စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို ပိုက်ဆံ‌တောင်းနေတဲ့ စစ်ကော်မ ရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Yae Nagarတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

သြဂုတ်လ ၁၂ ရက် မနေ့က မုံရွာ-မန္တလေးလမ်းပေါ် ချောင်းဦး-နတ်ရေကန်ကြားမှာ အထိုင်ချပြီး ခရီးသွားပြည်သူတွေထံ ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ 4kg ဗုံးသီး ၁ လုံး၊ 1Kg ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သား ၅ ယောက် ထိခိုက်မှုရှိခဲ့ပြီး သေဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို Yae  Nagar People Defence Force၊ မုံရွာ ခရိုင် အမှတ်(၈) တပ်ရင်း တပ်ခွဲ (၃) နဲ့ Myaung T.G.R တို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Yae Nagar

0 Shares:
You May Also Like
Read More

ကရင်ပြည်နယ်အတွင်း နှစ် ၄၀ ကြာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခလယ်ဒေးစခန်းကို KNLA တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်က ထိုင်း-မြန်မာ နယ်စပ်အနီးရှိ ခလယ်ဒေးစစ်တပ်စခန်းကို မတ်လ ၂၅ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဧရာဝတီ PDF ရဲ့ လေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ တိုင်းစစ်ဌာန (ဧရာဝတီ)၊ AYA PDF အမှတ် (၂၉) ဗျူဟာ ၊ အပတ်စဉ် (၄/၂၀၂၄) အခြေခံစစ်ပညာသင်တန်းက ရဲဘော်တွေရဲ့ လေ့ကျင့်ရေးပုံရိပ်တွေကို ပြည်သူတွေသိရှိနိုင်ဖို့ မှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

မြေမြုပ်မိုင်းဒဏ်၊ လက်နက်ကြီးတွေကြောင့် ကိုယ်လက် အင်္ဂါဆုံးရှုံးသွားတဲ့ KNDF ရဲဘော်တွေရဲ့ တိုက်ပွဲအတွေ့အကြုံနဲ့ ခံစားချက် (ရုပ်/သံ)

ရှေ့တန်းမြေပြင်မှ မြေမြုပ်မိုင်းဒဏ်၊ လက်နက်ကြီးတွေကြောင့် ကိုယ်လက် အင်္ဂါဆုံးရှုံးသွားတဲ့ KNDF ရဲဘော်တွေရဲ့ တိုက်ပွဲအတွေ့အကြုံနဲ့ ခံစားချက်တွေကို ယခုလိုပဲပြောပြခဲ့ကြပါတယ်။
Read More

ဘုတလင်မြို့ အထကကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့ရှိ အထကကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင် စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ People Defence organization of Budalin မှ သတင်း ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၁၀ ယောက်သေဆုံးခဲ့ရပြီး ၂၀ ကျော်ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို နိုဝင်ဘာ ၃၀ ရက် မနေ့ညပိုင်းက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၁၀ ‌ယောက်သေဆုံးခဲ့ရပြီး ၂၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့နယ် ဇီးဖြူကုန်းပျူစခန်းကို ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု စစ်တပ်အရာရှိအပါ ၁၀ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစခန်းကို နိုဝင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၄ ရက်အထိ ဒရုန်းစစ်ဆင်ရေးပြုလုပ်ပြီး ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA အဖွဲ့ထံက သိရပါတယ်။