စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က စစ်ရေးအရ လမ်းပိတ်ထားရတဲ့ တောင်ရင်းကျေးရွာ ၁၄ မိုင်လမ်းဆုံ အနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ သေဆုံးသူအရေအတွက် ၁၆ ယောက်အထိ တိုးလာပြီဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

သြဂုတ်လ ၁၁ ရက်၊ နေ့လယ်ပိုင်းမှာ စစ်ကိုင်းမြို့မြောက်ဘက်ခြမ်း၊ တောင်ရင်းကျေးရွာ ၁၄ မိုင်လမ်းဆုံ (စစ်ကိုင်း – ရှိမက္ကား- ကျောက်မြောင်းလမ်းပိုင်း ခေါ် အမှတ် ၃ ခရိုင်ချင်းဆက် ဗျူဟာလမ်းပိုင်း) က ကုန်တင်ကားတွေ ရပ်နားထားရာနေရာ အလယ်တည့်တည့်ကို စစ်အုပ်စုက ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုရဲ့ မိတ္ထီလာနဲ့ တံတားဦးတက် ဂျက်ဖိုက်တာ ၅ စီးက ဗုံးသီးတွေ၊ ဆင့်ကဲဗုံးတွေ ဆက်တိုက်ကြဲချရင်း ရော့ကတ်တွေနဲ့ပါ ပစ်ခတ်သွားတာကြောင့် လမ်းဆုံပေါ် ရပ်နားထားရတဲ့ ဆီဘောက်ဆာကားတွေ၊ ကုန်တင်ကားတွေ မီးလောင်ပေါက်ကွဲခဲ့သလို စျေးဆိုင်ခန်းတွေ၊ နေအိမ်တွေလည်း ပျက်စီးပြီး ထိခိုက်သေဆုံးသူတွေ များပြားခဲ့တာ ဖြစ်ပါတယ်။

“လေယာဥ် ၅စီးကို ဗုံးက ၁၂ လုံးကြဲတာ၊ Cluster ဗုံးက ၈လုံး၊ Rocket ရော ပစ်တယ်။ စက်လက်လည်း ၃ ခါ ကုပ်တယ်။ Cluster တွေကလည်း ဗုံးတစ်ခါကွဲပြီးရင်း ဖွာထွက်ပြီး ထပ်ကွဲတာ၊ ဖြစ်ဖြစ်ချင်းက အလောင်းတောင် ရှာမရဘူး။ သေတာက ကားသမားတွေကော ခရီးသည်တွေကော အစုံပဲ။ ထိခိုက်ဒဏ်ရာရတာတင် အယောက် ၂၀ လောက် ရှိမယ်” လို့ မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့သူတွေနဲ့ သေဆုံးသူတွေကို မြေပြင်ရှိ အရပ်သားတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ရှာဖွေကယ်ထုတ် ခေါ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

စစ်အုပ်စုအနေနဲ့ အခုလိုမျိုး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးအရ ပိတ်ထားရတဲ့နေရာအပေါ် အကြောင်းမဲ့သက်သက် လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေဟာ အရပ်သားတွေပဲဖြစ်ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် သြဂုတ်လ ၁၂ ရက် မနေ့ကလည်း မန္တလေးတိုင်း၊ မတ္တရာမြို့အရှေ့တောင်ဘက်ခြမ်းကို စစ်အုပ်စုက ဗုံးသီးအလုံး ၄၀ ကျော် တစ်နေကုန်နီးပါး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံတဝန်း စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် ၁၇၄ ခုကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထား

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ၄ နှစ်တာအတွင်း နိုင်ငံတဝန်းက စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်ပေါင်း ၁၇၄ ခုထက်မနည်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP - Myanmar) က ထုတ်ပြန်လိုက်ပါတယ်။
Read More

တညောင်တိုက်နယ်ရဲစခန်းကို စလင်းပကဖ သိမ်းပိုက်မီးရှို့၊  ရဲ ၈ ဦး သေပြီး  ၂ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိ

မကွေးတိုင်း၊ စလင်းမြို့နယ်က တညောင်တိုက်နယ်ရဲစခန်းကို ဒီနေ့ (ဇူလိုင် ၃၀) မနက်အစောပိုင်းမှာ စလင်းပကဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျုံပျော်မှာ AA တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုပြီး စစ်ကောက်စီက မြို့တွင်းမြို့ပြင် လုံခြုံရေးတင်းကျပ်ထား

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းမှာ အရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တွေ ရောက်နေပြီဆိုပြီး စစ်ကောင်စီတပ်က မြို့ရဲ့အတွင်းအပြင် လုံခြုံရေးတင်းကျပ်ကာ ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

ဟင်္သာတမြို့ အခြေစိုက် ခလရ ၁၈ အနီး ပစ်ထားတာ ကြာပြီဖြစ်တဲ့ လေယာဉ််ကွင်းကို စစ်ကောင်စီ အလျင်စလို ပြုပြင်နေ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၈ ခြေလျင်တပ်ရင်း (ခလရ ၁၈) အနီးက လေယာဉ်ကွင်းကို စစ်တပ်က အလျင်စလို ပြုပြင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ဟားခါးမှာ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာလို့ ဆုငွေချီးမြှင့်

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတာကြောင့် CDF ဟားခါးက ဆုငွေချီးမြှင့်ခဲ့တယ်လို့ Chinland Defense Force - CDF ဟားခါးက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
Read More

သဲကုန်းက ပျူစောထီး ၄ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သစ်နီတောအုပ်စု အောင်စီသာရွာမှာ နေထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၄ ယောက်ကို ပစ်ခတ်ရှင်းလင်းရာ ၃ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန် ဒဏ်ရာရသွားတယ်လို့ သဲကုန်း (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။