ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်နိမိတ် တင်းမာမှုတွေ ဖြစ်ပွားနေချိန် ထိုင်းကနေ ထွက်ခွာသွားတဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေနေရာမှာ အစားထိုးဖို့ မြန်မာလုပ်သား ၄၂၀၀၀ နဲ့ သီရိလင်္ကာလုပ်သား ၁၀၀၀၀ ခန့်ကို ၂ လအတွင်း ခေါ်ယူသွားမယ်လို့ ထိုင်းအနေနဲ့ စီစဉ်နေပါတယ်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး Pongkawin Juangroongruangkit က လာမဲ့အင်္ဂါနေ့မှာ မြန်မာပြည်က ပထမဆုံး အလုပ်သမားအဖွဲ့ ရောက်လာဖို့မျှော်လင့်ကြောင်း၊ အလုပ်သမား ၄၂၀၀၀ မပြည့်မချင်း ထိုင်းအနေနဲ့ ဆက်လက်ခေါ်ယူမှာဖြစ်ကြောင်း၊ အလုပ်သမားရှားပါးနေတဲ့ လုပ်ငန်းအားလုံးကို ဖြန့်ထားမှာဖြစ်ကြောင်း ပြောဆိုပါတယ်။

သီရိလင်္ကာက လာမဲ့သူတွေကိုတော့ သီရိလင်္ကာနဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးဖို့ ၎င်းတို့အနေနဲ့ လုပ်ဆောင်နေကြောင်း၊ အစောပိုင်းမှာ သီရိလင်္ကာလုပ်သား ၁၀၀၀၀ ခေါ်ယူမှာဖြစ်ပြီး ကမ္ဘောဒီးယားတွေနေရာမှာ အစားထိုးဖို့ နောက်ထပ် ၃၀၀၀၀ ကိုလည်း ရွေးချယ်မှာဖြစ်ကြောင်း Pongkawin က ပြောပါတယ်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ နီပေါနိုင်ငံတို့က အလုပ်သမားတွေကို ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်နိုင်စေဖို့ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ စီစဉ်ထားတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိ လုပ်သားပြတ်တောက်မှုကို ရှောင်ရှားဖို့အတွက် နယ်စပ်ဂိတ်ပိတ်ပြီး ထိုင်းမှာ သောင်တင်နေတဲ့ အထောက်အထားရှိ ကမ္ဘောဒီးယားတွေကို လူသားချင်းစာနာမှု အခြေအနေအရ ၆လအထိ ဆက်လက်အလုပ်လုပ်ခွင့်ပြုမယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
0 Shares:
You May Also Like
Read More

AA ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ပေးရန် အာဂျင်တီးနားတရားရုံးထံ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း တောင်းဆို

အာရက္ခတပ်တော် (AA) ရဲ့ ခေါင်း‌ဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်နဲ့ အမိန့်ပေးကွပ်ကဲမှုတွေမှာ ပါဝင်သူတွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း (BROUK) က အာဂျင်တီးနား ဖက်ဒရယ်တရားရုံးကို တောင်းဆိုလိုက်တယ်လို့ စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် ဂျပန် ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို NUG ကိုယ်စားလှယ် တက်ရောက်

ဂျပန်နိုင်ငံမှာ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးတဲ့ ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ် ဦးစောဘလှသိန်းနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဂျပန်နိုင်ငံရေးပါတီအမတ်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဂျပန်နိုင်ငံရှိ နိုင်ငံရေးပါတီတွေက လွှတ်တော်အမတ်တွေ တွေ့ဆုံခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။ ဂျပန်နိုင်ငံရောက်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဒီဇင်ဘာ ၁ ရက်နဲ့ ၂ရက်နေ့မှာ ဂျပန်နိုင်ငံက လက်ရှိအာဏာရ နိုင်ငံရေးပါတီအပါအဝင် ပါတီ ၄ခုနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဂျပန်လွှတ်တော်အတွင်း တင်ပြနိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

အာဆီယံ၏ တည်မြဲမှုအတွက် ခိုင်မာသည့် ပြည်သူ့ဗဟိုပြုချဉ်းကပ်မှု လိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

အာဆီယံအဖွဲ့ဟာ တည်မြဲနေမယ်ဆိုပေမယ့် ပြောင်းလဲလာတဲ့ ကာလနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ၂၀၄၅ ခုနှစ်အတွက် မျှော်မှန်းချက်တွေ ပြည့်မီစေဖို့ ရှေ့ဆက်လုပ်ဆောင်ရာမှာ ပြည်သူ့ဗဟိုပြု ချဉ်းကပ်မှုကို ခိုင်ခိုင်မာမာ ကျင့်သုံးသွားရမှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ပြောပါတယ်။
Read More

စစ်ခေါင်းဆောင်နဲ့တွေ့ခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ အောက်တိုဘာလ ၂၉ ရက်အင်္ဂါနေ့က ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။
Read More

ဘန်ကောက်မှ ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်တဆမှုအတွင်း မြန်မာလုပ်သားတစ်ဦး သေဆုံး 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဇွန်လ ၈ ရက်နေ့က မတော်တဆမှု ဖြစ်ပွားခဲ့တာကြောင့် အသက် ၃၉ နှစ်အရွယ် မြန်မာလုပ်သားတစ်ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။