မန္တလေးအိုးဘိုအကျဉ်းထောင်ရဲ့ အမျိုးသားအဆောင်နေရာကို ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် နိုင်ငံရေး အကျဉ်းသား (၇) ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် PPNM ကနေ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက် မနက်ပိုင်းက အိုးဘိုအကျဉ်းထောင် အမျိုးသားအဆောင် ၄ နဲ့ အဆောင် ၆ အပေါ်ကို အမည်မသိအဖွဲ့တစ်ခုကနေ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဗုံးသီးချတိုက်ခိုက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ၇ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ PPNM က စုံစမ်းသိရှိထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဒရုန်းကြဲတဲ့ အဖွဲ့ကို ကျွန်တော်တို့ အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီက ကြဲတာလား… တော်လှန်ရေးအင်အားစုတွေက ကြဲတာလား ဆိုတာကို တိတိကျကျ ပြောဖို့ အခက်အခဲရှိပါတယ်၊ ကျွန်တော်တို့ အချက်အလက် ရရင်တော့ တရားဝင်ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ဒရုန်နဲ့ကိုမှ Drop ဗုံးချခဲ့တာ ဖြစ်ပါတယ်” လို့ PPNM မှ ကိုသိုက်ထွန်းဦးက မောင်းသတင်းဌာနကို ပြောပါတယ်။

အခုလို ဗုံးကြဲမှုနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဘက်ကတော့ ငြင်းဆိုထားသလို နိုင်ငံရေးအကျဉ်းသားတွေကိုလည်း အခုဖြစ်စဉ်မှာ ပါဝင်ပတ်သက်တယ်ဆိုပြီး စွပ်စွဲ ရိုက်နှက်စစ်‌ဆေးမှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ကိုသိုက်ထွန်းဦးက ဆက်လက်ပြီး “ဘယ်လို အကြောင်းပြချက်ပဲ ပေးပါစေပေါ့နော်… တော်လှန်ရေးဘက်ကသော်လည်းကောင်း၊ စစ်ကောင်စီဘက်ကသော်လည်းကောင်း၊ ကျွန်တော်တို့ အကျဉ်းသားတွေကို တိုက်ခိုက်မှုကို ဘယ်နည်းနဲ့ မဆို ကန့်ကွက် ရှုတ်ချပါတယ်” လို့ ဆိုပါတယ်။

မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အသက်ရှင်သန်ပိုင်ခွင့် အပြည့်အဝရရှိရမယ့် သူတွေဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်ဟာ စစ်ရေးပစ်မှတ် လုံးဝ မဟုတ်ဘဲ အခုလို တိုက်ခိုက်မှုတွေကို PPNM အနေနဲ့ အပြင်းအထန် ကန့်ကွက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူသားတစ်ဦးအနေနဲ့ ရရှိရမယ့် အသက်ရှင်သန်ပိုင်ခွင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်နိုင်ဖို့အတွက်လည်း PPNM အနေနဲ့ ဘယ်လို့နည်းလမ်းနဲ့မဆို ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးထားပါတယ်။
0 Shares:
You May Also Like
Read More

ကရင်နီဒေသက ရေဘေးသင့်ပြည်သူတွေကို KNDF တပ်ရင်း ၅ က ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီဒေသက ရေဘေးသင့်ပြည်သူတွေအတွက် Karenni Nationalities Defense Force B - 05 (ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၅) က ရဲဘော်တွေက Lose and Hope အဖွဲ့သားတွေနဲ့အတူ သွားရောက် ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်သူများကို အရေးယူရာတွင် ပူးပေါင်းသွားမည်ဟု KNDF ထုတ်ပြန်

အဆိုပါ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့သူတွေရဲ့ လုပ်ရပ်တွေကို KNDF အနေနဲ့ ဖြစ်ရပ်၊ သက်သေတွေကို သိမ်းဆည်းထားပြီး ကျူးလွန်သူတွေအားလုံးကို ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNDF က ဆိုပါတယ်။
Read More

TNLA ရဲတပ်ဖွဲ့ဝင်တွေ နမ့်ခမ်းမြို့မှာ ကင်းလှည့်နေတဲ့ပုံရိပ်တွေ ထုတ်ပြန်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ နမ့်ခမ်းမြိုနယ်ရဲတပ်ဖွဲဝင်တွေ ကင်းလှည့်စစ်ဆေးဆောင်ရွက်‌နေမှု မှတ်တမ်းဓာတ်ပုံတွေကို ဒီဇင်ဘာလ ၁၈ ရက် ဒီနေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့ပေါ်တွင် စစ်အုပ်စု ဆိုးဆိုးရွားရွား ပေါ်တာဆွဲဖမ်းဆီးနေ၊ စစ်ရှောင်ဘုန်းကြီးကျောင်းကိုလည်း သေနတ်ဖောက် ဝင်ရောက်ကာ ကျောင်းထိုင်ဆရာတော်ကို ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေသလို စစ်ဘေးရှောင်ဘုန်းကြီးကျောင်းတစ်ခုကိုလည်း သေနတ်ပစ်ဖောက် စီးနင်းခဲ့တယ်လို့ The Voice Of Wetlet Madayar တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

သြဂုတ်လအတွင်း TNLA စိုးမိုးနယ်မြေမှာ စစ်တပ်၏ လက်နက်ကြီးနှင့် ဗုံးကြဲမှုကြောင့် ပြည်သူ ၄၆ ဦး သေဆုံး၊ ၅၅ ဦး ထိခိုက်ဒဏ်ရာရ

သြဂုတ်လတစ်လအတွင်း ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနဲ့ မိုင်းလုံမြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်၊ သီလရှင်၊ ကလေးငယ်အပါအဝင် ပြည်သူ (၄၆) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၆)ပါး၊ သာမဏေ (၆)ပါးအပါအဝင် ပြည်သူ (၅၅)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများကို မြို့နယ် ပကဖ မှ ကူညီထောက်ပံ့… (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ၄ မိုင်၊ မြိုင်သာယာ၊ ၆ မိုင် ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူတွေကို သပိတ်ကျင်းမြို့နယ် ပကဖ ကူညီကယ်ဆယ်ရေး တာဝန်ခံက စက်တင်ဘာလ ၁၉ ရက် မနေ့က အိမ်ထောင်စုပေါင်း (၁၁၄)စုအတွက် (၁) စုလျှင် ဆန် (၃) ပြည်၊ ဆီ (၅၀)သား၊ ကြက်သွန်နီ (၅၀)သား သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။