အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စကစ) ကို ဖျက်သိမ်းပြီး စစ်ကော်မရှင်လို့ ဆိုနိုင်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (SSPC) ကို မြန်မာနိုင်ငံရဲ့ ကြားကာလအစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းလိုက်တာဟာ စစ်မှန်တဲ့ ပြောင်းလဲမှု မဟုတ်ကြောင်းနဲ့ လွန်စွာစိုးရိမ်ကြောင်း International IDEA က သဘောထားထုတ်ပြန်လာပါတယ်။ 

မြန်မာစစ်တပ်ဟာ အရေးပေါ်ကာလအုပ်ချုပ်ရေးအဖြစ် ၇ကြိမ်တိုင်တိုင် သက်တမ်းတိုးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှာတော့ အရေး‌ပေါ်အခြေအနေကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့တာပါ။ အဲဒီနောက်မှာမှ စစ်ကောင်စီနဲ့ အသွင်တူတဲ့ ကြားကာလအစိုးရသစ်တစ်ရပ် (SSPC) ကို ဖွဲ့စည်းကာ အာဏာလွှဲပြောင်း ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီလိုဆောင်ရွက်မှုဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှု မဟုတ်ဘဲ ရွေးကောက်ပွဲမတိုင်မီ စစ်အုပ်ချုပ်ရေးကို ဒီမိုကရေစီနည်းကျ တရားဝင်တဲ့ အသွင်ဖြစ်အောင် နည်းဗျူဟာကျကျ ပြန်လည်ပြင်ဆင်ထားတာသာ ဖြစ်တယ်လို့  International IDEA က ထုတ်ပြန်လာတာဖြစ်ပါတယ်။  

ဒါ့အပြင် စစ်တပ်ဟာ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်မှုတွေကို ဟန့်တားဖို့ “ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ” ဆိုတဲ့ ဥပဒေသစ်တစ်ခုကို ပြဋ္ဌာန်းခဲ့ပြီး  ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို “ဖျက်ဆီးမှု သို့မဟုတ် နှောင့်ယှက်မှု” မှန်သမျှအတွက် သေဒဏ်အပါအဝင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို ချမှတ်ထားကြောင်း၊ VPNs သုံးဆွဲပြီး သတင်းအချက်အလက် မျှဝေသူတွေ၊ စစ်တပ်အပေါ် ဝေဖန်သူတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာတွေဟာ လူ့အခွင့်အရေးချိုးဖောက်နေတာဖြစ်ကြောင်း ဆိုထားပါတယ်။ 

ဒါကြောင့် International IDEA အနေနဲ့ စစ်အာဏာရှင်ရဲ့ ရွေးကောက်ပွဲကို မည်သည့် ပံ့ပိုးမှု၊ အကူအညီမှ မပေးရန်၊ မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှု၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးပမ်းအားထုတ်နေတဲ့ အဖွဲ့အစည်းတွေကို အသိအမှတ်ပြုရန်နဲ့ နည်းပညာ၊ ဘဏ္ဍာ‌ရေး ဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ပေးအပ်ရန်၊  လူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းတွေကို ထိန်းသိမ်းလိုက်နာပြီး  အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ၊ ပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ လက်ရှိ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းစဥ်တို့ကို  ပံ့ပိုးကူညီရန် ဆိုတဲ့ အချက်တွေတို့ကို နိုင်ငံတာအသိုင်းအဝိုင်းထံ တောင်းဆိုထားတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် စစ်အာဏာရှင်နဲ့ နှစ်နိုင်ငံကြားသော်လည်းကောင်း၊ နိုင်ငံတကာနဲ့သော်လည်ကောင်း  သံတမန်ဆက်ဆံရေးထားရှိတာဟာ စစ်တပ်ကို တရားဝင်မှုပေးနေတာဖြစ်ပြီး ဒါကို တားဆီးဖို့အတွက်  နိုင်ငံတွေကြားမှာ သံတမန်အရေးအရ လှုံဆော်အသိပေးမှုတွေကို တိုးမြှင့်ရန်၊ မြန်မာနိုင်ငံ အထူးသဖြင့် စစ်အာဏာရှင်တွေနဲ့ ထိတွေ့ဆက်ဆံရာမှာ ‘ဆိုးကျိုးဖြစ်ပေါ်မှုမရှိစေရေး (do no harm)’ နည်းလမ်းကို ကျင့်သုံးရန်နဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန်လည်း တောင်းဆိုထားတာ ဖြစ်ပါတယ်။ 

