တနင်္သာရီတိုင်း ၊ ပုလောမြို့နယ် ၊ ပလမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဇူလိုင်လ ၂၄ ရက်နေ့ကနေ ဩဂုတ်လ ၁၄ ရက်အထိ အပြန်အလှန် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်သားတွေဟာ ပလမြို့အနီး အင်အားစုဖွဲ့ထားပြီးနောက် ဇူလိုင်လ ၂၄ ရက်မှာ ပလမြို့ကို စစ်ကြောင်းထိုးလာချိန်ကစလို့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အပြန်အလှန် ထိတွေ့ပစ်ခတ်မှု တိုက်ပွဲကြီး ၉ ကြိမ်နဲ့ တိုက်ပွဲငယ်များစွာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကော်မရှင်တပ်က (၅၃) ယောက် သေဆုံးပြီး (၄၈) ယောက်ထိမှန်ဒဏ်ရာရရှိခဲ့သလို တိုက်ပွဲဖြစ်ပွားချိန်တွေမှာလည်း အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ခတ်မှု (၁၁) ကြိမ် ၊ ရေတပ်စစ်သ‌င်္ဘောကနေ (၂၆) ကြိမ် ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

” ထိတွေ့မှု တော်တော်များများက ပလမြို့ထဲမှာပဲ ဖြစ်ခဲ့တယ်။ သေဆုံးမှုတွေကို မျက်မြင်၊ အလောင်းရရှိမှုနဲ့ ခိုင်မာတဲ့ သတင်းပေးတွေဆီကနေ ရတဲ့ အချက်အလက်တွေနဲ့ အတည်ပြုပါတယ်ဗျ။ လေကြောင်းပစ်ကူက နေ့စဉ်လိုလို ရှိတယ်။ နောက်ဆုံး ၁၂ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ရှိခဲ့တယ်” လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ် ။
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူမှုတွေကြောင့် အရပ်သား (၁၈) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၂) ပါး ပျံလွန်တော်မူခဲ့သလို တော်လှန်ရေးတပ်တွေက တိုက်ပွဲအတွင်း ပလမြို့ထဲမှာ ပိတ်မိနေတဲ့ အရပ်သား (၃၂၉) ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ရဲဘော် (၃) ယောက်နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်(KNDO) ရဲဘော် (၁) ယောက် ကျဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် (၁၉) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ကနေ ပစ္စတို (၁) လက်၊ MA-1 ရိုင်ဖယ် (၂)လက်၊ RPG-7 (၁) လက်၊ ဗုံးသီးတွေနဲ့ ဒရုန်း (၁) စီးတို့ကိုလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ် ။

အဆိုပါတိုက်ခိုက်မှုတွေကိုတော့ ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် (၃၄)၊ (၃၅) နည်းဗျူဟာ လက်အောက်ခံတပ်ရင်းတွေနဲ့ တနင်္သာရီတိုင်းစစ်ဌာန ဒရုန်းတပ်ရင်း၊ တနင်္သာရီတိုင်းပကဖ၊ ပုလောမြို့နယ်ပကဖ၊ ပလဖ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း (၇)၊ (KNLA)တပ်မဟာ (၄) အထူးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဘုတ်ပြင်းမှ လေညာဘက် လာသည့် စစ်ယာဥ်တန်း တိုက်ခိုက်ခံရ၊ ဗိုလ်မှူးအပါ အယောက် ၂၀ ကျော် သေပြီး ပြန်ထွက်ပြေး

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့ကနေ လေညာမြို့ဘက် ဦးတည်တက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ ယာဥ်တန်းကို အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်သားတွေ အများအပြား သေဆုံးကာ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

တိုင်းပြည် ဆင်းရဲတွင်းနက်နေချိန် နေပြည်တော် ရေပန်းဥယျာဉ်ကို ငွေကျပ် (၁၅) ဘီလီယံသုံးပြီး ပြုပြင်မယ့် စစ်ကောင်စီ 

တိုင်းပြည်ဆင်းရဲနေချိန်မှာ လာရောက်လည်ပတ်သူ မရှိသလောက်နည်းပါးတဲ့ နေပြည်တော်က ရေပန်းဥယျာဉ်ကို ငွေကျပ် (၁၅) ဘီလီယံ ကျော်အသုံးပြုကာ အသစ်ပြင်ဆင်မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းမှ စစ်သား ၃ဦး လက်နက်ယူဆောင် အလင်းဝင်လာခဲ့

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သား ၃ ယောက်ဟာ လက်နက်အချို့ကို ယူဆောင်ကာ အလင်းဝင်ရောက်လာတယ်လို့ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၃ လခွဲအတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၈၈ ဦး သေဆုံးခဲ့ဟု AAPP ဆို

အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာပြီး ၃လခွဲတာ ကာလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၈၈ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်သား ၁ဦး ပုလော ပကဖထံ လက်နက်နှင့်တကွ အလင်းဝင် 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကောင်စီတပ်သား ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ပုလော ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မကွေးနှင့် စစ်ကိုင်းရှိ ကျေးရွာများကို တစ်ရက်တည်းမှာပဲ စစ်အုပ်စု လေကြောင်းဗုံးကြဲ၊ ပြည်သူ ၃ ဦး ဒဏ်ရာရကာ နေအိမ်နှင့် စေတီများ ထိခိုက်ပျက်စီး

မကွေးတိုင်း၊ ကမ္မနယ်အနောက်ခြမ်း၊ ပခုက္ကူ − ပေါက် ကားလမ်းမကြီးတစ်လျှောက် သာကြီးတောင် နဲ့ တပ်မတောင်ကြားကို စစ်အုပ်စုက ဇွန်လ ၇ ရက် ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။