ထိုင်းနိုင်ငံ Khao Khi Foi ခရိုင်ခွဲထဲက တောအုပ်တစ်ခုမှာ စွန့်ပစ်ထားတဲ့ ကား ၃စီးကနေ မြန်မာနိုင်ငံသား ၅၅ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

မနေ့က သြဂုတ်လ ၁၁ရက်မှာ Uthai Thani ပြည်နယ်မှာရှိတဲ့ Thap Than ရဲစခန်းကနေ အထက်ပါ တောအုပ်ထဲက ကားတွေထဲမှာ မြန်မာအမျိုးသား ၃၆ယောက်၊ အမျိုးသမီး ၁၉ ယောက်၊ စုစုပေါင်း ၅၅ ယောက်ကို ရှာဖွေတွေ့ရှိခဲ့တာြဖစ်ပြီး ကားမောင်းသူတွေကတော့ ရဲတွေ ရောက်မလာခင် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ဘန်ကောက်မှာ အလုပ်လုပ်ဖို့အတွက် မဲဆောက်ကနေ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတာဖြစ်ပြီး အထောက်အထား စာရွက်စာတမ်းတွေလည်း မရှိဘူးလို့ သိရပါတယ်။ ဒီလူတွေဟာ လူကုန်ကူးခံရသူတွေ ဟုတ်၊ မဟုတ် ဆိုတာကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးနေတယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

တရုတ်ကျားဖြန့် ရာနှင့်ချီ ထိန်းသိမ်းထားသည့် မဲဆောက်ရှိ စခန်းတခုတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား၊ လွတ်မြောက်သူရှိမရှိ စစ်ဆေးနေဆဲ

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖြိုခွင်းနေမှုအတွင်း ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၃၀၀ ခန့်ကို ထိန်းသိမ်းထားတဲ့ မဲဆောက်မြို့က စခန်းတခုမှာ ဒီဇင်ဘာ ၉ ရက် ညက ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြထားပါတယ်။
Read More

အုန်းဖျန်ဗုံးပေါက်ကွဲမှု ဝမ်းနည်းရှုတ်ချကြောင်း KNU ထုတ်ပြန်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖျန်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပစ်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စု ရွေးကောက်ပွဲအလွန်မှာပင် မြန်မာနှင့် အာဆီယံ ပြန်လည်ထိတွေ့ဆက်ဆံရန် ခက်ခဲဦးမည်ဟု ထိုင်းဝန်ကြီး ပြောကြား

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအပြီးမှာတောင် အာဆီယံအနေနဲ့ မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ခက်ခဲနေဦးမှာဖြစ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးချိန်တန်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့ AFP နဲ့ Reuters သတင်းဌာနတွေကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းက နိုဝင်ဘာလ ၂၆ ရက်မှာ ဖော်ပြထားပါတယ်။
Read More

ရွှေကုက္ကိုလ်ကျားဖြန့်မှ ကွန်ပျူတာနှင့် မိုဘိုင်းလ်ဖုန်းများအား စစ်တပ်နှင့် BGF အများရှေ့တွင် အဖျက်ပြ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်ကျားဖြန့် လုပ်ငန်းအဆောက်အဦးတွေကနေ သိမ်းဆည်းရမိတဲ့ ကွန်ပျူတာနဲ့ မိုဘိုင်းလ်ဖုန်းတွေကို အာဏာသိမ်းစစ်တပ်နဲ့ သူ့လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့ ဒီနေ့မှာ ဖျက်ဆီးပြခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod English က ဖော်ပြထားပါတယ်။
Read More

ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့အတူ မျောသွားတဲ့ ရေလုပ်သား ၄ ယောက်ကို အိန္ဒိယ ကမ်းစောင့်တပ် ကယ်တင်ခဲ့…

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့အတူမျောပါသွားတဲ့ ရေလုပ်သား ၄ ယောက် အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းစောင့်တပ်က ဒီဇင်ဘာလ ၆ ရက် မနေ့က ကယ်ဆယ်ကူညီထားတယ်လို့ The Hindu သတင်းက ဒီဇင်ဘာလ ၇ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ မတရား ကွပ်မျက်ခံရမှုအပေါ် အောက်မေ့သတိရကြောင်း ဗြိတိသျှသံရုံး ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က မတရားသဖြင့် ဖမ်းဆီးကွပ်မျက်ခဲ့တဲ့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့အတွက် သတိရအောက်မေ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။