စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တောင်းရင်းရွာအနီး မော်တော်ယာဉ်တွေရပ်နားတဲ့ စားသောက်ဆိုင်ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ယောက်သေဆုံးပြီး ယာဉ် ၄ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၁၁ ရက် မနေ့နေ့လယ်ပိုင်းက ‌တောင်းရင်းရွာအနီး ယာဉ်ရပ်နားတဲ့ စားသောက်ဆိုင်ကို တံတားဦးလေဆိပ်တက် တိုက်လေယာဉ် ၂ စီးနဲ့ မိတ္ထီလာမှ တက်လာတဲ့ တိုက်လေယာဉ် ၂ စီးက လေယာဉ်တိုက်ခိုက်မှု အကြိမ် ၂၀ ခန့်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ယောက်သေဆုံးခဲ့ပြီး ယာဉ် ၄ စီး မီးလောင်ပျက်စီးခဲ့ရကာ အနီးနားရှိ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်သားတွေ အစောင့်လိုက်ပါလာတဲ့ ဆီဘောက်စာယာဉ်တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့ဘက်ကနေ ထွက်လာတဲ့ ဆီဘောက်စာယာဉ် အစီး ၄၀၊ တွဲကား ၄ စီးနဲ့ သံပြားကာ ယာဉ် ၅ စီးကို နိုဝင်ဘာ ၄ ရက် ညနေပိုင်းက မအူ-မြေနဲကြားမှာ တော်လှန်ရေးတပ်တွေက စောင့်ဆိုင်းပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တနင်္သာရီမှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်ရှေ့ပြေးကာကင်းအဖွဲ့အား မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ ၂ ပွင့် ဗိုလ်ကြီးအပါ ၂ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ဘက်နေ သိန်ခွန်းရွာဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းရဲ့ ရှေ့ပြေးကာကင်း ခြေလျင်အဖွဲ့ကို မတ်လ ၁၂ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖထံက သိရပါတယ်။
Read More

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ စက်သုံးဆီဆိုင်ပိုင်ရှင် ၅ ရက်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေ (ရုပ်/သံ)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် မြို့ပတ်လမ်း ၃၃ လမ်းနဲ့ ၃၄ လမ်းထောင့်က စားသောက်ဆိုင်အနီးမှာ ဇန်နဝါရီ ၃ ရက် ညနေပိုင်းက စတားပါဝါစက်သုံးဆီဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောကို ဟန့်တားရင်း တရုတ်ရဲ့ စစ်သင်္ဘောနှင့် ကမ်းခြေစောင့်သင်္ဘော အချင်းချင်း တိုက်မိ (ရုပ်/သံ)

အငြင်းပွားနေတဲ့ ရေပြင်မှာ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောကို ဟန့်တားရာ တရုတ်ရဲ့ စစ်သင်္ဘောနဲ့ ကမ်းခြေစောင့်သင်္ဘောတို့ အချင်းချင်းတိုက်မိခဲ့တယ်လို့ ဖိလစ်ပိုင်ရေတပ်က သြဂုတ် ၁၁ ရက်မှာ ဗီဒီယိုနဲ့တကွ ဖော်ပြခဲ့ပါတယ်။ 
Read More

ကောလင်း-ဝန်းသိုလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေ (ရုပ်/သံ)

ကောလင်းခရိုင် အမှတ်၂တပ်ရင်း ထိန်းချုပ်စိုးမိုးထားတဲ့ စစ်ကိုင်းတိုင်း ကောလင်း-ဝန်းသိုလမ်းပိုင်းကုထ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ကောလင်းခရိုင်တပ်ရင်း၂ ထံက သိရပါတယ်။