မကွေးတိုင်း၊ မြိုင်မြို့အနီးရှိ စစ်အုပ်စုရဲ့ ကင်းစခန်းတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ပေါက် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

ဩဂုတ်လ ၁၀ ရက် ဒီနေ့မနကိ အစောပိုင်းက မြိုင်မြို့အနီးရှိ အကြမ်းဖက် စစ်တပ် ကင်းစခန်းတစ်ခုကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားတစ်ယောက် သေဆုံးကာ ၃ ယောက် အရှင်ဖမ်းဆီးရရှိထားသလို G-3 သေနတ် ၃ လက် နဲ့ 7.62 ကျည် အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“ချည်းကပ်တာနဲ့ အချိန် ကြာသွားပေမယ့် အပြန်အလှန် ပစ်ခတ် ချိန် ၄ နာရီ ခန့်ပါ ခင်ဗျ၊ စစ်သုန့်ပန်း‌တွေကို တိုက်ပွဲ အတွင်း ဖမ်းဆီး ထိမ်းသိမ်းရမိခဲ့တာပါဗျ၊ သူတို့ကို စစ်သုန့်ပန်း ဥပဒေ နဲ့ အရေးယူသွားပါမယ်” လို့ ပေါက်ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေချိန်အတွင်း တံတားဦး‌လေတပ်ကနေ လာတဲ့ ဂျက်ဖိုက်တာ တစ်စီးဟာ ၁၂ နာရီ မိနစ် ၂၀ လောက်မှာ တစ်ကြိမ်၊ ၁၂ နာရီ ၂၂ မိနစ်လောက်မှာတစ်ကြိမ်၊ ရှမ်းတဲ‌လေတပ်ကနေ တက်လာတဲ့ FTC 2000G Fighter နဲ့ ၁၂ နာရီခွဲကျော်လောက်မှာ ၂ ကြိမ်၊ တမခ ၁၀၁ ကနေ တက်လာတဲ့ Paramotor (စက်တပ်လေထီး) ၂ စီးနဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့အနီးရှိစစ်အုပ်စုကင်းစခန်းအားပစ်ခတ်မှုအတွင်း သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းများ

လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပေမဲ့လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထိခိုက်ကျဆုံး သူတွေမရှိခဲ့ဘူးလို့ဆိုပါတယ်။

အဆိုပါ ကင်းစခန်းသိမ်းတိုက်ပွဲအပြီး စစ်အုပ်စုဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလူပ်ခဲ့တာကြောင့် ကင်းစခန်းကို မီးရှို့ဖျက်ဆီးတာမရှိခဲ့ဘူးလို့ သိရပါတယ်။

“လက်ရှိ အခြေအနေ အသေးစိတ် မရသေးပါဘူးဗျ ၊ တိုက်ပွဲဖြစ်တဲ့အချိန်မှာတော့ လေကြောင်းပစ်ကူ လာပါတယ် ၊ ကာကွယ်ရေး တပ်ဘက်က ထိခိုက်ဒဏ်ရာရသူ မရှိပါဘူးဗျ ၊ကင်းစခန်းကို မီးရှို့တာမျိုး မလုပ်ပါဘူးဗျ” လို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပေါက် ပကဖ ၊ မြိုင် ပကဖ၊ ပေါက်မြို့နယ် မြောက်ပိုင်း ပကဖ အပါအဝင် တော်လှန်ရေး မဟာမိတ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြပါတယ်။

မြိုင်မြို့အနီးရှိစစ်အုပ်စုကင်းစခန်းအားပစ်ခတ်မှုအတွင်း သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းများ
မြိုင်မြို့အနီးရှိစစ်အုပ်စုကင်းစခန်းအားပစ်ခတ်မှုအတွင်း သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းများ
0 Shares:
You May Also Like
Read More

ဟားခါးမှာ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်၊ ကျပ်သိန်း ၄၀ ဆု ချီးမြှင့်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်ရောက်လာတာကြောင့် ကျပ်သိန်း ၄၀ ဆုချီးမြှင့်ခဲ့တယ်လို့ Senthang Revolution Force က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်သား ၁ဦး ပုလော ပကဖထံ လက်နက်နှင့်တကွ အလင်းဝင် 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကောင်စီတပ်သား ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ပုလော ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းကနေ လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်သားများအတွက် ကြိုဆိုပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ကြောင်းကနေ လက်နက်ခဲယမ်းနဲ့အတူ လာရောက်ပူးပေါင်းလာတဲ့ စစ်သားတွေကို ကြိုဆိုထောက်ခံပွဲနဲ့ ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ အိမ်စီးကား ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ယောက်သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Vigo အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိခဲ့ကြောင်း ရေဖြူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ထုတ်ပြန်ပါတယ်။
Read More

အရပ်သား ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများအတွက် စစ်ကောင်စီ တာဝန်ယူရမည်ဟု PDF TRI ဗျူဟာမှူး သတိပေး…

တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ရာဇဝတ်မှုတွေအဖြစ် မှတ်တမ်းတင်ထားပြီး တာဝန်ယူစေရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာမှူး ကိုနွယ်နီက သတိပေးပြောကြားလိုက်ပါတယ်။
Read More

စလင်းမှာ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေအနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက သတိပေးထုတ်ပြန်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရွာ ရဲစခန်းအပါ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာတွေ အနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက အသိပေး ထုတ်ပြန်ထားပါတယ်။