စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ နန်မွန်းတားရွာကို စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ ခလရ-၂၂၈ နဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား (၈၀) ခန့်ရှိတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ၊ စစ်အုပ်စုဖက်မှ ၆ ဦးသေဆုံးပြီး၊ ၂၀ ကျော် ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်နက် (၉) လက် နှင့် ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ဒီမနက်မှာ ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကို တမူးခရိုင် စစ်ကြောင်း၊ မော်လိုက်ခရိုင် စစ်ကြောင်း၊ ကလေးခရိုင် စစ်ကြောင်း၊ KNA(B)၊ NLA နဲ့ CNA တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် (၅) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး လက်နက် (၃) လက် ဆုံးရှုံးခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားရာအနီးတဝိုက်ကို စစ်တပ်က Yak-130 နဲ့ MIG-29 တိုက်လေယာဥ်များနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့သလို၊ OWA အသေခံဒရုန်း အမျိုးအစားများနဲ့လည်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းတိုင်းအတွင်း သယံဇာတရေးရာကိစ္စရပ်များအတွက် NUG သယံဇာတ ဒုဝန်ကြီး ဦးဆောင်သည့်အဖွဲ့ မြေပြင်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

စစ်ကိုင်းတိုင်းအတွင်း စိုးမိုးထိန်းချုပ်နယ်မြေတွေက သယံဇာတရေးရာကိစ္စရပ်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုဝန်ကြီး ခွန်းစောဖူး ဦးဆောင်တဲ့အဖွဲ့က မြေပြင်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်၊ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့အနီးက ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

အိမ်​ခြေ ၁၇၀ နီးပါးရှိတဲ့ မင်းပလောင်ရွာကို စစ်တပ် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့၊ ဒေသခံတွေ အရေးပေါ် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အိမ်ခြေ ၁၇၀ ကျော်ရှိတဲ့ မင်းပလောင်ကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရပြီး စားဝတ်နေရေး ဒုက္ခရောက်နေကြရတယ်လို့ ရွာငံဒေသခံတွေဆီက သိရပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းရှိ People’s Healthcare Network (Kalay) ၏ ကျန်းမာရေးစင်တာမှာ ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ People's Healthcare Network (Kalay) ရဲ့ Medical Centre (2)၊ PHN (Kalay) ကို ဖွင့်လှစ်ထားပြီး ဒေသခံပြည်သူတွေ၊ စစ်ရှောင်ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ သိရပါတယ်။
Read More

AA ရဲ့ ထိုးစစ်တွေကြားက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေ ငဖဲမှာ ပိတ်ဆို့တိိုက်ခိုက်ခံရ၊ ဗိုလ်ကြီး ၂ ဦးနှင့် အရာခံဗိုလ်အပါ ၁၀ ဦးထက်မနည်းသေဆုံးကာ ဗိုလ်ကြီး ၂ဦးအပါ ၁၂ ဦးကို အရှင်ဖမ်းမိ

ရခိုင်-မကွေး နယ်စပ်မျဥ်းတစ်လျှောက် ထိတွေ့တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေကို ပိတ်ဆို့တိုက်ခိုက်မှုမှာ ခမရ ၁၁၃ ဗိုလ်ကြီး ၂ယောက် အပါအဝင် ၁၂ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ဗိုလ်ကြီး ၂ယောက်နဲ့ အရာခံဗိုလ် အပါအဝင် သေဆုံးသူ ၁၀ယောက်ထက်မနည်း ရှိခဲ့တယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန်ပါတယ်။
Read More

သံတွဲနှင့် ဂွမြို့အနီး ပင်လယ်ပြင်တွင် ညအချိန် ငါးဖမ်းမှု AA တားမြစ်မိန့် ထုတ်ပြန်၊ ပင်လယ်ကမ်းဝေး ငါးမဖမ်းရန် ပြည်သူများကို မေတ္တာရပ်ခံ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ သံတွဲမြို့နယ်မှာ ပြည်သူတွေ ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းတာကို တားမြစ်ကန့်သတ်ကြောင်း အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၁၉ ရက် မနေ့က အသိပေးတားမြစ်မိန့် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လာပါတယ်။