မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးက စစ်အုပ်စု တပ်မ (၉၉) လက်အောက်ခံ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား အလောင်း ၂၀ ခန့်နဲ့အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က မှတ်တမ်းရုပ်သံနဲ့အတူ ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ (၁၄) ရက် မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ (၉၉) လက်အောက်ခံတပ်တွေက စွန်တက်ကျေးရွာမြောက်ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မိနစ် (၃၀) ခန့်ကြာမြင့်ခဲ့တဲ့ အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား အလောင်း (၂၀) ခန့်နဲ့အတူ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ AA က ဆိုပါတယ်။

အထိနာပြီး ကစဉ့်ကလျား ဆုတ်ခွါထွက်ပြေးသွားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို အာရက္ခတပ်တော်က လိုက်လံချေမှုန်း တိုက်ခိုက်နေတယ်လို့လည်းဆိုပါတယ်။

အာရက္ခတပ်တော်အနေနဲ့ မျှော်မှန်းထားတဲ့ စစ်ရေးရည်မှန်းချက်တွေ အလုံးစုံ အထမြောက်စေဖို့အတွက် ရန်သူနဲ့ ရင်ဆိုင်ထားတဲ့နေရာတွေအပြင် အပြီးသတ်သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ နေရာတွေမှာ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်က အကြမ်းဖက်စစ်တပ် ထိုးစစ်တွေကို ခုခံဆင်နွှဲနေတဲ့ နေရာတွေဖြစ်တဲ့ ရက္ခိုင်-မကွေးတိုင်းအစပ်၊ ရက္ခိုင်-ပဲခူးတိုင်းအစပ်၊ ရက္ခိုင်- ဧရာဝတီတိုင်း အစပ်တွေနဲ့ အာရက္ခတပ်တော် လှုပ်ရှားအခြေပြုရာ အခြားနေရာတွေမှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ ခုခံစစ်၊ ထိုးစစ်၊ လှုပ်ရှားစစ်၊ ရွေ့လျားစစ်တွေကို ဟန်ချက်ညီညီ အပြည့်အဝ အကောင်အထည်ဖော် လုပ်ဆောင်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မွန်၊ ကရင်၊ တနင်္သာရီ၊ ကရင်နီဒေသတွေမှာ ထိတွေ့တိုက်ပွဲတွေ များပြားလာပြီး လေကြောင်းတိုက်ခိုက်မှုတွေ မြင့်တက်လာ

မြန်မာပြည်တောင်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တော်လှန်ရေးတပ်တွေနဲ့  စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲတွေ သိသိသာသာ မြင့်တက်လာပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း အရေအတွက်များပြားလာကြောင်း Rehmonnya Institute for Civic Engagement - RICE  က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရှမ်းနီအမျိုးသားတပ် SNA တပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ် (SNA) တပ်မဟာ (၆၁၄) က တပ်သားတစ်ယောက် လက်နက်နဲ့တကွအလင်းဝင်ရောက်ခဲ့တယ်လို့ People’s Defence Force Katha District B - 04 ဆီက သိရပါတယ်။
Read More

ဖားကန့်တွင် စစ်တပ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ၊ သေနတ်သံကြောင့် ထွက်ကြည့်တဲ့ ရဲတွေပါ ပစ်ခတ်ခံလို့ ထွက်ပြေးရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ယမ်းချက်စက်ရုံဘက်ကနေ လုံးခင်းကိုလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို သြဂုတ်လ ၂၄ ရက်မှာ KIA/KPDF ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရိက္ခာလာပို့တဲ့စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် စစ်သား ၅ ဦး သေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာဘက်မှ လက်ယက်စခန်းကို ရိက္ခာပို့ဖို့ထွက်လာတဲ့ အင်အား (၃၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး အင်အားစုတွေက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက အသိပေးထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် ဒီဇင်ဘာတစ်လအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ်ထိ ပြုလုပ်ခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ သံဃာတော်တွေအပါအဝင် အရပ်သားပြည်သူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ Wetlet Information Network ကဒီနေ့ ဇန်နဝါရီ ၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်ခရိုင်စစ်သင်တန်းကျောင်းကနေ Dawei Defense Team က ရဲဘော် (၂) ယောက် Sniper အပတ်စဉ် (၁) စစ်သင်တန်းဆင်း… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၄ နယ်မြေ (ထားဝယ်ခရိုင်)စစ်ပညာသင်တန်းကျောင်းကနေ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Dawei Defense Team-DDT) က ရဲဘော် ၂ ယောက်ဟာ Sniper အပတ်စဉ် (၀၁/၂၀၂၄) သင်တန်းကို သင်ကြားတက်မြောက်ခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို အခုလထဲမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ Dawei Defense Team - DDT က ဒီနေ့ ထုတ်ပြန်ထားပါတယ်။