စစ်ကော်မရှင်စစ်ကြောင်းက အရပ်သားတွေကို ဖမ်းဆီးပြီး တိုက်ပွဲအတွင်း လူသားဒိုင်းကာပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်ကို People’s Defence Force-Meikhtila က ထုတ်ပြန်ခဲ့ပါတယ်။

ဗီဒီယိုမှတ်တမ်းကို ဒရုန်းနဲ့ ကင်းထောက်ရိုက်ကူးခဲ့တာဖြစ်ပြီး စစ်ကော်မရှင်စစ်ကြောင်းက ကြိုးတုပ်ထားတဲ့ လူတချို့ကို ရှေ့ကနေ ပြေးခိုင်း၊ နောက်ကနေ သေနတ်ကိုင် အကာအကွယ်ယူကာ ပြေးတက်လာတဲ့ စစ်သားတွေကို တွေ့မြင်ရပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမ မိုင်တိုင် ၃၁၇ အနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အနီးရှိရွာက အရပ်သားတွေကို စစ်ကော်မရှင်က ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံရတဲ့ အရပ်သားတွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အတိအကျမသိရဘဲ တိုက်ပွဲအတွင်း အရပ်သားတွေ ပါဝင်နေတာ သိသိချင်း တိုက်ပွဲကို ရပ်နားခဲ့ကြောင်း မိတ္ထီလာခရိုင် အမှတ် (၃) တပ်ရင်းထံက သိရပါတယ်။

Video-People’s Defence Force-Meikhtila

0 Shares:
You May Also Like
Read More

ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့သည့် PDF ရဲဘော်များ ရေဦးမြို့နယ်သို့ ပြန်လာရောက်ရှိ (ရုပ်/သံ)

ရှမ်း-မန်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ YEU PDF ရွှေဘိုခရိုင် PDF တပ်ရင်းအမှတ် (၁၄) ရဲဘော်တွေ ရေဦးမြို့နယ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ဝန်းသိုမှ ကောလင်းသို့ စစ်ကူလာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၇ ဦး အရှင်ဖမ်းခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သစ်ဖုလတောင်စခန်းတိုက်ပွဲသို့ စစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးပြီး ၇ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ရန်ကုန်မြို့လယ်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် SUU 80th” လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ယနေ့ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ရန်ကုန်မြို့လယ်မှာ SUU 80th" စာသားကိုင်‌ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ထုတ်ပြန်ထားပါတယ်။
Read More

ချီဗွေမြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ် ချီမွေမြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတွေက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စက်တင်ဘာ ၂၉ ရက်က ချီဗွေမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါ တယ်။
Read More

မိုးကုတ်ဗျူဟာ အပတ်စဉ် (၅) မှ သင်တန်းသားရဲဘော်များ သင်တန်းကာလနဲ့ သင်တန်းဆင်း မှတ်တမ်း (ရုပ်/သံ)

မိုးကုတ်ဗျူဟာ အပတ်စဉ် (၅) က သင်တန်းသားရဲဘော်တွေရဲ့ သင်တန်းကာလ ဖြတ်သန်းပုံတွေနဲ့ သင်တန်းဆင်းမှတ်တမ်း ရုပ်သံကို Red Wolves Of Mogok က ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်နှင့် အထိုင်စခန်းများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်နဲ့ အထိုင်စခန်းတွေကို ၃ ဆက်ရက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force M.D.F က သတင်းထုတ်ပြန်ပါတယ်။