မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တအာင်းတပ်မတော် (TNLA) နဲ့ ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဂေါ်ရခါးလူမျိုး ၈၄ ယောက်ကို အုပ်ထိန်းသူတွေဆီ အပ်နှံခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ အထွေထွေအတွင်း‌ရေးမှူး (၁) ဗိုလ်မှူးချုပ်တားအိုမ်တမာဝ်းနဲ့ ဂေါ်ရခါးပြည်သူတွေ သြဂုတ်လ (၁၄) ရက်မှာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှာ ဗိုလ်မှူးချုပ်တားအိုမ်တမာဝ်းက ဦးဆောင်ပြီး ဂေါ်ရခါးပြည်သူလူထုနဲ့ ဒေသတွင်းအုပ်ချုပ်ရေး၊ သင်ကြားရေးပိုင်းနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို အတူတကွပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဝိုင်းဝန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

PSLF/TNLA အနေနဲ့ မိုးကုတ်မြို့ရှိ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေနဲ့ ဒေသတွင်းတည်ငြိမ်ရေးကို ဆောင်ရွက်နိုင်ဖို့ ဂေါ်ရခါးပြည်သူလူထုကို ဖိတ်ခေါ်ခဲ့ပေမယ့် တပ်ဖွဲ့မှာ စစ်မှုထမ်းဖို့ အဆင်သင့်မဖြစ်သေးတဲ့ ဂေါ်ရခါးလူမျိုး (၈၄) ယောက်ကို တွေ့ဆုံဆွေးနွေးပွဲအတွင်း သက်ဆိုင်ရာတာဝန်ရှိသူနဲ့ မိဘအုပ်ထိန်းသူတွေဆီ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ်တားအိုမ်တမာဝ်း၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်တားဂေါင်ဆဲင်၊ PSLF/TNLA တာဝန်ရှိသူတွေ၊ မြို့နယ်ဌာနဆိုင်ရာတွေနဲ့ ပြည်သူတွေအပါအဝင် စုစုပေါင်းလူဦးရေ (၂၀၀) ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချောက်မြို့ပေါ်ရှိ မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ချောက်မြို့ပေါ် အမှတ် ၁၅ နယ်မြေ စံပြမြို့သစ်ရပ်ကွက်က ​မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြောင်းမြမြို့ ညောင်ပင်လေးဈေး မီးလောင်မှု ဆိုင်ခန်း ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့

ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ အမှတ် ၂ ရပ်ကွက်၊ ၆လမ်းမှာရှိတဲ့ ညောင်ပင်လေးဈေးမှာ ဇန်နဝါရီ ၁၈ ရက် မနေ့က ညပိုင်းမှာ မီးလောင်မှု ဖြစ်ပွါးခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၁၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ခမရ ၅၈၆ တပ်မှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သား ၃ ဦးကို ရေးဘီလူး ထိန်းသိမ်းထား

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခမရ ၅၈၆ တပ်ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၃ ယောက်ကို ရေးဘီလူးတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်ထံက သိရပါတယ်။
Read More

PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ အပတ်စဥ်(၅) အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲ ပြုလုပ်၊ အပတ်စဥ် (၄) သင်တန်းသားတွေက ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) မှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး ၁၂ ယောက် ကျဆုံးခဲ့

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း (Ta’ang Army Officer Training - TAOT) အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ (၁၅)ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကင်းပုန်းဝပ်ဖို့လာရင်း သောက်စားနေတဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပြည်သူ့စစ်သင်တန်းဆင်း ၂ ဦး နေရာတင် သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းပိုင်းက စစ်ကိုင်းတက္ကသိုလ်အနီးမှာ ကင်းပုန်းယူပြီးသောက်စားနေတဲ့ စစ်အုပ်စုတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီး ၂ယောက် နေရာမှာတင် ပွဲချင်းပြီးသေကာ ၁ယောက် အပြင်းအထန် ထိခိုက်သွားတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ပြင်းထန်နေ၊ ပြည်သူများ စစ်ကောင်စီတပ်နှင့် ဝေးဝေးနေဖို့ သတိပေးထုတ်ပြန်…

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေ စစ်ကောင်စီတပ်နဲ့ ဝေးဝေးနေကြဖို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က သတိပေးထုတ်ပြန်ထားပါတယ်။