မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကော်မရှင်က ဗုံးသီးအလုံး ၄၀ ကျော်ကြဲချတိုက်ခိုက်ရင်း စစ်ကြောင်းထိုး မီးရှို့တာတွေလုပ်ဆောင်ခဲ့ကြောင်း Voice Of Mandalay အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

သြဂုတ်လ ၁၂ရက်၊ ဒီနေ့မနက်အစောပိုင်းကစလို့ မတ္တရာမြို့နယ်အရှေ့တောင်ပိုင်းမှာရှိတဲ့ ကျောက်တံတား၊ လက်ဝဲကြီးနဲ့ ထန်းပင်ကုန်းရွာ အနီးတဝိုက်တို့ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၃၈ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နေ့လယ်ပိုင်းမှာလည်း အထက်ပါ ကျေးရွာတွေဆီ လေယာဥ်ပေါ်ကနေ စက်လက်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့သလို ထန်းပင်ကုန်းကျေးရွာကို စစ်ကြောင်းဝင်ရောက်ကာ မီးရှို့ခဲ့ပါသေးတယ်။

ထပ်မံပြီးတော့လည်း ညနေပိုင်းအချိန်ကစလို့ မတ္တရာမြို့ပေါ်တပ်စွဲထားတဲ့ စစ်အုပ်စုတွေက လေကြောင်းတိုက်ခိုက်ထားတဲ့နေရာတွေကို လက်နက်ကြီး ၅လုံး ထပ်မံပစ်ခတ်ခဲ့ကြောင်း Voice Of Mandalay အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“စစ်ကြောင်းထိုးမပေါက်တာတွေဖြစ်တော့ သူတို့အတွက် လေကြောင်းကိုပဲ ဆက်တိုက်အားကိုးနေရသလို ဖြစ်နေတာ” လို့ Voice Of Mandalay အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အလားတူ ဒီနေ့ညနေပိုင်းမှာလည်း ဝက်လက်မြို့နယ်၊ ပြွတ်ချောင်းရွာ အနီးတဝိုက်ကို ဂျက်ဖိုက်တာပေါ်ကနေ ဗုံးသီး ၃လုံး ကြဲချရင်း ရော့ကတ်တွေနဲ့ပါ ပစ်ခတ်ခဲ့ပါသေးတယ်။

လက်ရှိမှာ မန္တလေးတိုင်းအတွင်းက မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်အပြင် နယ်မြေချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်းထဲက စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်တို့မှာလည်း အကြမ်းဖက်စစ်ကော်မရှင် စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့မှုတွေရှိနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ABSDF မကွေးတိုင်းဆက်ဆံရေးရုံးမှ Gender, CEDAW, Women Peace and Security (WPS) ‎အမြင်ဖွင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် စစ်ဘေးရှောင်စခန်းတစ်နေရာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မကွေးတိုင်းဆက်ဆံရေးရုံးက Gender, CEDAW(The Convention on the Elimination of All Forms of Discrimination Against Women), Women Peace and Security (WPS) အမြင်ဖွင့် အလုပ်ရုံဆွေးနွေးပွဲကို (၃)ရက်တာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်လှုပ်ခတ်စဉ် ငွေသားလုံခြုံရေးအကြောင်းပြကာ တံခါးပိတ်ခဲ့တဲ့ ပျော်ဘွယ် KBZ ဘဏ်မှာ သေဆုံးသူ ၂၀ အထိရှိခဲ့

ငလျင်ကြောင့် ဆိုးရွားစွာ ပြိုကျခဲ့တဲ့ ပျော်ဘွယ်က KBZ ဘဏ်အဆောက်အအုံအတွင်း သေဆုံးသူ ၂၀ အထိရှိခဲ့တယ်လို့ပျော်ဘွယ်မီးသတ်က ဧပြီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

စဥ့်ကူးမှာ လူစည်ကားရာ စျေးကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၆)ဦးအပါ ပြည်သူ (၂၇)ဦး သေဆုံး၊ အယောက် ၃၀ ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာက စျေးတန်းကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၆) ယောက် အပါအဝင် ပြည်သူ (၂၇) ယောက် သေဆုံးခဲ့တယ်လို့ MDY-PDF က ဒီနေ့မှာ ထပ်မံ ထုတ်ပြန်ပါတယ်။
Read More

ကျုံပျော်မှာ စစ်တပ်ရိက္ခာပို့ဖို့ ကားငှါးရမ်းခ ကုန်ကျငွေကို ပြည်သူဆီက ကောက်ခံ

စစ်ကောင်စီဟာ ဧရာဝတီတိုင်းနဲ့ ရခိုင်အစပ်ကို စစ်တပ်ရိက္ခာပို့ဆောင်ဖို့ ကုန်ကားငှါးရမ်းခဆိုပြီး ဧရာဝတီတိုင်း ကျုံပျော်မြို့နေ ပြည်သူတွေထံက ငွေကြေးကောက်ခံနေတယ်လို့ သိရပါတယ်။
Read More

ငလျင်ဒဏ် ခံစားနေရချိန် ညောင်ဦးအနောက်ဘက်ခြမ်း ရွာများကို စစ်​အုပ်စု အင်အားအလုံးအရင်းသုံးပြီး မီးရှို့ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်လှုပ်ရှားမှုများနှင့် ခလရတပ်တွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရွှေဘို ပကဖ လုပ်ဆောင်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုစိုးမိုးထားရာ မြို့ပေါ်နေရာအနှံ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့သလို ခလရ ၄၂ တပ်စခန်းကိုလည်း ဒရုန်းတွေနဲ့ သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။