မကွေးတိုင်း ၊ ပေါက်မြို့နယ်အရှေ့ခြမ်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ရှောင်ပြည်သူတစ်ချို့ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ပေါက်မြို့ဒေသခံဆီက သိရပါတယ်။

သြဂုတ် ၁၁ ရက် ဒီနေ့ မနက် ၉ နာရီကျော်လောက်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ Y 12 လေယာဉ် ဟာ ပေါက်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာတွေဘက်ကို လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁၃ ကြိမ်ထက် မနည်း ပြုလုပ်ခဲ့သလို ဗုံးသီးအလုံးရေ ၅၀ ဝန်းကျင်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ရှခွလေးရွာထဲ ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးတစ်ယောက် အပါအဝင် ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့သလို ပေါက်နယ်အရှေ့မြောက်ခြမ်းရှိ မုန်တောရွာက ပြည်သူတစ်ယောက် နဲ့ ညောင်ပင်တိုက်ရွာမှာ စစ်ရှောင်နေတဲ့ ဒေသခံတစ်ယောက်လည်း ထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၃၀ ခန့် ရှိပြီး အဲဒီထဲမှာ စိုးရိမ်ရတဲ့ပြည်သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

“ဒီမနက်ခင်းပိုင်းက Y 12 တစ်စီး နဲ့ လေကြောင်းတိုက်ခိုက်ရာကနေ ဗုံးသီးစထိမှန်ပြီး သေဆုံးတာဗျ ၊ နပ္ပဇင်း နဲ့ တင်ငုတ်ပြင်၊ ညောင်ပင်တိုက်ဘက်မှာ ထိခိုက်ဒဏ်ရာအများအပြားရှိတယ်၊ ဖုန်းလိုင်းအခက်အခဲကြောင့် အသေးစိတ်ကိုတော့ မသိရသေးဘူး၊ ဒဏ်ရာရတဲ့သူတွေထဲမှာ စိုးရိမ်ရတဲ့သူတွေလည်းရှိတယ်။ အခုလဲ လေယာဉ်ကတစ်အားဝဲနေတာ” လို့ ပေါက်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် ပခုက္ကူတပ်မ ၁၀၁ ကနေ ပေါက်နယ်ဘက်ကို ရိက္ခာကားတန်းနဲ့အတူ အင်အား ၁၀၀၀ ကျော်ခန့်ရှိတဲ့ ရှေ့ပြေးခြေလျင်စစ်ကြောင်းဟာ ငမို့ကြီးရွာကနေ ညောင်ပင်သာရွာထဲကို ဝင်ရောက်လာပြီး ကလေးငယ်တွေ နဲ့ လူငယ်တစ်ချို့ကို ညောင်ပင်သာရွာကနေ မြောက်ဘက်ကို ဆက်လက်ထွက်ခွာလာပြီး ဆယ်ပင်းရွာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

“ဖမ်းဆီးခေါ်ဆောင်ခံရသူ ၂၀ ဦးကျော်တယ်လို့ သတင်းရပါတယ်။ ရေပြာလမ်းဆုံကိုလည်း စစ်ကြောင်းခွဲရောက်ရှိထားပါတယ်။ဆင်သေရွာမှာလဲ အင်အား ၂၀၀ ခန့်ကျန်ရှိနေသေးတယ်။ ရိက္ခာကားတန်းတွေကလည်း ငမို့လေး နဲ့ ထန်းတောကုန်း၊ ရေပြာဖူးဝေဆီဆိုင်ကြားမှာရှိနေပါတယ်” လို့ ပေါက်ဒေသခံက ဆက်ပြောပါတယ်။

သြဂုတ် ၁၀ ရက်ကလည်း စစ်ကောင်စီတပ်သားတွေဟာ ပေါက်မြို့နယ်အရှေ့ပိုင်း ဆင်သေရွာကို အင်အား ၁၀၀ ဝန်းကျင် နဲ့ ဝင်ရောက်သွားကာ ဒေသခံတွေကို ဖမ်းဆီးထားပြီး ကျွန်းပင်စုရွာဘက်ကို ထွက်ခွာချိန်မှာတော့ ဖမ်းဆီးထားတဲ့ဒေသခံတွေကို ပြန်လည်လွတ်ပေးခဲ့ပေမယ့်လည်း ဆင်သေရွာထဲကို ထပ်မံပြီး ပျူစောထီးတွေက ဝင်ရောက်ခဲ့ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသွားတယ်လို့ သိရပါတယ်။

ပေါက်နယ်ဘက်မှာ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန်သေဆုံးသွားသူများ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ် အကြိုလှုပ်ရှားမှု Cobra Column 2 Venom စစ်ကြောင်း ပါဝင်ဆင်နွှဲ

ဥက္ကရစ်ထစခန်းကို ထိုးစစ်ဆင်အောင်ပွဲယူခဲ့တဲ့ တော်လှန်ရေးအင်အားစုများထဲမှ စစ်ကြောင်းတစ်ကြောင်းဖြစ်တဲ့ Cobra Column 2 Venom စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီးစောဝင်းမြင့် နဲ့အဖွဲ့ဝင်များက မကြာခင်ကျရောက်တော့မယ့် ၃၇နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်၊ ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသဘိတ် အကြိုလှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဒေါနစစ်ကြောင်း (၃) နှင့် မွန်၊ ကရင်၊ ထားဝယ် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်မည်

ဒေါနစစ်ကြောင်း ၃ နဲ့ မွန်၊ ကရင်၊ ထားဝယ်က လက်နက်ကိုင်တပ်ဖွဲ့တွေ မဟာမိတ်အဖြစ်  ပူးပေါင်းကာ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်သွားမယ်လို့ Kanbauk Defense Force က သတင်းထုတ်ပြန်ပါတယ်။ 
Read More

အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခံရမှုဖြစ်စဥ်မှ ကလေးငယ် ၂ဦး ထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၂၄ဦးအထိရှိလာ

ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာရထားတဲ့ ကလေးငယ် ၂ယောက်ထပ်မံ သေဆုံးသွားတာကြောင့် စုစုပေါင်းသေဆုံးသူ ၂၄ယောက်အထိရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

ဂတ်စ်ပိုက်လိုင်းစောင့် စစ်ကောင်စီဂိတ်စခန်းကို နွားထိုးကြီး ပကဖ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ တရုတ်ဂတ်(စ်)ပိုက်လိုင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပုသိမ်- မုံရွာလမ်းပိုင်းမှာ PDF တွေ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ် (ဓာတ်ပုံသတင်း)

အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ၄ နာရီကျော်ကြာ လုံခြုံရေး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မှာ ကင်းတံခါးလာပိတ်တဲ့ စစ်အုပ်စုတွေ ပစ်ခတ်ခံရပြီး ၃ ယောက်သေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ကင်းတံခါးပေါက် လာပိတ်တဲ့ စစ်ကောင်စီတပ်​ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး ၃ယောက်သေဆုံးသွားကြောင်း ကြောင်လက်သည်းအဖွဲ့ထံက သိရပါတယ်။