လက်ရှိတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်အခဲတွေထဲမှာ ကိုယ်ကျိုးစီးပွားတစ်ခုတည်း ကြည့်တဲ့ တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှုလည်း ပါဝင်တယ်လို့ တအာင်းတပ်မတော် (TNLA) ရဲ့ အတွင်းရေးမှူး တာဘုန်းကျော်က မနေ့က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် လူစိတ်မဲ့စွာ သတ်ဖြတ်ရက်စက်ဝံ့တဲ့ မြန်မာစစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေ၊ အာဏာရှင်ရဲ့ ရှည်ကြာတဲ့ဖိနှိပ်မှုမှာ နွမ်းလျလက်ပမ်းကျနေတဲ့ ပြည်သူလူထုနဲ့ တော်လှန်ရေးအတွက် ခိုင်မာအားကောင်းတဲ့ ဦးဆောင်မှု မတည်ဆောက်နိုင်သေးတာတွေဟာ အကြီးမားဆုံးအခက်အခဲတွေ ဖြစ်တယ်လို့ TNLA အတွင်းရေးမှူးက ပြောပါတယ်။

အခြား ကြီးမားတဲ့အခက်အခဲတွေလည်း ရှိနိုင်တာကြောင့် တော်လှန်ရေးရဲဘော်တွေကို “ဒီလိုပဲ၊ လဲကျလိုက် ပြန်ထလိုက်နဲ့၊ ဒီအခက်အခဲတွေကို ကျော်လွှားဖို့ အဆင့်ဆင့်ဖြတ်ကျော်ကြရမှာပါပဲ ရဲဘော်တို့” လို့ ဗိုလ်ချုပ်တာဘုန်းကျော်က အားပေးစကား ပြောကြားထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ မဖြစ်ပွားရေးအတွက် TNLA အပေါ် ဖိအားပေးမှုတွေ ကြီးကြီးမားမား ပေးနေသလို စစ်အုပ်စုကလည်း မိုးကုတ်၊ သပိတ်ကျင်း၊ သီပေါ၊ ကျောက်မဲတို့မှာ စစ်ရေးဖိအားတွေ ဆက်တိုက်ပေးလာနေတယ်လို့လည်း ဩဂုတ်လ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ TNLA က ပြောဆိုထားပါတယ်။

လာမယ့် ဩဂုတ်လအတွင်း တရုတ်နိုင်ငံရဲ့ စီစဉ်မှုနဲ့ TNLA နဲ့ အကြမ်းဖက်စစ်တပ် တွေ့ဆုံဆွေးနွေးဖို့ ရှိနေပေမယ့် TNLA အနေနဲ့ သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို စစ်တပ်က ပြန်လည်တောင်းယူရင်လည်း ပေးအပ်ဖို့ မရှိကြောင်း TNLA က ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

NUG ယာယီသမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များ၊ KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နှင့် ချင်းညီနောင် ခေါင်းဆောင်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလအပါအဝင် NUG အစိုးရအဖွဲ့ဝင်တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ဒုဗိုလ်ချုပ်ကြီးဂွမ်မော်တို့ကို ချင်းညီနောင်ခေါင်းဆောင်တွေ သီးခြားစီ တွေ့ဆုံခဲ့တယ်လို့ ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းတင်မီက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

ရန်ကုန်မှာ စစ်ကောင်စီကို ILO မှ ပုဒ်မ ၃၃ ဖြင့် အရေးယူရေး သတင်းစကားမျှဝေမှု ဆက်တိုက်လုပ်ဆောင်နေ

ရန်ကုန်မြို့နေရာအနှံ့မှာ အကြမ်းဖက်စစ်ကောင်စီကို ILO က ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ လိုအပ်တဲ့ အချက်တွေ ပါဝင်တဲ့ သတင်းစကား စာရွက်တွေကို ရန်ကုန်တော်လှန်‌ရေးသပိတ်အင်အားစုတွေက ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းတပ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီ လေကြောင်းက ဆက်တိုက် ဗုံးကြဲနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းအဆက်မပြတ် အသုံးပြုနေကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမန်ထံက သိရပါတယ်။
Read More

ကန်ပက်လက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မည်သည့်ပွဲမှ လတ်တလော မကျင်းပရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ပြည်သူတွေအနေနဲ့ လူစုလူဝေး ဖြစ်စေနိုင်တဲ့ ပွဲလမ်းသဘင်တွေ လတ်တလောမှာ ကျင်းပခြင်း မပြုလုပ်ကြဖို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီ၊ စစ်မှုထမ်းအပတ်စဥ် (၈) သင်တန်းဆင်း၊ တပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီတပ်၊ ခမရ (၄၃၁) မှ တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၃) ထံကို အလင်းဝင်ရောက် လာတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

သရက်ချောင်းမှာ ၁၇ ရက်ကြာ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့၊ စစ်ကောင်စီဘက်က သေဆုံးမှုများပြားနေ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။