စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – ကျောက္ကာလမ်းပိုင်းက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်သား အယောက် ၄၀ နီးပါး သေဆုံးပြီး အများစုဟာ စစ်မှုထမ်း(ပစ) တွေဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၈ရက်နေ့ကစလို့ မုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်းနဲ့ ကျောက္ကာ-ဗောဓိတစ်ထောင် လမ်းပိုင်းတွေမှာ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ရင်း ထိတွေ့မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

မုံရွာနမခအပါအဝင် စီးပွားရေးတက္ကသိုလ်ထဲ တပ်စွဲထားတဲ့ စစ်အုပ်စုတွေဟာ အင်အားရာချီအပြင် လူသယ်သံချပ်ကာကားတွေပါ အသုံးပြုပြီး စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

“အဓိကတော့ ဖြတ်လေးဖြတ် သုံးဖို့ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ချင်တာပါ။ မုံရွာ- ကျောက္ကာလမ်းပိုင်းက အဓိကပေါ့။ ဒါပေမယ့် ပါမှာပါ။ သူတို့ စစ်အုပ်ချုပ်ရေး ကြေညာတဲ့ အထဲမှာတော့မပါဘူး။” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

သြဂုတ်လ ၈ရက်နေ့ မနက်ပိုင်းက မုံရွာစီးပွားရေးတက္ကသိုလ်ကနေ အင်အား ၁၅၀နီးပါးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို မုံရွာပကဖနဲ့ တော်လှန်ရေးတပ်တွေက တိုက်မိုင်းတွေ အသုံးပြုတိုက်ခိုက်ရာမှာ ရှေ့ပြေးကင်းထောက်တပ်စိတ်က စစ်သားတွေ ထိခိုက်သေဆုံးခဲ့ကြောင်း၊ အဲ့ဒီနောက် ကျောက္ကာတောင်ရွာ စာသင်ကျောင်းကနေ စစ်သားတွေ ထပ်ထွက်လာချိန်မှာလည်း တော်လှန်ရေးတပ်တွေက ထပ်မံမိုင်းဆွဲခဲ့ကြောင်း သိရပါတယ်။

အလားတူ သြဂုတ်လ ၉ရက်၊ နေ့လယ်ပိုင်းမှာလည်း ရေနံကုန်း လမ်းဆုံနဲ့ ရွှေဂူဖြူ ဘုရားတွေနား တပ်စွဲထားတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ Drop Bomb တွေ ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ညနေပိုင်းနဲ့ ညပိုင်းမှာလည်း ထနောင်းဝင်းကျေးရွာအရှေ့ဘက် ထွက်လာတဲ့ စကစ စစ်ကြောင်းအပါအဝင် အကြမ်းဖက်စစ်သားတွေကို ရွာတုံကျေးရွာ၊ ထနောင်းဝင်းကျေးရွာ အနီးအနား ဝန်းကျင်တွေမှာ တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ရင်း ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ ထိတွေ့တိုက်ပွဲတွေထဲ မုံရွာစီးပွားရေးတက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ အမတ ၅၀၈ တပ်ကနေ လက်နက်ကြီးတွေပစ်ခတ်ခဲ့သလို မုံရွာနမခကနေပါ ပါရာမော်တာတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း မုံရွာပကဖက ပြောပါတယ်။

သြဂုတ်လ ၁၀ရက် နေ့လယ်ပိုင်းမှာလည်း ရွှေဂူနီဘုရားအနီး တပ်ဖြန့်ထားတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ထပ်မံဗုံးကြဲချခဲ့သလို ညနေပိုင်းမှာလည်း ကျောက္ကာမြောက်ရွာအရှေ့ ကန်ကြီးကွေ့အထိ ဖြန့်ဆင်းလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့မှု ဖြစ်ခဲ့ပါသေးတယ်။

တော်လှန်ရေးတပ်တွေဟာ ကျောက္ကာရွှေဂူနီဘုရားအနီးက စစ်ကောင်စီတပ်တွေနဲ့ ကျောက္ကာမြောက်ရွာ မီးသတ်ရုံးနားမှာရှိနေတဲ့ စစ်ကြောင်း Jumper ကားတို့ကို Multiroter ၄ စီး၊ Fixwing ၂ စီးတို့နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းက စစ်ကော်မရှင်ဘက်က ဂျမ်မာကြောင့် Scout Drone ၁ စီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသည့် စစ်ကော်မရှင်တပ်၏ နယ်မြေရှင်းလင်းရေး အစီအမံပြ မြေပုံ


ဒါ့အပြင် သြဂုတ်လ၁၁ရက် ညနေပိုင်းမှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်သားအင်အားတွေနဲ့ အပေါ့စားသံဂျပ်ကာ ယာဥ် ၂ စီး၊ သံပြားကာ ၂ စီး၊ Doublecab ၂ စီးကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲခဲ့ပါသေးတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း တော်လှန်ရေးတပ်တွေရဲ့ Scout Drone တွေ ပစ်ချ၊ ဖျက်ဆီးခံရတာမျိုးတွေရှိခဲ့ပြီး စစ်ကော်မရှင်တပ်တွေက ကျောက္ကာရေနံကုန်းတစ်နေရာကို မီးရှို့ခဲသလို ခရိုင်ချင်းဆက်လမ်း ဘေးဝဲယာ အိမ်တန်းတွေကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် သြဂုတ်လ ၁၂ ရက်နဲ့ ၁၃ရက်နေ့တွေမှာ နှစ်ဖက်ထိတွေ့မှုမရှိခဲ့ပေမယ့် စစ်အုပ်စုက အင်အားဖြည့်တင်းတာ၊ လက်နက်ကြီးပစ်ခတ်တာနဲ့ ပါရာမော်တာ ကြဲတာတွေရှိခဲ့ကြောင်း မုံရွာပကဖတာဝန်ရှိသူက ပြောပါတယ်။

