အကြမ်းဖက်စစ်ကော်မရှင်ဖွဲ့စည်းပြီး ၆ လအတွင်းမှာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဩဂုတ် ၁၂ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ စစ်ကော်မရှင် အစည်းအဝေး မှာ ပြောဆိုလိုက်ပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်က သူ့ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီဝင်တွေရဲ့ လုံခြုံရေးကိုလည်း အာမခံတယ်လို့ ပြောဆိုထားပြီး ဒလန်လို့ စွပ်စွဲသတ်ဖြတ်တာတွေ ရွေးကောက်ပွဲကာလမှာ ပိုဖြစ်လာနိုင်တာကြောင့် ဟန့်တားကာကွယ်မှုတွေ လုပ်မယ်လို့လည်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေမှာ မဲပေးသူ ဘယ်လောက် ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုး မရှိဘဲ ၅၀ ရာ ခိုင်နှုန်းနဲ့အထက် ဆန္ဒမဲပေးနိုင်မယ်ဆိုရင် လူထုအများစုရဲ့ ဆန္ဒပါဝင်ကြောင်း သတ်မှတ်နိုင်မှာဖြစ်တယ်လို့ မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

လာမယ့် ဒီဇင်ဘာလကနေ စလို့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ အပိုင်းလိုက် ခွဲ ပြုလုပ်သွားမယ့် ရွေးကောက်ပွဲကို ဟန့်တား နှောင့်ယှက် ဖျက်ဆီးမယ်ဆိုရင် အနည်းဆုံး ထောင် ၃ နှစ်ကနေ အများဆုံး ထောင်ဒဏ် တစ်သက် နဲ့ သေဒဏ်အထိ ချမှတ်ခံရမယ့် ဥပဒေကို စစ်ခေါင်းဆောင်က လက်မှတ်ထိုးပြီး ပြဋ္ဌာန်းထားပါတယ်။

(ဓာတ်ပုံ စစ်ကော်မရှင် ပြန်ကြားရေးဝန်ကြီးဌာန)
0 Shares:
You May Also Like
Read More

ဒဂုံတောင်က အုပ်ချုပ်ရေးမှူးရုံးအတွင်း စစ်ဆင်ရေးလုပ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၇)ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံခဲ့ရကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေ မှာ ဖော်ပြလာပါတယ်။
Read More

ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ချမှတ်

စစ်အာ အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်တပ်က ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်လိုက်ပါတယ်။
Read More

ဧရာ၀တီတိုင်းထဲက နေရာ ၇ခုကို မလိုအပ်ဘဲ ခရီးသွားလာခြင်း မလုပ်ဖို့ FCDO သတိပေး

ဧရာ၀တီတိုင်းထဲက နေရာ ၇ ခုကို မလိုအပ်ဘဲ ခရီးသွားလာခြင်း မလုပ်ကြဖို့  ဗြိတိန် နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးရေးဌာန (FCDO) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ဖွဲ့စည်းတည်ထောင်ခြင်း (၄)  နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု အခမ်းအနားတွေကို CDF - Daai ရဲ့ ဗဟိုဌာနချုပ်နဲ့ တပ်ရင်းအခြေစိုက်ရာ တပ်စခန်းအသီးသီးမှာ စက်တင်ဘာလ ၂၁ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

KIA ပစ်ချလိုက်သည့် စစ်ကောင်စီ ရဟတ်ယာဉ်တွင် အိန္ဒိယနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ တပ်ဆင်ထား

အခုရက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်မှာ အိန္ဒိယနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ထားတာကို တွေ့ရတယ်လို့ စစ်ကောင်စီထံကနေ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်တွေအကြောင်း မျှဝေလေ့ရှိတဲ့ Tactical Raptor 2.0 ကနေ ဖော်ပြလာပါတယ်။
Read More

ဖျာပုံမြို့ပေါ် နေရာတချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး လစဉ်ငွေကြေးကောက်ခံနေ

ဧရာဝတီတိုင်း မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းတွေကို ထောက်ပံ့ဖို့ဆိုပြီး ရပ်ကွက်အတွင်း နေထိုင်သူတွေဆီကလစဉ် ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဖျာပုံမြို့ နေထိုင်သူတွေဆီက သိရပါတယ်။