ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသား ၉၉ ယောက်ကို မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ဆီ ပြန်လည်ပို့ဆောင်လိုက်တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၅ ရက် မနေ့က ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးက ဒုရဲမှူးကြီး Yutitham Phansa-ard ၊ ရနောင်းခရိုင်က စစ်ကော်မရှင် လက်အောက်ခံ မြန်မာနိုင်ငံသား လက်ထောက်အလုပ်သမား သံအရာရှိ မိုးဇော်နဲ့ ရနောင်းခရိုင် နိုင်ငံခြား အလုပ်သမား အေဂျင်စီ ကိုးခုတို့က ရနောင်း-ကိုဆောင်းလမ်းကြောင်းကတစ်ဆင့် ကော့သောင်းမြို့ကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းမှာ ပြစ်ဒဏ်ကျခံနေတဲ့ မြန်မာနိုင်ငံသားတွေကို လတိုင်း အသုတ်လိုက်ခွဲပြီး ကော့သောင်းမြို့ကို ပို့ဆောင်ပေးနေတယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ကလည်း ပြစ်ဒဏ်ကျခံရတဲ့ မြန်မာနိုင်ငံသား ၁၆၂ ယောက်ကို ရနောင်းကနေ ကော့သောင်းလှေဆိပ်ကို ပို့ဆောင်ခဲ့သေးတယ်လို့ ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားပါတယ်။

ထိုင်းကနေ မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်ခံရသူတွေကို ကော့သောင်းဆိပ်ကမ်းမှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မဖမ်းဆီးပြီး စစ်တပ်ထဲ ပို့ဆောင်နေတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

ဓာတ်ပုံ – Ranong Immigration
0 Shares:
You May Also Like
Read More

5.18 ဂွမ်ဂျူးဒီမိုကရေစီတော်လှန်‌ရေး ၄၅ နှစ်မြောက် အောက်မေ့ဘွယ်အခမ်းအနားများကို NUG ကိုယ်စားလှယ်ရုံးနှင့် မြန်မာတော်လှန်လူငယ်များ တက်ရောက်…

တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်းဝင်နေ့ဖြစ်တဲ့ ၁၉၈၀ ခုနှစ် မေလ ၁၈ ရက်မှာ ဂွမ်ဂျူးမြို့ကနေ စတင်ကာ နိုင်ငံအနှံ့ ပျံ့နှံခဲ့တဲ့ ဒီမိုကရေစီတော်လှန်ရေးရဲ့ အောက်မေ့ဘွယ် အခမ်းအနားတွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးရဲ့ ဦးဆောင်မှုနဲ့ နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေက ရဲဘော်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဂျပန်နိုင်ငံ နာဂိုရာမြို့မှာ နွေဦးပွဲတော်နှင့် ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဆုတောင်းပွဲ ပြုလုပ်

ဂျပန်နိုင်ငံ၊ နာဂိုရာမြို့မှာ နွေဦးပွဲတော်ကျင်းပပြုလုပ်ရာမှာ ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် ဆုတောင်းပွဲကိုပါ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

EU က မြန်မာကို ယူရို ၃၃သန်းကျော် ထောက်ပံ့ကူညီမယ်

မြန်မာပြည်တွင်းက တိုက်ပွဲတွေ၊ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရတဲ့ ဒုက္ခသည်တွေကို ယူရို ၃၃ သန်းကျော် ထောက်ပံ့ပေးအပ်သွားမယ်လို့  ဥရောပသမဂ္ဂ  EU က ထုတ်ပြန်လိုက်ပါတယ်။
Read More

ထိုင်ဝမ်အရေး တရုတ်ဘက်က ထောက်ခံရပ်တည်မယ်လို့ အကြမ်းဖက်စစ်အုပ်စု ပြောခွင့်ရ ဇော်မင်းထွန်း ဆို

"ဂျပန်ဝန်ကြီးချုပ်သစ်ရဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ပြောကြားချက်များကို ကျွန်တော်တို့ နိုင်ငံတကာမီဒီယာတွေမှာ တွေ့လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့သဘောထားကတော့ မြန်မာနိုင်ငံ အစိုးရသည် တရုတ်နိုင်ငံရဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိပါတယ်” လို့ ဇော်မင်းထွန်းက ဆိုလိုက်တာပါ။
Read More

မြန်မာငလျင်ဘေးအတွက် ဝမ်းနည်းကြောင်း အရှေ့တီမောနိုင်ငံသမ္မတက NUG ယာယီသမ္မတ ဒူဝါလရှီးလထံ သဝဏ်လွှာပေးပို့ 

ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် စိတ်ထိခိုက် ဝမ်းနည်းရပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်လို့ အရှေ့တီမောနိုင်ငံသမ္မတ José Ramos-Horta က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလဆီ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

အကူအညီတွေ ဖြတ်တောက်မှုနောက် မြန်မာပြည်ရဲ့ ငတ်မွတ်မှု သိသိသာသာ မြင့်တက်လာ

ပြည်တွင်းစစ်ကာလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကူအညီတွေဖြတ်တောက်မှု လုပ်ဆောင်ချက်အပြီးမှာ မြန်မာပြည်ရဲ့ ပဋိပက္ခဒဏ်အခံရဆုံး ဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ငတ်မွတ်ခေါင်းပါးမှု သိသိသာသာ မြင့်တက်လာတာကိုတွေ့ရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ်လ ၁၂ ရက်မှာ ပြောပါတယ်။