မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အစပ်ရှိ ကပစ ၂၂ က ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တဲ့အတွက် အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သြဂုတ်လ ၁၃ရက် နေ့လယ်ပိုင်းလောက်မှာ ကပစ ၂၂ ကနေ အင်အား ၁၈၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ အကြမ်းဖက် စစ်သားတွေဟာ အနောက်အရပ်ဘက်ကို စစ်ကြောင်းထိုးပြီး ညနေပိုင်းမှာ ပေါက်တောင်ပိုင်း ချောင်းဆုံရွာလမ်းခွဲဘက် ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတစ်ယောက်ကို အကြောင်းမဲ့ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ညဉ့်နက် ၁၂ နာရီလောက်မှာတော့ ချောင်းဆုံရွာ လမ်းခွဲဘက်ကနေ မြောက်ဘက်ကို ၆၀ မမ လက်နက်ကြီးတစ်လုံး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူနေအိမ်နားတဝိုက် ကျရောက်ပေါက်ကွဲကာ ခိုင်းနွားတွေ ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“အိမ်ရှင်ပြည်သူတွေကတော့ ထိခိုက်မှု မရှိပါဘူး။ စခတွေက ချောင်းဆုံလမ်းခွဲကို ညနေ ၆နာရီလောက်က ရောက်လာပြီး ပြည်သူတစ်ဦးကို ရိုက်နှက်ပြီး ပြန်လွှတ်လိုက်တယ် ကြားတယ်။ ရွာသားတွေ ကြောက်လို့ ရှောင်နေကြတာ။ အဲ့ဒါကြောင့် ပြည်သူတွေ မထိခိုက်တာ။ ခိုင်းနွား ၂ ကောင်နဲ့ နွားမလေးတစ်ကောင် ဗုံးသီးစ ထိမှန်ခဲ့တယ်။ နွားမက သေသွားပြီး ခိုင်းနွားကြီး ၂ကောင်က ခြေထောက်ကျိုးပျက်သွားတယ်” လို့ ပေါက်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဲဒီနောက် အဆိုပါ စစ်ကော်မရှင် တပ်သားတွေဟာ သြဂုတ်လ ၁၄ရက် မနက် ၃ နာရီကျော်လောက်မှာတော့ ချောင်းဆုံလမ်းခွဲကနေ တောင်ဘက်ကို ထပ်မံစစ်ကြောင်းထိုးကာ မနက် ၈ နာရီလောက်မှာ ပေါက်နယ်တောင်ပိုင်း တိုက်တောရွာအထက်စုကို ဝင်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

“နေအိမ်ဘယ်လောက် မီးထဲပါသွားလဲဆိုတာတော့ မသိရသေးဘူး။ ရဲဘော်တွေ နယ်မြေရှင်းလင်းရေးလုပ်တုန်းမို့၊ အဲ့ရွာက ကပစ ၂၂ နဲ့ နီးတယ်။ အရင်က ခဏခဏ ရွာထဲဝင်တာမျိုးရှိတယ်။ အရင်အခေါက်တွေက ဘာမှမလုပ်ဘူး” လို့ အထက်ပါ ပေါက်နယ်ခံက ဆက်ပြောပါတယ်။

မီးရှို့မှုတွေကို ပြုလုပ်ပြီးတဲ့နောက် စစ်ကော်မရှင်တပ်သားတွေဟာ ကပစ ၂၂ ထဲကို ပြန်လည်ဝင်ရောက်သွားခဲ့ပါတယ်။ အကြမ်းဖက်စစ်သားတွေ ကျေးရွာတွေထဲက ပြန်လည်ထွက်ခွာသွားပေမယ့် ဒေသခံတွေကတော့ ကျေးရွာထဲ ပြန်လည်ဝင်ရောက်နေထိုင်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

သြဂုတ် ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေဟာ ပေါက်မြို့ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ မုန်ကုန်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံအမျိုးသမီးတစ်ယောက် ထိမှန်သေဆုံးခဲ့ပါသေးတယ်။

စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသည့် နွားများ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ရေတာရှည်က တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ နေပြည်တော် PDF က ရဲဘော် ၃ ယောက်ရဲ့ ရက်လည်အခမ်းအနား ပြုလုပ်… (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်က တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော် ၃ ယောက်ရဲ့ ရက်လည်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာန ၊ နေပြည်တော်PDF ၊ တပ်ရင်း (၉၀၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းမော်ကွန်း ဂီတဖျော်ဖြေပွဲက ရရှိတဲ့ ရန်ပုံငွေတွေကို CDM အနုပညာရှင်တွေဆီ ထောက်ပံ့ပေးအပ်

တော်လှန်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းက သူ့ရဲ့ ပြည်ပဂီတဖျော်ဖြေပွဲကနေ ရရှိခဲ့တဲ့ ရန်ပုံငွေတွေကို CDM အနုပညာရှင်တွေဆီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းမော်ကွန်းရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြလာပါတယ်။
Read More

တနင်္သာရီတိုင်းတွင် အကြမ်းဖက်စစ်တပ်မှ အတင်းအဓမ္မဖမ်းဆီး စုဆောင်းခံရသည့် စစ်မှုထမ်းတပ်သား ၃ ဦး KNLA ထံအလင်းဝင်

ကရင်အမျိုးသား အစည်းအရုံး KNU၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်က အကြမ်ဖက်စစ်တပ် တပ်သား ၃ ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့  KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမြို့ကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

အာဏာသိမ်း စစ်တပ်က စဉ့်ကူးမြို့ပေါ် ကို ဒီနေ့ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်က မောင်းကိုအတည်ပြုပြောကြားပါတယ်။
Read More

ရွာငံတွင် အကြမ်းဖက်စစ်ကြောင်းက စစ်ရှောင်စခန်း၊ နေအိမ်အများအပြားနှင့် ကျပ်သိန်း (၁၅၀၀)တန်ဖိုးရှိ စပါးကျီများကို မီးရှို့ဖျက်ဆီးခဲ့.. ၈နှစ်အရွယ် ကလေးငယ် အပါအဝင် စစ်ရှောင် ၅ဦးကိုလည်း ဖမ်းဆီးထား..

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

ပင်လောင်းမှာ စစ်ကောင်စီတပ်နှင့် PNO/PNA ပြည်သူ့စစ်က ရပ်ရွာနေအိမ်များ ပျက်စီးအောင် ရည်ရွယ်ပြီး တောမီးရှို့နေ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပင်လောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PNO/PNA ပြည်သူ့စစ်က ရပ်ရွာနေအိမ်များ ပျက်စီးအောင် ရည်ရွယ်ပြီး တောမီးရှို့နေတယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK)က ဒီနေ့ ထုတ်ပြန်ပါတယ်။