အမျိုးသမီးတွေပါဝင်တဲ့ စစ်မှုထမ်းအပတ်စဥ် (၁) သင်တန်းစတင်နေတာ ၂လ ကျော်ရှိနေပြီဖြစ်ပြီး သတင်းပေါက်ကြားမှုမရှိအောင် စစ်ကော်မရှင်က တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ Myanmar Defense & Security Institute – MDSI အဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်ကော်မရှင်အနေနဲ့ ပြည်သူ့စစ်မှုထမ်း (အမျိုးသမီး) အပတ်စဥ်သင်တန်းတွေကို ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အခြေစိုက် အမှတ်(၄) အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း (ရကသ-၄) စတဲ့ စစ်သင်တန်းကျောင်းတွေမှာ ပုံမှန်ဖွင့်လှစ်လေ့ကျင့်ပေးနေပြီး အပတ်စဥ်(၁) သင်တန်းတွေ စတင်နေတာ ၂လနီးပါးရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိစစ်သင်တန်းပေးနေတဲ့ (ရကသ-၄) သင်တန်းကျောင်းဟာ တပ်ကြပ်ကြီး၊ စာရေး(အမျိုးသမီး)သင်တန်းနဲ့ အခြေခံတပ်သားသစ် (အမျိုးသမီး)သင်တန်းတွေ ပုံမှန်ဖွင့်လှစ် လေ့ကျင့်ပေးနေတဲ့ အမျိုးသမီးစစ်သင်တန်းကျောင်းတစ်ခုလည်း ဖြစ်ပါတယ်။

စစ်မှုထမ်းသင်တန်းအတွက် စစ်ကော်မရှင်က နိုင်ငံတဝှမ်းက အမျိုးသမီးတွေကို မြို့ရွာရပ်ကွက်တွေအလိုက် စာရင်းကောက် ခေါ်ယူလာသလို စစ်ဆေးဖမ်းဆီးတာတွေလည်း လုပ်ဆောင်လာကြောင်း သိရပါတယ်။

စစ်ရေးပြအခမ်းအနားတစ်ခုမှ အမျိုးသမီး စစ်မေများ

ဒါ့အပြင် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရမှုတွေကြောင့် ရန်ကုန်နဲ့ နယ်တချို့က အမျိုးသမီးငယ်တွေ  ပျောက်ဆုံးမှုရှိလာကြောင်း Myanmar Defense & Security Institute – MDSI အဖွဲ့က ထုတ်ပြန်ထားပါတယ်။

“အမျိုးသားစစ်မှုထမ်း အမှတ် ၁၀ အပြီးတုန်းကလည်း ဒီလိုမျိုး အသံထွက်လာသေးတယ်ဗျ။ အမျိုးသမီးစာရင်း လိုက်ကောက်တာတွေ လုပ်လိုက်သေးတယ်။ ဒါပေမယ့် သူတို့ စကစ အထဲမှာတင် ဝေဖန်တာတွေ ဖြစ်လာလို့နဲ့တူတယ်၊ နောက်ပြန်ဆုတ်သွားတယ်။ အဲ့ဒါအပြီးတော့ အမျိုးသမီးသင်တန်းအတွက် လျှို့ဝှက်စီစဉ်နေတာတွေပဲ ကြားမိတယ်။ အခုကျမှပဲ အမျိုးသမီး အမှတ်စဉ် ၁ သင်တန်း စနေပြီဆိုပြီး သတင်းတွေတက်လာတယ်၊ ဒီတော့နောက် အမှတ်စဉ်တွေအတွက် အမျိုးသမီးတွေမှာ အန္တရာယ်တော်တော်များသွားပါပြီ။” လို့ ရန်ကုန်မြို့နေ စစ်ရေးလေ့လာသူ ၁ယောက်က မောင်းကိုပြောပါတယ်။

တစ်ဖက်မှာလည်း အကြမ်းဖက်စစ်ကော်မရှင် မတရားဖမ်းဆီးခေါ်ဆောင်ထားတဲ့ အမျိုးသား ပြည်သူ့စစ်မှုထမ်းတွေ စစ်မြေပြင်မှာ ထိခိုက်ကျဆုံးမှုများနေပြီး သက်ဆိုင်ရာမိသားစုတွေဆီ အဆက်မသွယ်ပေးဘဲ ဖုံးဖိခံထားရတယ်လို့ Myanmar Defense & Security Institute – MDSI အဖွဲ့က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးခရိုင်တပ်ရင်း (၄) ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၀)၊ ပဲခူးခရိုင်တပ်ရင်း (၄) ရဲ့ အပတ်စဉ်(၁/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်( ၃/၂၀၂၄) ရဲ့ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

ဝေါ်လေဗျူဟာကုန်းကနေ ဈေးဆင်းဝယ်တဲ့ အကြမ်းဖက်စစ်သား သေနတ်နဲ့ ချောင်းပစ်ခံရလို့ လက်နက်ကြီးနဲ့ ရမ်းထုနေ

ကရင်ပြည်နယ်၊ ဝေါ်လေဗျူဟာကုန်းစခန်းကနေ အကြမ်းဖက်စစ်သားတွေ မြို့ထဲဈေးဆင်းဝယ်တဲ့အချိန်မှာ သေနတ်နဲ့ချောင်းပစ်ခံရပြီး စစ်သားတစ်ယောက် ဒဏ်ရာရရှိသွားတာကြောင့် ဝေါ်လေဗျူဟာစခန်းကုန်းကနေ လတ်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ပျူရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာ ၅ ယောက်သေပြီး စစ်ကြောင်းတစ်ခုလုံး ရွာထဲပြန်ပြေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်း ပျူစောထီးရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ - ပလိုင်း ပကဖ က ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် တပ်မ ၈၈နှင့် ပျူစောထီးပူးပေါင်းတပ်များ ကျေးရွာ၂ရွာကို စီးနင်းမီးရှို့ပြီး အရပ်သားပိုင်ပစ္စည်းများကို ခိုးယူသယ်ဆောင်သွား

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ တပ်မ ၈၈ နဲ့ ပျူစောထီးပူးပေါင်းတပ်တွေက ကျေးရွာတွေကို ဝင်ရောက်စီးနင်းမီးရှို့ရင်း အရပ်သားပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Yan Gyi Aung PDF ရဲ့တာဝန်ရှိသူ ကိုပြူးက မောင်းကိုပြောပါတယ်။
Read More

လူထုထောက်ခံမှု မရှိသည့် ပါတီများနှင့် စစ်ကောင်စီ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ ဟု NUG ပြော

လာမယ့် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီဟာ လူထုထောက်ခံမှု မရှိတဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။