တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ စစ်ကော်မရှင်ရဲ့ တမိုင်းတောင်စခန်းကုန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU – Mergui-Tavoy District က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၇ ရက်က ပုလောမြို့နယ် အောင်ပူကျေးရွာအုပ်စုရှိ စစ်ကော်မရှင်ရဲ့ ခလရ ၂၈၅ တပ်ရင်း တပ်စွဲထားတဲ့ တမိုင်းတောင်စခန်းကုန်းအား အကြမ်းဖက်စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစခန်းကို တော်လှန်ရေးတပ်တွေက ရိက္ခာဖြတ်တောက်ပိတ်ဆို့ထားခဲ့ပြီး ၁ လကြာမှာ အကြမ်းဖက်စစ်သားတွေ စခန်းကို စွန့်ခွာထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ကရင်အမျိုးသားကာကွယ်ရေးတပ် K.N.D.O တပ်ရင်း(၇) တပ်ခွဲ(၅)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.Aအထူးတပ်ဖွဲ့က တမိုင်း‌တောင်စခန်းကုန်းကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီး ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – Tha Sein

0 Shares:
You May Also Like
Read More

ရွှေဘို-မြစ်ကြီးနား လမ်းမကြီးပေါ်မှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်မှာ အထိုင်ချထားတဲ့ စစ်ကော်မ ရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Air Force One အဖွဲ့ထံက သိရပါတယ်။
Read More

ပြည်သူများ၏ ဆေးဝါးကူညီပံ့ပိုးမှုများကို ရှေ့တန်း သွားရောက်ပို့ဆောင်ခဲ့သည့် မှတ်တမ်းရုပ်သံ မိုးကုတ်ပကဖ ထုတ်ပြန်

ရှေ့တန်းရဲဘော်တွေအတွက် လိုအပ်နေတဲ့ ဆေးဝါးတွေကို ပြည်သူတွေရဲ့ ကူညီထောက်ပံ့ပေးမှုနဲ့ သွားရောက်ပို့ဆောင်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို မိုးကုတ်မြို့နယ်ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

မြစ်ခြေနဲ့ ကမ္မလမ်းကြောမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မြစ်ခြေနဲ့ ကမ္မလမ်းကြောမှာ ဒီဇင်ဘာ ၂၉ ရက်က အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦး သေ၊ အထိနာသွားသည့် စစ်ကောင်စီတပ်က ရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အင်အား ၂၀၀ ခန့်နဲ့ မြိုင်မြို့နယ်ဘက်သို့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၇ ယောက်သေဆုံးခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)

''မန္တလေးမြို့တော်ကြီးနဲ့တကွ တနိုင်ငံလုံး လွတ်မြောက်ဖို့ ကျနော်တို့ ပြည်သူအားလုံးမှာ တာဝန်ရှိကြပါတယ်။ ပြည်သူအားလုံး ကျရာကဏ္ဍ၊ နိုင်ရာ တာဝန် တိုက်ပွဲမျက်နှာစာအသီးသီးကနေ တော်လှန်ရေးမှာ အစွမ်းကုန် ဆက်လက် ပါဝင်ကြဖို့ နှိုးဆော်လိုက်ပါတယ်ဗျို့''လို့ ဒေါက်တာ တေဇာဆန်းက ဆိုပါတယ်။
Read More

နိုင်ငံပေါင်းစုံ ဆုတောင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပြီး မိသားစုနှင့် ပြန်လည်ဆုံဆည်းနိုင်ရန် ဖြူဖြူကျော်သိန်း ဆုတောင်း (ရုပ်/သံ)

ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့ နိုင်ငံပေါင်းစုံဆုတောင်းပွဲမှာ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပြီး လွတ်မြောက်ခြင်းနဲ့အတူ မိသားစုနဲ့ ပြန်လည်ဆုံဆည်းနိုင်စေဖို့ ဆုတောင်းပေးခဲ့ပါတယ်။