အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အပါအဝင် ရည်မှန်းချက် ၃ ရပ်ကို အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကို ထောက်ခံနေတဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဩဂုတ်လ ၁၄ ရက် မနေ့က အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံချိန် အခုလို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ရွေးကောက်ပွဲကနေ ရည်မှန်းချက် ၃ ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်သင့်ကြောင်း၊ ပထမဆုံးတစ်ချက်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲပြီး ပြည်သူတွေရဲ့ ဆန္ဒအတိုင်း နိုင်ငံတော်ကို အုပ်ချုပ်ဖို့ တိုက်တွန်းထားပါတယ်။

ဒုတိယအနေနဲ့ အမျိုးသားပြန်လည်သင့်ပြန်ရေးကို လုပ်ဆောင်ပြီး အကျယ်ပြန့်ဆုံး‌သော စည်းလုံးညီညွတ်မှုကို တည်ဆောက်ဖို့၊ တတိယအချက်ကတော့ လူမှုသဟဇာတဖြစ်မှု ဖြစ်ကာ ငလျင်ဘေးအလွန်ကာလ ပြန်လည်ထူထောင်ရေးနဲ့ စီးပွားရေးတိုးတက်မှုကို လုပ်ဆာင်ပြီး ပြည်သူတွေရဲ့ လူမှုဘဝအဆင့်အတန်းကို မြှင့်တင်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဝမ်ယိက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီပြီး ပြည်သူတွေရဲ့ ထောက်ခံမှုရရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းရာမှာ မြန်မာနိုင်ငံကို ထောက်ခံသလို တတ်စွမ်းသမျှ ထောက်ပံ့ကူညီမှုတွေ အစဉ်အမြဲပေးအပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့ မျှော်လင့်မိသလို နယ်စပ်ဖြတ်ကျော်မှုခင်းတွေကိုလည်း နောက်ထပ်တစ်ဆင့်တိုက်ဖျက်ကာ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာအချင်းချင်း ကလဲ့စားချေဖို့ဆိုပြီး လက်နက်စုဆောင်းသူနဲ့ သယ်ယူပေးသူကို ထိုင်းစစ်တပ် ဖမ်းဆီး

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ နေထိုင်သူ မြန်မာနိုင်ငံသားတစ်ယောက်ဟာ မြန်မာအချင်းချင်းကလဲ့စားချေဖို့အတွက် လက်နက်စုဆောင်းနေတုန်းမှာပဲ ဖမ်းဆီးခံခဲ့ရကြောင်း မဲဆောက်မြို့ခံတွေဆီက သိရပါတယ်။
Read More

လေကြောင်းပြပွဲအတွင်း လေ့ကျင့်နေတဲ့ F-16 တိုက်လေယာဉ်ပျက်ကျ (ရုပ်/သံ)

ပိုလန်နိုင်ငံအလယ်ပိုင်းမှာ ပြုလုပ်မယ့် လေကြောင်းပြပွဲတစ်ခုမှာ အစမ်းလေ့ကျင့်ပျံသန်းနေတဲ့ F-16 တိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူး သေဆုံးခဲ့ပါတယ်။ 31st Tactical လေတပ်စခန်းမှာ ပြုလုပ်တဲ့ ဩဂုတ် ၂၈ ရက်နေ့က လေကြောင်းပြပွဲအတွင်း ပိုလန်စစ်တပ်က ဝယ်ယူထား တဲ့ အမေရိကန်နိုင်ငံလုပ် F-16 တိုက်လေယာဉ်ကို လေ့ကျင့်ပျံသန်းရင်း လေယာဉ်ပြေးလမ်းပေါ် ထိုးကျကာ မီးလောင်ပေါက်ကွဲခဲ့ပါတယ်။
Read More

သက်ဆင်ကို အာဆီယံအလွတ်တန်းအကြံပေးအဖြစ် ခန့်အပ်ကြောင်း မလေးဝန်ကြီးချုပ်ကြေညာ

မလေးရှားအနေနဲ့ လာမယ့်နှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အာဆီယံ အလွတ်တန်းအကြံပေးအဖြစ် ခန့်အပ်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ဒီဇင်ဘာလ ၁၆ ရက်မှာ ပြောပါတယ်။
Read More

ဘန်ကောက်က တရားမဝင် ဘားတခုကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း၊ မူးယစ်ဆေး သုံးထားတဲ့ မြန်မာ ၄၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တရားမဝင် ကာရာအိုကေ ဘားတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာမှာ မွေးနေ့ပါတီအတွက် စုဝေးနေကြတဲ့ မြန်မာနိုင်ငံသား ၄၁ ဦးကို မူးယစ်ဆေးသုံးပြီးအခြေအနေနဲ့ တွေ့ရှိရကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
Read More

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်နိုင်ငံများသည် အကြမ်းဖက်မင်းအောင်လှိုင်၏ ရာဇဝတ်မှု မိတ်ဖက်များဟု JFM ထုတ်ပြန်

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုမှတ်တမ်းတွေကို ကုလထံ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့

အာဏာသိမ်းစစ်တပ်က နိုင်ငံတစ်ဝန်း ကျူးလွန်ခဲ့တဲ့  အကြမ်းဖက်မှုမှတ်တမ်းတွေကို  ကုလအတွင်းရေးမှူးချုပ်နဲ့ ကုလကိုယ်စားလှယ်တွေထံ  ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့လိုက်ပြီဖြစ်ပါတယ်။