေးဆပ်ခဲ့မှုအပေါ် CDF – KKG အနေနဲ့ အထူးလေးစားဂုဏ်ပြုကြောင်း၊ ကျန်ရစ်သူမိသားစုတွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း Chinland Defense Force , Kalay – Kabaw – Gangaw တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ Van Lal ၊ ရဲဘော် စိုးကိုထွေး (ခ) လုံးမောင်၊ ရဲဘော် Josep Thang၊ ရဲဘော် Thian Ro Piang (ခ) Piang Tawi ၊ ရဲဘော်မျိုးကိုကို၊ ရဲဘော်လင်းအောင်တို့ တော်လှန်ရေးအတွက် အသက်ပေးဆပ်သွားခဲ့ပါသေးတယ်။

 

0 Shares:
You May Also Like
Read More

မန္တလေးတိုင်းတွင် ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၆၅ ဦး သေဆုံးခဲ့

မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ် ပထမ ၆ လတာခန့်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၆၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မဲပလီဗျူဟာသိမ်းတိုက်ပွဲအတွင်း ဟောင်ဝစ်ဇာအပါ လက်နက်ကြီးငယ် (၄၂) လက်ခန့် သိမ်းဆည်းရရှိ၊စစ်တပ်က ဗိုလ်မှူး (၁) ဦးနဲ့ ဗိုလ်ကြီး (၁)ဦး အပါအဝင် (၂၉) ဦး သေဆုံးကာ (၂၉) ဦး သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း KNU တရားဝင်ထုတ်ပြန်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအုပ်စု၊ မဲပလီကျေးရွာမှာ ဝင်ရောက်ကျူးကျော် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ ၈ လက်အောက်ခံ မဲပလီဗျူဟာစခန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုကို ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို)က ဒီနေ့မှာ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် – DKBA ရဲ့ နှစ် ၃၀ ပြည့် တပ်မတော်နေ့အခမ်းအနား…

ကရင်ပြည်နယ်၊ ဆုံဆည်းမြိုင်ကျေးရွာရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် - DKBA ရဲ့ ဌာနချုပ်မှာ နှစ် ၃၀ ပြည့်တပ်မတော်နေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ရပ်စောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၀ ယောက်အတွက် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ လွယ်ဟောင်ရွာအတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၀ ယောက် ဆေးကုသမှုအတွက် အကူအညီ လိုအပ်နေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
Read More

ဘိလပ်မြေစျေးတင်ရောင်းတဲ့ ဆိုင် ၆၀ ကို စစ်ကောင်စီက အရေးယူ

ဈေးကွက်အတွင်းမှာ ဘိလပ်မြေဝယ်လိုအား မြင့်တက်နေချိန် ဈေးတင်ရောင်းတဲ့ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်(၆၀)ကျော်ကိုတည် ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
Read More

Spring Warriors Column က တန်ဆောင်တိုင်အမှတ်တရ အားကစားပြိုင်ပွဲတွေ ပြုလုပ်ခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖာပွန်ခရိုင် တပ်ရင်း ၁ ၊ Spring Warriors Column (ရိုးမဗျူဟာ) - P 27001 က တန်ဆောင်တိုင်အမှတ်တရ အားကစား ပြိုင်ပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။