မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ အကြမ်းဖက်စစ်ကော်မရှင်လက်အောက်က အစိုးရသူနာပြု သင်တန်းကျောင်းမှာ ကျောင်းသူတစ်ယောက် မီးလောင် သေဆုံးနေခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ သြဂုတ်လ ၁၂ရက်မှာ အသက် ၂၀ ဝန်းကျင်အရွယ် သူနာပြုကျောင်းသူ မပြည့်ပြည့်ဝင်းကို အိမ်သာထဲမှာ တံခါးလော့ချထားကာ ဒီဇယ်တွေ လောင်းချထားပြီး မီးလောင်သေဆုံးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ မပြည့်ပြည့်ဝင်းဟာ ကယားပြည်နယ်မှာ နေထိုင်သူဖြစ်ပြီး သူနာပြုသင်တန်းဆင်းဖို့ ၅လ ဝန်းကျင်သာ လိုတော့တယ်လို့ သိရပါတယ်။

မီးလောင်သေဆုံးထားတဲ့ ရုပ်အလောင်းကို အပြင်ထုတ်ဖို့ တံခါးဖွင့်မရတာကြောင့် ကယ်ဆယ်ရေးသမားတွေက ရေချိုးခန်းအပေါ်ကနေတက်ပြီး အလောင်းကို ဆွဲတင်ပြီးမှ တံခါးကို ဖွင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ မနက် ၄နာရီလောက်မှာတော့ မပြည့်ပြည့်ဝင်းရဲ့ ရုပ်အလောင်းကို ကယ်ဆယ်ရေးအဖွဲ့က ပြည်သူ့ဆေးရုံ ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်သေဆုံးခဲ့တဲ့ မပြည့်ပြည့်ဝင်းဟာ ကိုယ့်ကိုကိုယ် မီးရှို့ပြီး အဆုံးစီရင်ခဲ့တယ်လို့ လူမှုကွန်ရက်ပေါ်မှာ မှတ်ချက်ပေးသူ အတော်များများ ရှိကြသလို ဒါဟာ အဆုံးစီရင်တာ မဟုတ်ဘဲ လုပ်ကြံခံရတဲ့ အခြေအနေဖြစ်တယ်လို့လည်း မှတ်ချက်ပေးသူတွေ ရှိကြပါတယ်။

မောင်းသတင်းဌာနအနေနဲ့ ကူညီကယ်ဆယ်ပေးခဲ့တဲ့ ဝန်ဇင်းငယ်အသင်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

ဘုတလင်နယ်ကို စစ်အုပ်စုက ထိတွေ့ပစ်ခတ်မှုမရှိဘဲ စက်တပ်လေထီးနဲ့ ၂ ရက်တိုင် ပစ်ခတ် ၊ ဒေသခံတစ်ဦးထိမှန်ဒဏ်ရာရ…

" အခြေအနေကတော့ ဘာမှထူးခြားမှုမရှိပါဘူးဗျ ၊ သပ်သပ်ကို လာကြဲတာပါ၊ နေအိမ်ကတော့ ပျက်ဆီး ဆုံးရှုံးမှုမရှိပါဘူးခင်ဗျ ၊ ဒဏ်ရာရတဲ့တစ်ယောက်က သူ့အိမ်မှာနေရင်းအစထိမှန်သွားတာ" လို့ ရွာဇော်ကြီးတော်လှန်အသံမှ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီတူး တို့ တက်ရောက်ခဲ့သည့် BPLA အမှတ်စဉ်(၉) သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာမှာ ၂၀၂၅ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖယ်ခုံက နောင်ဝိုးတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အင်းလေး PDF က ရဲဘော်ရဲ့ စျာပနအခမ်းအနား…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ နောင်ဝိုးကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်ရဲ့ စျာပနအခမ်းအနားကို အောက်တိုဘာ ၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကောင်စီက နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၀၀၀ ကျော် ပြုလုပ်ခဲ့

စစ်အာဏာသိမ်းမှု ၄ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီက တစ်နိုင်ငံလုံးကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ  ၄၀၀၀ ကျော်ပြုလုပ်ခဲ့ကြောင်း  Blood Money အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွင် အဓိက ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား ၄၀၀ ကျော် ဖမ်းဆီးရရှိခဲ့ ဟု စစ်ကောင်စီ ပြော

ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တိုက်ဖျက်နေတယ်လို့အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

၂၀၂၅ ခုနှစ်မှာ မန္တလေးတိုင်းအတွင်း စစ်ကောင်စီကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါ ၂၇ ဦး သေဆုံးခဲ့

မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ်အစပိုင်း ၂ လကျော်ကြာချိန်မှာ အကြမ်းဖက်စစ်ကောင်စီကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် ၂၇ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။