International IDEA အနေနဲ့လည်း မြန်မာ့ဒီမိုကရေစီအနာဂတ်ကို ကူညီပံ့ပိုးပေးသူတွေ အားလုံးနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ ကတိကဝတ်ပြုပြီး ဒီမိုကရေစီအဖွဲ့အစည်းတွေကို အကာအကွယ်ပေးရေး၊ အားလုံးပါဝင်မှုရှိတဲ့ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် ဆက်လက် ထောက်ခံအားပေး လှုံ့ဆော်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

International IDEA ဟာ မြန်မာနိုင်ငံ လွှတ်တော်ဖွံ့ဖြိုးရေး အထောက်အကူပြုလုပ်ငန်းတွေကို စဥ်ဆက်မပြတ် ကူညီပေးနေတဲ့ မြန်မာနိုင်ငံဒီမိုကရေစီနဲ့ ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရှင်သန်ရေးအတွက် အကူအညီပေးမှုတွေ လုပ်ဆောင်နေတဲ့ အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အနောက်အုပ်စုအကူအညီများ လျှော့ချခြင်းက အရှေ့တောင်အာရှအတွင်း တရုတ်လွှမ်းမိုးမှုကို တိုးလာစေ

ထရမ့်အစိုးရနဲ့ အခြားအနောက်နိုင်ငံက အလှူရှင်တွေရဲ့ အကူအညီတွေ လျှော့ချလိုက်ခြင်းဟာ အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို မြင့်တက်လာစေကြောင်း ဩဇတေးလျ ဉာဏအဖွဲ့အစည်းတစ်ခုက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
Read More

ဘင်္ဂလားဒေ့ရှ်မှတဆင့် မြန်မာကို လူသားချင်းစာနာမှုအကူအညီပေးဖို့ ကုလအကြီးအကဲ ပြော၊ AA နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရမည်ဟု ဆို

ကုလသမဂ္ဂအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာကို လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းဖောက်ဖို့ ဖြစ်နိုင်ခြေကို ရှာဖွေနေကြောင်း အကြီးအကဲ အန်တိုနီယိုဂူတာရက်စ်က မတ်လ ၁၅ ရက်မှာ ပြောပါတယ်။
Read More

မြန်မာ့အရေးအတွက် အင်ဒိုနီးရှားမှာ ဆွေးနွေးမယ်

အဖြေပေါ်ဖို့ခက်နေတဲ့ မြန်မာ့အရေးအတွက် မြန်မာအတိုက်အခံ အင်အားစုတွေ၊ နိုင်ငံတကာသံတမန်တွေ အင်ဒိုနီးရှားမှာဆွေးနွေးမှုတွေလုပ်ဆောင်သွားမယ်လို့ နိုင်ငံတကာ သတင်းတချို့မှာ ဖော်ပြရေးသားလာပါတယ်။
Read More

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဂျပန်နိုင်ငံရေးပါတီအမတ်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဂျပန်နိုင်ငံရှိ နိုင်ငံရေးပါတီတွေက လွှတ်တော်အမတ်တွေ တွေ့ဆုံခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။ ဂျပန်နိုင်ငံရောက်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဒီဇင်ဘာ ၁ ရက်နဲ့ ၂ရက်နေ့မှာ ဂျပန်နိုင်ငံက လက်ရှိအာဏာရ နိုင်ငံရေးပါတီအပါအဝင် ပါတီ ၄ခုနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဂျပန်လွှတ်တော်အတွင်း တင်ပြနိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကျားဖြန့်တွေကို သည်းမခံဘူး၊ ပါတဲ့လူအကုန် တရားစွဲမယ်လို့ ထိုင်းဝန်ကြီးချုပ် ကြေညာ

ထိုင်းဝန်ကြီးချုပ် အနုထင်ဟာ ကျားဖြန့်နှိမ်နင်းရေးကို အမျိုးသားအစီအစဉ်တတရပ်အနေနဲ့ ကြေညာလိုက်ပြီး ဒီလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အရာရှိတွေ၊ နိုင်ငံရေးသမားတွေအားလုံးကို တရားစွဲမယ်လို့ နိုဝင်ဘာလ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။
Read More

မဲဆောက်မှာ ဟိုတယ်၊ မိုတယ်နဲ့ လူနေတန်းလျား ၁၃၁ နေရာကို ထိုင်းအာဏာပိုင်တွေ စီမံချက်နဲ့ ဝင်ရောက်စစ်ဆေး

ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့မှာရှိတဲ့ ဟိုတယ်၊ မိုတယ် အပါအဝင် လူနေအိမ်တန်းလျားပေါင်း ၁၃၁ နေရာကို ထိုင်း လဝက အပါအဝင် ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၂၂ ရက်နေ့မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။