စစ်ကော်မရှင်ရဲ့ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်ရဲ့ ခလရ တပ်ရင်း (၁၀၄) ပွိုင့်-၁၅၀၀ တပ်စခန်း တပ်ဖွဲ့ဝင်တပ်သား (၁) ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တပ်မတော် K.N.L.A တပ်မဟာ (၄)၊ တပ်ရင်း(၁၀) ထံသို့ ဘက်ပြောင်းခိုလှုံလာတာ ​ဖြစ်ပါတယ်။

‎ဩဂုတ်လ (၉) ရက်မှာ စစ်ကော်မရှင်ရဲ့ ခလရ တပ်ရင်း (၁၀၄) ပွိုင့်-၁၅၀၀တပ်စခန်း တပ်ဖွဲ့ဝင် (၁) ယောက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄)၊ တပ်ရင်း (၁၀) ကို MA-1(၁)လက်၊ ကျည်ဆံ (၃၀)၊ ကျည်ဘောင် (၁) ခုနဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

အောင်ပွဲရ တော်လှန်ရေးရဲဘော်များကို ပြည်သူလူထု ကြိုဆို (ဓာတ်ပုံသတင်း)

ရှေ့တန်းမှာ အောင်ပွဲရပြီး ပြန်လည်ရောက်ရှိလာတဲ့ မုံရွာခရိုင် အမှတ်(၅) တပ်ရင်း Aung San Force ရဲဘော်တွေကို ပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါ တပ်ရင်းက အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ် နေအိမ်မီးရှို့ဖျက်ဆီးမှုများအနက် စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံး၏ ၆၉ ရာခိုင်နှုန်းအထိ ရှိနေ

အာဏာသိမ်းစစ်တပ်ရဲ့ ကျေးရွာတွေအတွင်း စစ်‌ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပျက်စီးဆုံးရှုံးရမှုတွေထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၇ သောင်းကျော်အထိ ဖျက်ဆီးခံခဲ့ရပြီး နိုင်ငံတစ်ဝန်း အများဆုံးဖြစ်ခဲ့တယ်လို့ Data For Myanmar က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကနီမြို့နယ် NUG ပညာရေးတာဝန်ခံ မိသားစုလိုက် ရက်စက်စွာ အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ တပုန်းကျေးရွာမှာ နိုင်ဝင်ဘာ ၄ရက် ညပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးနဲ့ သူ့ရဲ့မိသားစုတွေ အသတ်ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကြောင့် ပေါက်အရှေ့ခြမ်းရှိ အရပ်သားပြည်သူများ မိုးရေထဲ စစ်ရှောင်နေရ

"ဝါယမက ညောင်ဂျစ်ပင်ရွာ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ပါ။ ပျူစောထီးခေါင်းဆောင်ပါ။ အာဏာမသိမ်းခင်ကတည်းက မဘသဘုန်းကြီးပါ။ အမေစု မုန်းတီးရေး တရားဟောတယ်။ အာဏာသိမ်းတာကို ထောက်ခံကြောင်း အဦးဆုံးပြောတဲ့ဘုန်းကြီးပါ။ ညောင်ဂျစ်ပင်နဲ့ အခုတော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ ရေလာလေးကို သူခေါင်းဆောင်တယ်။ စခတွေပျူတွေကို သူ့ကျောင်းမှာ ထားတယ်။ ပခုက္ကူ-ကမ္မ-ပေါက်လမ်းပိုင်းမှာ ငွေညှစ်တယ်။ မရရင် ဖမ်းတယ်" လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။
Read More

တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တဲ့ အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့

KLT.PDF – ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အောင်ပန်းဒေသက တော်လှန်ရေးရဲဘော်တွေ ပြန်လည်စုစည်းတည်ထောင်ထားတဲ့ တပ်ဖွဲ့ဖြစ်တဲ့ Urban Task Force Aung Ban – UTF (အောင်ပန်းမြို့ပြပြောက်ကျား) တပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့် အခမ်းအနားကို ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့်အခမ်းအနားကို မတ်လ ၂၈ ရက် မနေ့က ကနီမြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။