ရန်ကုန်မှာ စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ကူညီလုပ်ဆောင်ပေးနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေအပါအဝင် ဌာနဆိုင်ရာနေရာတွေကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်(UG)တွေက ဆက်တိုက်တိုက်ခိုက်လာနေပါတယ်။

သြဂုတ်လအတွင်း လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ အရှေ့ဒဂုံ၊ တောင်ဒဂုံနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ စစ်ကော်မရှင်ရဲ့ ရပ်ကွက်ရုံး၊ ထွေအုပ်ရုံးတွေအပြင် ရဲစခန်းလိုနေရာတွေကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ​ပြောက်ကျား တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်လုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။

အဆိုပါတိုက်ခိုက်​မှုတွေဟာ အကြမ်းဖက်စစ်ကော်မရှင်ရဲ့အတုအယောင် ရွေးကောက်ပွဲကို အား​ပေးအားမြှောက်ပြုလုပ်ပေးတဲ့ စစ်အုပ်စုလက်ပါးစေတွေကို ​ရည်ရွယ်တိုက်ခိုက်တာဖြစ်တယ်လို့လည်း မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက တရားဝင် ထုတ်ပြန်ထားပါတယ်။

” ရွေးကောက်ပွဲဖြစ်မြောက်ဖို့ လုပ်နေတဲ့ နေရာတွေ အခုလထဲမှာ တိုက်ခိုက်ခံရတာတွေ ပိုဖြစ်လာတာ တွေ့ရပါတယ်။ နောက်ပြီး UG တွေရဲ့ မစ်ရှင်ထုတ်ပြန်ချက်တွေမှာလည်း စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ကြိုးပမ်းနေသူတွေကို ဆက်တိုက် တိုက်ခိုက်သွားမယ်လို့ ပြောထားကြတယ်” လို့ Rangoon Scout Network တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

သြဂုတ်လ ၁၄ ရက် ညပိုင်းကလည်း လှိုင်သာယာမြို့နယ်၊ ၁၄ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြကြွက်ကွန်ယက်နဲ့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြင်းအားမြင့်မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့လို့ လုံခြုံရေးယူနေတဲ့ ပျူစောထီး ၂ ယောက်နဲ့ရဲ ၁ ယောက် မီးလောင်ဒဏ်ရာရရှိသွားပြီး အရေးပေါ် ဆေးရုံတ​က်ရောက်ကုသခဲ့ရကြောင်း သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအပြီး စစ်အုပ်စုလက်ပါးစေတွေက အရပ်သားလူငယ် ၂ ယောက်ကို စွပ်စွဲဖမ်းဆီးခဲ့သလို သေနတ်ပစ်ဖောက်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ မြို့ပြကြွက်ကွန်ယက်တာဝန်ရှိသူက ပြောပါတယ်။
အလားတူ သြဂုတ်လ ၁၅ ရက် မနေ့ကညပိုင်းမှာလည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ မင်းရဲကျော်စွာလမ်းနဲ့ အင်းဝလမ်းအနီးက စစ်အုပ်စုရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို Yangon UG People Army အဖွဲ့က လက်ပစ်ဗုံး ၂ လုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှု ၂ခုလုံးဟာ စစ်အုပ်စုလက်ပါးစေအာဏာပိုင်တွေရဲ့ ရွေးကောက်ပွဲအကြို အစည်းအဝေးထိုင်နေချိန်ကို ရည်ရွယ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းဖော်ပြတာလည်းဖြစ်ပါတယ်။

” စစ်တပ်ကတော့ ရွေးကောက်ပွဲ ဖြစ်မြောက်အောင်လုပ်ပြီး သူတို့အာဏာကြာရှည်အောင် လုပ်ကြမှာပဲ၊ အဲ့လို ကြာရှည်အောင်လည်း အုပ်ကြီးတွေကပဲ လုပ်ပေးနေကြတာ။ အဲ့အတွက် ဆက်လက်ပြီးလည်း တိုက်ခိုက်သွားမှာပါ” လို့ Yangon UG People Army တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

