မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အကြမ်းဖက်ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ စစ်သားတွေ နေရာမှာတင် သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ရက် မနက်ပိုင်းက တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာ၊ ရွှေမန္တလေးလက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ အကြမ်းဖက်စစ်သား၂ယောက်ကို ဝဲလောင်စခန်းမှူး ရာဇာကြီးဦးဆောင်တဲ့ ရဲတပ်ဖွဲ့က ရှောင်တခင် ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ တောင်သာမြို့နယ်၊ အေးရွာက တရုတ်ဂတ်(စ်) ပိုက်လိုင်းစောင့် စစ်သားတွေဖြစ်ပြီး ဝဲလောင်ကျေးရွာအထိ လက်ဖက်ရည်လာသောက်ရာမှာ စစ်တပ်သတင်းပေးရဲ့ သတင်းမှားပေးမှုကြောင့် အခုလိုပစ်ခတ်ခံရတာလို့လည်း သိရပါတယ်။

“သူတို့က ဝဲလောင်စခန်းနားမှာ လက်ဖက်ရည်လာသောက်တာ၊ အဲ့ဒါ အရပ်ဝတ်တွေနဲ့ဆိုတော့ သတင်းပေးက PDF တွေရောက်နေတယ်ဆိုပြီး သတင်းသွားပေးတော့ စခန်းကကောင်တွေက လာပစ်သွားတာပါ။ ပြန်တောင်မပစ်နိုင်ဘူး” လို့ တောင်သာမြို့နယ် စစ်ရေးသတင်းရင်းမြစ်ကမောင်းကိုပြောခဲ့ပါတယ်။

ပစ်ခတ်မှုအပြီးသေဆုံးသွားတဲ့ အကြမ်းဖက်စစ်သားအလောင်းတွေကို ပိုက်လိုင်းစောင့်စစ်တပ်က ပြန်လည်သယ်ဆောင်သွားသလို ဒီဖြစ်စဥ်အပေါ် သတင်းဖုံးဖိထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး ပြန်လည်လွတ်‌မြောက်လာ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌာဖြစ်သူ ကိုဝေယံဖြိုးမိုးဟာ သာယာဝတီအကျဉ်းထောင်မှာ အဓမ္မထောင်သွင်းအကျဥ်းကျခံထားရာမှ ဧပြီလ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဗကသများအဖွဲ့ချုပ်က ယနေ့ညမှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ တညောင်ဓာတ်အားခွဲရုံကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ် အရာရှိ ၂ ဦးနှင့် စစ်သား ၃၀ ဦးကျော် သေဆုံး

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အင်အား ၈၀ ခန့်နဲ့ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ တညောင်ဓာတ်အားခွဲရုံကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က အရာရှိ ၂ ယောက်နဲ့ စစ်သား အယောက် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော်က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်မှာ အမျိုးသမီးရဲဘော်တွေပါတဲ့ RTC စစ်​ကြောင်းနဲ့ စစ်ကောင်စီတပ် ၂ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဖက်ကမ်းမှာ စစ်ကြောင်းဝင်​ရောက်နေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးမှာ သေဆုံးသူ ၁၃ ဦးအထိ ရှိ…

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၃၁ ရက်အထိ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းပြီးနောက် သူတို့ရဲ့ တရားဝင်ထိန်းသိမ်းရေးစခန်းတွေက စစ်ကြောရေးမှာ သေဆုံးသူ ၁၃ ယောက်အထိ ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တောင်ကိုရီးယားလွှတ်တော်တွင် “မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို ကျော်လွန်၍ ငြိမ်းချမ်းရေးကို ရှုမြင်ခြင်း” ခေါင်းစဉ်ဖြင့် မြန်မာ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်…

တောင်ကိုရီးယားလွှတ်တော်မှာ “မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို ကျော်လွန်၍ ငြိမ်းချမ်းရေးကို ရှုမြင်ခြင်း” ခေါင်းစဉ်နဲ့ မြန်မာ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ်လ ၂၁ ရက်က ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ် အမှတ်- ၃ ခရိုင်ချင်းဆက်လမ်းပေါ် စစ်အုပ်စု ၁၈ကြိမ်ထက်မနည်း ဗုံးကြဲလို့ သံဃာ ၁ ပါးနှင့် လူ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခရီးသွားတွေရှိရာ ခရိုင်ချင်းဆက်လမ်းမပေါ်ကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် သံဃာတော် ၁ပါး အပါအဝင်  လူ ၄ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။