အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ P29916 – Special Operation Group (SOG) တပ်ရင်းက သင်တန်းဆင်းပွဲနဲ့ တပ်ရင်းတည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနားကို ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကို အလေးပြုခြင်းနဲ့ သစ္စာအဓိဌာန်ရွတ်ဆိုခြင်း ပြုလုပ်ပြီးနောက် SOG တပ်ရင်းမှူး၊ အမှတ် (၃၇) နည်းဗျူဟာ ဗျူဟာမှူးနဲ့ SOG ဒု – တပ်ရင်းမှူးတို့က တပ်တည်ထောင်ခြင်း(၂)ပြည့် နှစ်ပတ်လည်အတွက် အမှတ်တရစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် SOGတပ်ရင်းက တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက်လည်း အောက်မေ့သတိရပန်းခွေချခဲ့ပြီး (၁)မိနစ်ငြိမ်သက် အလေးပြုခဲ့တယ်လို့ သိရပါတယ်။

SOG စစ်သင်တန်းဆင်းရဲဘော်တွေကိုလည်း ဆုချီးမြှင့်ခဲ့ပြီးနောက် သင်တန်းဆင်းရဲဘော်တွေ ကျမ်းကျိန်ဆိုကာ သစ္စာရည်သောက် အခမ်းအနာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Special Operation Group – SOG တပ်ရင်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၃ရက်မှာ တရားဝင် စတင်ဖွဲ့စည်းခဲ့ပြီး ကရင်ပြည်နယ် တပ်မဟာ(၆)၊ ကော့ကရိတ် တောင်ပိုင်းက စခန်းသိမ်းတိုက်ပွဲတွေနဲ့ စစ်ဆင်ရေးများစွာကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဒီးမော့ဆိုတိုက်ပွဲတွင် ၆ လသားအရွယ်နှင့် ၄ နှစ်အရွယ် ကလေးငယ် ၂ ဦး၏ ဖခင် ရဲဘော် မောင်ကျော့ကင်း ကျဆုံး

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် (၈) တပ်ရင်း တပ်ခွဲ (၃) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် မောင်ကျော့ကင်းဟာ ဒီးမော့ဆိုတိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ်မှာ “ဒို့ဖက်ဒရယ်” နိုင်ငံရေးစာစဥ်ကို တော်လှန်ရဲဘော်များနှင့် ပြည်သူများဆီ ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကိုင်းဖိုရမ်က ဦးစီးထုတ်ဝေတဲ့ “ ဒို့ဖက်ဒရယ်” နိုင်ငံရေး စာစဥ်ကို ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေဆီ ဖြန့်ဝေပေးခဲ့တယ်လို့ ပုလဲ လူထုသပိတ်တိုက်ပွဲ ဦး‌ဆောင်ကော်မတီက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက် ကပစ ၂၄ မှ စစ်ကောင်စီတပ်သားများကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်၊ စစ်ကြောင်းမှူးနှင့်ခွဲမှူးအပါ ၇ ဦးသေပြီး ၁၁ ဦး ပြင်းထန်ဒဏ်ရာရ…

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ အုန်းတော နဲ့ ယာကြီးပြင်ကျေးရွာတွေထဲ အထိုင်ချထားတဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ - ကပစ (၂၄) က စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကြောင်းမှူးအပါအဝင် ၇ ယောက်သေဆုံးပြီး ၃ ပွင့်ဗိုလ်အပါ ၁၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ဖြူတကိုယ်တော်ကျားဇိုး (LDF) တပ်ဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့−ခမ်းကောင် (PNDF-KK) ရဲ့ (၇၅) နှစ်မြောက်ပအိုဝ်း တော်လှန်ရေးနေ့ အောက်မေ့ဂုဏ်ပြုအခမ်းအနား (ဓာတ်ပုံသတင်း)

(၇၅) နှစ်မြောက်ပအိုဝ်းတော်လှန်ရေးနေ့ အောက်မေ့ဂုဏ်ပြုအခမ်းအနားနဲ့အတူ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK) ရဲ့ သင်တန်းဆင်း ရဲဘော်တွေက သစ္စာရေသောက်ခြင်းနဲ့ တပ်ရင်းဆီ ပြန်လည်အပ်နှံ တပ်တော်ဝင်ခြင်းတို့ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးထက်မနည်း ထိခိုက်သေဆုံး…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄ ယောက်ထက်မနည်း ထိခိုက်သေဆုံးမှု ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့သောင်းခရိုင် ကျေးရွာတွေထဲ စစ်တပ် စစ်ကြောင်းထိုး မီးရှို့ပြီး အရပ်သားတွေကို အကြောင်းမဲ့ဖမ်းဆီးထား၊ စစ်တပ်လက်ပါးစေ အုပ်ကြီး ၁ယောက်ကို ကော့သောင်းပကဖ အိမ်ထဲအထိ ဝင်ရောက်ရှင်းလင်း

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်မှာ စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ကာ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။