တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ မလိဝမ်းကျေးရွာ ရဲစခန်းနဲ့ အမှတ် (၅၈၂) ခြေမြန်တပ်ရင်းတို့ အလစ်အငိုက် တိုက်ခိုက်ခံရပြီး တိုက်ပွဲအတွင်း ထိခိုက်သေဆုံးခဲ့တဲ့ စစ်သားနဲ့ ရဲတွေရဲ့ သတင်းကို အကြမ်းဖက်စစ်တပ်က ဖုံးဖိထားကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကို ပြောပါတယ်။

အထက်ပါ ရဲစခန်းနဲ့ ခြေမြန်တပ်ရင်းက စစ်အုပ်စုတွေကို ဩဂုတ်လ (၁၂) ရက် မနက်အစောပိုင်းမှာ  ကော့သောင်းပကဖတပ်ဖွဲ့ဝင်တွေက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း အရာရှိ ၁ ယောက်သေဆုံးပြီး စစ်သားနဲ့ ရဲ ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ရဲ့ အဆောက်အဦးနဲ့ ဘန်ကာတွေ ထိခိုက်ပျက်စီးစေဖို့အတွက် ပကဖတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေ ပစ်ခတ်နိုင်ခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ကော့သောင်းပကဖ က ထုတ်ပြန်ပါတယ်။

အဆိုပါ စစ်အုပ်စု စခန်း၂ခုဟာ ၁မိုင်ခန့်သာ ကွာဝေးတာကြောင့်  တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရပြီး အလျင်အမြန်ပစ်ခတ်ကာ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ကော့သောင်း ခရိုင်ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က အရာရှိတစ်ယောက် သေဆုံးပြီး ထိခိုက်သေဆုံးတဲ့ စစ်သားနဲ့ ရဲတွေရဲ့ စာရင်းကိုလည်း စစ်အုပ်စုက ဖုံးဖိထားကာ လုံခြုံရေးတွေ တင်းကြပ်လိုက်ကြောင်း သိရပါတယ်။

“သေတဲ့အရာရှိက တပ်ရင်းကလား ရဲစခန်းကလားဆိုတာတော့ မသိရသေးဘူး။ သေတယ်။ မီးသဂြိုဟ်တယ်၊ ဒီလောက်ပဲသိရတာပါ။ နောက်ပြီး သူတို့က သူတို့ဘယ်လောက်သေသေ သတင်းဖုံးတယ်။ မိုးလင်းတာနဲ့ လမ်းတွေပိတ်ပစ်လိုက်တယ်။ အဲ့တော့ အတိအကျ သတင်းမရဘူး။ သေချာတာတစ်ခုကတော့ သေတာတွေရှိတယ်။ ဘန်ကာတွေပြိုတာ၊ ရဲစခန်းပြိုတာတွေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိတယ်။ ကျနော်တို့က အလစ်ငိုက်ဝင်ပစ်တာကလည်း အချိန်ကောင်းဆိုတော့ ဖိပစ်နိုင်ခဲ့တယ်။ သူတို့သိပ်ပြီး ပစ်ခွင့်မရလိုက်ဘူး” လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကိုပြောပါတယ်။

သူကပဲဆက်လက်ပြီး “တိုက်ပွဲဖြစ်ပြီးလို့ မိုးလင်းတာနဲ့ လမ်းကြောင်းတွေ အကုန်ပိတ်လိုက်တယ်။ အစစ်အဆေး အတားအဆီးတွေ လုပ်တယ်။ သူတို့ကို မြင်နိုင်လောက်တဲ့နေရာတွေကို သွားလာခွင့်မပေးဘူး။ ထိခိုက်ဒဏ်ရာရတဲ့ကိစ္စတွေကိုလည်း တိုးတိုးတိတ်တိတ် လုပ်ကြတာပါ” လို့ ဆိုပါတယ်။

လက်ရှိအခြေအနေတွေအရ ကော့သောင်းမြို့နယ်အတွင်း စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေ ထုတ်ပြန်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို အထူးဂရုပြုလိုက်နာပြီး စစ်ရေးအသိ စစ်ရေးသတိ အမြဲရှိဖို့ ကော့သောင်း ပကဖ က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တရားဥပဒေစိုးမိုးရေး အလေးထား ပူးပေါင်းဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်း

လက်ရှိ တော်လှန်ရေးကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကို အလေးထား ပူးပေါင်းဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် တရားဝင် လူသတ်လိုင်စင် မရစေဖို့ မဲမပေးကြရန် KNU နှိုးဆော်

အကြမ်းဖက်စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲထည့်ပြီး စစ်တပ်ကို တရားဝင် လူသတ်လိုင်စင် မပေးဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မလုပ်မိစေဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နှိုးဆော်လိုက်ပါတယ်။
Read More

စဉ့်ကူးမြို့ကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

အာဏာသိမ်း စစ်တပ်က စဉ့်ကူးမြို့ပေါ် ကို ဒီနေ့ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်က မောင်းကိုအတည်ပြုပြောကြားပါတယ်။
Read More

မြဝတီမှာ လူငယ်များကို ပေါ်တာဆွဲပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းနေ

အကြမ်းဖက်စစ်တပ် ပြန်လည်အုပ်ချုပ်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တစ်ယောက်ကို သိန်း ၁၀၀ နဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တလုပ်မြို့ရွာတွင် ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၂ ဦးသေပြီး ထိခိုက်သူများလည်း ရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ရွာမှာ ကင်းပတ်ထွက်တဲ့ စစ်ကောင်စီတပ်သားတွေကို ရှောင်တခင်ပစ်ခတ်တိုက်ခိုက်ရာ ၂ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀) ဗုံး ၂ လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅၀) ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။