တစ်ဖက်မှာလည်း ဒီလိုမျိုးတိုက်ခိုက်ခံရမှုတွေကြောင့် စစ်အုပ်စုဘက်က လုံခြုံရေးတိုးမြှင့်တာမျိုးတွေ၊ အကြောက်တရားဝင်အောင် လူမှားဖမ်းဆီးရင်း နှိပ်စက်ပြတာမျိုးတွေ ပိုမိုလုပ်ဆောင်လာတယ်လို့လည်း သိရပါတယ်။

“အခု တစ်ချို့ဆို ရုံးတံခါးတွေပိတ်ပြီး လုပ်ကြတယ်။ ပျူတွေကလည်း အရပ်ဝတ်နဲ့ပဲ လုံခြုံရေးယူကြတယ်ပေါ့။ မြို့ပြပျောက်ကျားတွေကို ကြောက်လို့ပါ။ အခုက စစ်တပ်က ခိုင်းတော့ တစ်ချို့အုပ်ကြီးတွေလည်း မလုပ်ချင်ပေမယ့်လုပ်ကြရတယ်။ ဒီရွေးကောက်ပွဲက မြို့ပြပျောက်ကျားတွေရော၊ ပြည်သူတွေရော လက်မခံဘူးလေ။ ” လို့ ရန်ကုန်အခြေစိုက် ပြောက်ကျားတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောခဲ့ပါတယ်။

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ (သြဂုတ်) ၁ ရက်ကစလို့ လာမယ့် ၆လအတွင်းအတုအယောင်ရွေးကောက်ပွဲကို ဖြစ်မြောက်အောင်လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ထားတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မအူပင်မြို့၊ ၁ရပ်ကွက် မြို့အဝင်တံတားပေါ်မှာ ယာဥ်တိုက်မှုဖြစ်ပြီး မြေတိုင်းစာရေးတစ်ဦးသေဆုံး

မအူပင်မြို့၊ အမှတ် ၁ရပ်ကွက် မြို့အဝင်တံတားပေါ် မှာ ယာဥ်မတော်တဆဖြစ်ပြီး၊ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

မုံရွာ နမခမှ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ‌ တော်လှန်ရေးတပ်ဖွဲ့ထံကို လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ဒို့အရေးချန်နယ်ဆီက သိရပါတယ်။
Read More

ဝမ်းတွင်းမှာ ကင်းလှည့်ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

ရန်ကုန်-မန္တလေးလမ်းဟောင်း ဝမ်းတွင်းမြို့အနီး လိန်ပင်ရွာထိပ်မှာ ဆက်ကြေးကောက်ခံနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ၅ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မြို့သိမ်းတိုက်ပွဲအပြီး စစ်​အုပ်စုက အင်အားထပ်မံဖြည့်တင်းလျက်ရှိကာ တော်လှန်ရေးတပ်များနှင့် ထိတွေ့မှုများဆက်ရှိနေ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ စစ်အုပ်စုက မြို့အတွင်း စစ်ကြောင်းအင်အားတွေထပ်မံဖြည့်တင်းနေပြီး တော်လှန်ရေးတပ်တွေနဲ့လည်း ထိတွေ့မှုတွေဆက်ရှိနေတယ်လို့ BDF -Budalin Defense Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်က ၁၀ ယောက် ထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ Special Operation Group - SOG က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန် PDF တပ်ရင်း ၅၁၀၂ တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် ရဲဘော် ပူတင်း ကျဆုံး 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တပ်ရင်း ၅၁၀၂ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော်ပူတင်းဟာ စက်တင်ဘာ ၃ ရက်မှာ ကျဆုံးခဲ့တယ်လို့ ရန်ကုန်တပ်ရင်း ၅၁၀၂ က မနေ့က ထုတ်ပြန်ပါတယ်။