ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လက်နက်ကိုင်အင်အားစုတွေအနေနဲ့ ဥပဒေနဲ့ အမိန့်ညွှန်ကြားချက်တွေကို တသွေမတိမ်းလိုက်နာကြဖို့ NUG လက်အောက်ရှိ စစ်ခုံရုံး ၁ ခုက ပြောကြားခဲ့ပါတယ်။

“ဒို့တပ်မတော်က ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေးအတွက် အမြုတေပဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ့ဂုဏ်သိက္ခာ၊ တပ်ရဲ့ ဂုဏ်သိက္ခာ တော်လှန်ရေး ဂုဏ်သိက္ခာအတွက် လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လက်နက်ကိုင်အင်အားစုများအနေဖြင့် ဥပဒေများ၊ အမိန့်များ ညွှန်ကြားချက်များကို စည်းမျဉ်းစည်းကမ်းများကို တသွေမတိမ်း လိုက်နာကျင့်သုံးနေထိုင်ကြဖို့လည်း လိုအပ်ပါတယ်”လို့ အဆိုပါ စစ်ခုံရုံး ဥက္ကဋ္ဌက ပြောဆိုပါတယ်။

NUG ကာကွယ်ရေးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ဖက်ဒရယ်တပ်မ‌တော်ပေါ်ပေါက်ရေး ဆောင်ရွက်ရာမှာ စစ်ဥပဒေအတိုင်း တင်းတင်းကြပ်ကြပ် အရေးယူစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ဥပဒေအထက်မှာ ဘယ်သူမှ ရှိမနေစေရဘူးလို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူမြို့နယ်တိုက်ပွဲတွင် စစ်ကော်မရှင် အရာရှိအပါ စစ်သားအများအပြားသေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာ ဘုန်းကြီးကျောင်းအနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

PRA-Magway က ကပစ-၁၄ ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်စဉ် ထိခိုက်ပျက်စီးမှုတွေကို စစ်သုံ့ပန်းအဖြစ်ဖမ်းမိထားတဲ့ တပ်ကြပ်ရွှေဥအားမေးမြန်းချက် (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ ဝမ်ဗိုက်လို့တင်စားကြတဲ့ ကပစ-၁၄ ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်စဉ် ထိခိုက်ပျက်စီးမှုတွေကို ကပစ-၁၄ မှ နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကြပ် ရွှေဥအား မေးမြန်းချက်ကို PRA-Magway မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်း အတင်းအဓမ္မတပ်သားစုဆောင်း၊ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တာဝေးပစ်ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ်က တပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ် ၂၅၁၊ ၂၅၂ တပ်တွေကို ဒီဇင်ဘာ ၁၇ ရက် ဒီနေ့မနက်ပိုင်းမှာ တာဝေးပစ်ရော့ကတ် ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku အဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

မိုင်းငေါ့မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းမှ ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Ta'ang Women's Organization က ထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော်မှာ ယနေ့လှုပ်ခတ်သည့် ငလျင် ဘယ်လောက်ပြင်းခဲ့လဲ (ရုပ်/သံ)

ဇွန်လ ၅ ရက် ဒီနေ့ မနက်ပိုင်းက နေပြည်တော်၊ ပျဉ်မနားနဲ့ အနီးဝန်းကျင်နေရာတွေမှာ ငလျင်လှုပ်ခတ်သွားပြီး သိသိသာသာခံစားလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနာမည်ကြီးအဆိုတော်တွေရဲ့ ဖျော်ဖြေပွဲကြောင့် လူမှုကွန်ရက်မှာ ဝေဖန်မှုမြင့်တက် (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Spicy Bar မှာ မတ်လ ၂၈ ရက်က  ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲကြောင့် လူမှု ကွန်ရက်သုံးစွဲသူတွေအကြား ဝေဖန်မှုမြင့်တက်လျက်ရှိပါတယ်။