မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေးကို ဆောင်ရွက်နေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) အဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၀ ယောက်ကို စစ်ကော်မရှင်က ဖမ်းဆီးထားအမှုအပေါ် အမြန်ဆုံးပြန်လွှတ်ပေးဖို့ အရပ်ဘက် အလုပ်သမားအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်၊ ည ၉ နာရီဝန်းကျင်အချိန်မှာ STUM အဖွဲ့ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးကို သူ့ရဲ့ နေအိမ်မှာပဲ ဝင်ရောက်ဖမ်းဆီးပြီးနောက် အောင်သပြေစစ်ကြောရေး ၉ မိုင်အနီး အကူ (၁) မှာ ထိန်းသိမ်းချုပ်နှောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာ ဇူလိုင်လ ၂၇ ရက်နေ့မှာ သမဂ္ဂခေါင်းဆောင် မသင်းထက်စံ အပါအဝင် အဖွဲ့ဝင် ၈ယောက်ကိုလည်း စစ်ကော်မရှင်တပ်တွေက STUM ရုံးမှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“အခု အဖမ်းခံထားရတာ ၁၀ဦး ဟုတ်ပါတယ်။ လာမယ့် ၂၀ ရက်နေ့ကို ရုံးထုတ်မယ်ကလွဲပြီး ကျန်တာ မသိရသေးပါဘူး။ အစကတော့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရတယ်၊ အခုကတော့ တွေ့ခွင့် မရတော့ဘူးကြားတယ်” လို့ အမည်မဖော်လိုတဲ့ အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ယောက်က မောင်းကို ပြောပါတယ်။

အလုပ်သမားအဖွဲ့အစည်းတွေရဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံက အလုပ်သမားတွေဟာ လုပ်ငန်းခွင်တွေမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ လုပ်အားခေါင်းပုံဖြတ်ခံရတာတွေ၊ အတင်းအဓမ္မခိုင်းစေခံရတာတွေ၊ ခွဲခြားဆက်ဆံခံရတာတွေကို ရင်ဆိုင်ကြုံတွေ့နေရပြီး အခုလို အလုပ်သမားတွေရဲ့ အခက်အခဲတွေအတွက် ကူညီဖြေရှင်းနေတဲ့သူတွေကို ဖမ်းဆီးမှုအပေါ် ပြင်းထန်စွာ ရှုံ့ချတယ်လို့ ဆိုထားပါတယ်။

STUM အဖွဲ့ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး

ဒါ့အပြင် အခုလုပ်ရပ်ဟာ အခြေခံအလုပ်သမားလူတန်းစားတွေအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေပါခံစားခွင့်တွေနဲ့ လုပ်ငန်းခွင်ကို အဟန့်အတားဖြစ်စေတာကြောင့် ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားတာ ဖြစ်ပါတယ်။

စစ်ကော်မရှင် ဖမ်းဆီးထားတဲ့ အလုပ်သမားအရေးဆောင်ရွက်သူတွေကို အမြန်ဆုံး လွှတ်ပေးဖို့အတွက် ရွှေပြည်သာမြို့နယ် အထည်ချုပ် အလုပ်သမား အဖွဲ့အစည်း၊ GTIG Guohua Glory အထည်ချုပ် အခြေခံ အလုပ်သမားအဖွဲ့အစည်း၊ Gysen အထည်ချုပ် အခြေခံအလုပ်သမားအဖွဲ့အစည်း၊ Golden Colour Fashion အထည်ချုပ် အခြေခံအလုပ်သမားအဖွဲ့အစည်း၊ Bontech အထည်ချုပ် အခြေခံအလုပ်သမားအဖွဲ့အစည်းနဲ့  True Green ကော်စေ့စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်းတို့က ပူးတွဲ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့မှာ ဖမ်းဆီးခံထားရသူ ၁၀ ယောက်ကို ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁) (စ) (ဆ) တို့နဲ့ သီးခြားစီ အမှုဖွင့် စွဲဆိုထားပြီး မြို့နယ်တရားရုံး (၃) ရုံးကနေ  ချုပ်ရီမာန်ပေးထားတယ်လို့ ကနဦး သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းကွန်းဒေသတွင် သေဆုံးသူ ၄၀ ကျော်ရှိနေပြီဖြစ်ပြီး စိုးမိုးနယ်မြေအတွင်း ကယ်ဆယ်ရေးများ လုပ်ဆောင်နေကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ပြော

ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူ အယောက် ၄၀ ကျော် ရှိနေပြီးဖြစ်တဲ့ မင်းကွန်းဒေသက တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းနှင့်ကျောက်တော်မြို့မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၁၀ နှစ်အောက် ကလေးငယ် ၂ ဦးအပါ ၁၄ ဦး သေဆုံးကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ရသေ့တောင်နဲ့ ကျောက်တော်မြို့တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၁၄ ယောက် သေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ရေးလှုပ်ရှားနေသည့် ပဲခူးခရိုင် PDF အမှတ် ၂ တပ်ရင်း ရဲဘော်များ…

ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း (P2-3702) ၊ တပ်ခွဲ ( ၂ ) က ရဲဘော်တွေရဲ့ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် မြေပြင်စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို တော်လှန်ရေးတပ်များ ဖမ်းမိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ မြောင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်က စစ်သား ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဘုန်းကြီးကန်ကျေးရွာမှာ စစ်ကြောင်းထိုးခြင်းမရှိ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့ထံက သိရပါတယ်။
Read More

ပဲခူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၂) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။