သြဂုတ်လ၁၄ရက်နေ့မှာလည်း စစ်ကော်မရှင်က အမတ ၅၀၈ ကနေ လက်နက်ကြီး ပစ်ကူပေးတာ၊ မုံရွာနမကနေ Paramotor ၂ စီး ပျံဝဲတာတွေအပြင် မုံရွာမြို့ကနေ ကျောက္ကာရွှေဂူဖြူဘုရား ပတ်ချာလည်အထိ အင်အား ၄၀၀ နီးပါးနဲ့ ပြည်သူပိုင်ပစ္စည်းတွေခိုးယူတာ၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

“စစ်တပ်မှာ လက်ရှိ ထုတ်သုံးနိုင်တာ ပစတွေပဲရှိတာ။ အဲ့ဒါမို့ ကျနော်တို့အနေနဲ့ ပစတွေကို အသေခံတိုက်ခိုင်းတဲ့နေရာမှာမနေဘဲ ထွက်ခဲ့ကြပါလို့ ဖိတ်ခေါ်နေတာပါ။” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

မုံရွာ – ကျောက္ကာလမ်းပိုင်း ထိတွေ့တိုက်ပွဲတွေမှာ ဗိုလ်ကြီး၊ ဗိုလ်မှူး အဆင့်ရှိသူတွေအပါ အယောက် ၂၀ နီးပါးထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအယောက် ၄၀ အထိ ရှိခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်ခေါင်းမှာ စစ်ကောင်စီအတွက် ပေါ်တာဆွဲပေးနေသူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု၊ နတ္တလင်းကျေးရွာမှာ နေထိုင်တဲ့ ခင်စိုး ဆိုသူဟာ စစ်ကောင်စီအတွက် ပေါ်တာဆွဲပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမှာ နောက်တန်းပြန်ဆင်းတဲ့ အင်အားရာချီ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော် သေ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အင်အားရာနဲ့ချီတဲ့ နောက်တန်းပြန်ဆင်း စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ကျော် ထိခိုက်မှုနဲ့ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ရိုးမ (၂) စစ်ကြောင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

မြို့မငြိမ်း ရေးစပ်ခဲ့သည့် ဂန္တဝင်မြောက် “လူချွန်လူကောင်း” သီချင်းကို ပါတီမဲဆွယ်ဖို့ အသုံးပြုခြင်းအား မြို့မငြိမ်းမိသားစု ကန့်ကွက်ကြောင်း ကြေညာ

အလင်္ကာကျော်စွာဘွဲ့ရ မြို့မငြိမ်း ရေးစပ်ခဲ့တဲ့ ဂန္တဝင်မြောက် "လူချွန်လူကောင်း" သီချင်းကို စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက မဲဆွယ်စည်းရုံရာမှာ ရောင်းချအသုံးပြုစေမှုကို ကန့်ကွက်ကြောင်း မြို့မငြိမ်းမိသားစုက စက်တင်ဘာ ၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

မအောင်မြင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူများ အပါအဝင် စစ်တပ်အရာရှိတချို့ကို စစ်ကောင်စီက စည်သူဘွဲ့များ ချီးမြှင့်

ဦးသိန်းစိန်လက်ထက်က  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ခဲ့တဲ့ အငြိမ်းစားစစ်တပ်အရာရှိတွေကို အာဏာသိမ်း စစ်ကောင်စီက စည်သူဘွဲ့တွေ ပေးအပ်လိုက်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်မပါလျှင် မြန်မာ့နိုင်ငံရေးပြဿနာ မပြေလည်နိုင်ဟု NLD ထပ်မံထုတ်ပြန်…

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးတာတွေဟာ ပြေလည်မှု မရနိုင်ဘူးလို့ NLD ပါတီက ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းအဖြစ် ရောင်းစားခံရသူ ၁ဦး ပဲခူးခရိုင် အမှတ် (၂) တပ်ရင်းထံ လက်နက်နှင့် အလင်းဝင်၊ ၂၀၂၅ ခုနှစ်အတွင်း အလင်းဝင်ခိုလှုံသူ ၃၅ ဦးအထိ ရှိလာ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်းကာကင်းစခန်းမှာ တာဝန်ကျနေတဲ့ ပြည်သူ့စစ်မှုထမ်းတစ်ယောက် လက်နက်ခဲယမ်းတွေယူဆောင်ကာ အလင်းဝင်ရောက်လာပြီးတဲ့နောက် နှစ်ဝက်ကျော်အတွင်း ဘက်ပြောင်းခိုလှုံလာသူ ၃၅ ယောက်အထိ ရှိပြီဖြစ်ကြောင်း ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောပါတယ်။