မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ၈ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကော်မရှင်ဘက်က ၈ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာစစ်ကြောင်း) တာဝန်ရှိသူ ရဲဘော်စမာက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်၊ မနက်ပိုင်းက တလုပ်မြို့ကျေးရွာအတွင်း အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုစခန်းတွေကို တော်လှန်ရေးတပ်တွေက စစ်ကြောင်း ၃ ခု ခွဲကာ ဝင်ရောက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မနက် ၆ နာရီက စတင်ခဲ့တဲ့ တိုက်ပွဲဟာ  ညနေ ၃ နာရီအထိ ၈ နာရီကြာမြင့်ခဲ့ပြီး စစ်အုပ်စုဘက်က အထိနာလာတာကြောင့် မြေပြင်စစ်ကူတွေအပြင် မြင်းခြံမြို့ဘက်ကနေ ဟောင်ဝစ်ဇာလက်နက်ကြီးတွေ ပစ်ခတ်တာ၊ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေပါ ရမ်းသမ်းလုပ်ဆောင်ခဲ့ကြောင်း ကိုစမာကပြောပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခံရမှုတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ယောက် (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရခဲ့သလို စခန်းကို အပြီးသတ် မသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရတယ်လို့ ပြောပါတယ်။

“သူတို့စခန်းက ရွာတောင်ဖျားမှာရှိတာပါ။ တိုက်ပေါ်တွေ အပင်တွေအောက်မှာ ဘန်ကာတွေလုပ်ပြီး နေနေတာပါ။ ပထမအင်အားက ၅၀ လောက် ရှိတယ်။ အဲ့ဒါ တိုက်ပွဲအပြီး စစ်ကူလာတာနဲ့ဆို ၁၀၀ကျော်သွားတယ်။ စခန်း အပြီးသတ်မသိမ်းနိုင်ပေမယ့် အထိနာစေခဲ့ပါတယ်” လို့ CDSOM (ဗိုလ်စင်္ကြာစစ်ကြောင်း) တာဝန်ရှိသူ ရဲဘော်စမာက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို. CDSOM နဲ့ PDF (Taloke) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

CDSOM ၏ စစ်ဆင်ရေးပုံရိပ်များ (ဓာတ်ပုံ Hein Min Tun)

0 Shares:
You May Also Like
Read More

သန်းခေါင်စာရင်းကောက်သူ​တွေကို တွေ့တဲ့နေရာမှာ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲပြော

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအတွက် သန်းခေါင်စာရင်း ကောက်ယူပေးသူတွေကိုလည်း ပြင်းပြင်းထန်ထန်အရေးယူသွားဖို့ရှိတယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
Read More

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် စစ်ဗျူဟာအမှတ် (၈) ရဲ့ အပတ်စဥ်(၅) မွမ်းမံသင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် စစ်ဗျူဟာအမှတ် (၈) က ပြုလုပ်တဲ့ အပတ်စဥ်(၅) မွမ်းမံသင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂ရက်နေ့ မနက်ပိုင်းမှာ ကရင်နီပြည်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွေကျင် စစ်ကောင်စီ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PDFစစ်ရုံးချုပ်က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ရဲ့ (၁၄၂) ရက်မြောက်မှာ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြောက်ဦးက AA ရဲ့ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေ သေဆုံးမှုရှိဟု သိရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ရက္ခိုင့်တပ်တော် AA ရဲ့ စစ်သုံ့ပန်းတွေ ထားရှိရာ အကျဥ်းစခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းနဲ့ မိသားစုဝင်အချို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

သရက်သီးထွက်ကောက်သည့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံး၊ AK တစ်လက် ရရှိ

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်း ကုက္ကိုစုရွာမှာ သရက်သီးထွက်ကောက်တဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးသေဆုံးသွားတယ်လို့ နွေဦးညီနောင် − ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။