နေပြည်တော်၊ ပဲခူးရိုးမနဲ့ မကွေးတိုင်းအတွင်းက မြို့နယ်တွေဆီ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကော်မရှင်ဘက်က အယောက် ၇ဝ ကျော် ထိခိုက်သေဆုံးထားကြောင်း နေပြည်တော် PDF တပ်ရင်း ၈၀၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်ကစလို့ အကြမ်းဖက်စစ်ခေါင်းဆောင် ရုံးစိုက်ရာ နေပြည်တော်ကနေ အင်အား ၆၀၀ ခန့်နဲ့ ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်တွေဟာ ပဲခူးရိုးမပေါ် အပါအဝင် ကိုးပင်-သာဂရလမ်းပိုင်းနဲ့ မကွေးတိုင်းအတွင်းက အောင်လံ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီးစတဲ့ မြို့နယ်တွေဆီလည်း စစ်ကြောင်းတွေခွဲပြီး ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းတွေထဲမှာ ပဲခူးတိုင်း အင်းမမြို့အခြေစိုက် တပ်မ ၆၆ စစ်သားတွေနဲ့အတူ နေပြည်တော်နယ်မြေအတွင်းက ပျူစောထီးနဲ့ PNO တပ်တွေလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

“စစ်တပ်စစ်ကြောင်းထိုးလာတာ နေပြည်တော်၊ ပဲခူးနဲ့ မကွေးတိုင်း ၃ခုဆုံတဲ့နေရာပေါ့။ အဓိက တိုက်ပွဲတွေဖြစ်ခဲ့တာတော့ သရက်ခရိုင်ထဲမှာပါ။ စစ်တပ်က နေပြည်တော် လယ်ဝေးမြို့နယ်ဘက်ကနေ အင်အား ၅၀၀နဲ့ တစ်ကြောင်းထိုးတယ်။ ကိုးပင်သာဂရဘက်ကနေ အင်အား ၁၀၀လောက်နဲ့ စစ်ကြောင်းထိုးတယ်။ နောက်ပြီး တောင်တွင်ကြီး၊ အောင်လံ၊ ဆင်ပေါင်ဝဲမြို့နယ်တွေဆီ ထုတ်နုတ်အင်အား ၆၀နဲ့ ဆက်ထိုးခဲ့ပါတယ်။” လို့ နေပြည်တော် PDF တပ်ရင်း ၈၀၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အထက်ပါ အကြမ်းဖက်စစ်ကြောင်းတွေကို နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၈၀၄ တပ်ရင်း၊ အမှတ် ၉၀၂ တပ်ရင်းတို့နဲ့အတူ သရက်ခရိုင်တပ်ရင်း ၁ နဲ့ အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

“ဇူလိုင် ၂၂ရက်နေ့က မနက် ၈နာရီကနေ ညနေ ၄နာရီအထိ တိုက်ပွဲတစ်ကြိမ်ဖြစ်တယ်။ အဲ့မှာ စခဘက်က ၅၀ လောက် သေတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်။ ၂၉ရက်နေ့မှာလည်း နောက်တစ်ကြိမ် ထပ်ဖြစ်တာ သူတို့ဘက် ၂၅ယောက်လောက် သေပါတယ်။ ” လို့ နေပြည်တော် PDF တပ်ရင်း ၈၀၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကြောင်းကြောင့် PDF တပ်ဖွဲ့ဝင်တွေထဲ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့သလို နေပြည်တော် PDF တပ်ရင်း ၈၀၄ ရဲ့ ရှေ့တန်းစခန်းငယ်တစ်ခုလည်း ဖျက်ဆီးခံခဲ့ရပါတယ်။

” အဲ့ဒီနေ့က စခန်းနေ ရဲဘော်တွေ ရှေ့စစ်ကြောင်းထွက်နေချိန် နောက်ကနေ ခွေးစစ်ကြောင်းပတ်ထိုးတာနဲ့ ကြုံခဲ့ရတာပါ။ စခန်းမှာလည်း စခန်းစောင့် ရဲဘော်နဲ့ ရဲမေအချို့ ပဲ ကျန်ခဲ့တာ။ သူတို့တော့ လွတ်ပါတယ်။ လက်နက် ဆုံးရှုံးမှု၊ ရဲဘော် ဆုံးရှုံးမှု မရှိပေမယ့် မိုးတွင်းရိက္ခာ စုဆောင်းထားတာတွေရယ် ဘတ္ထရီအိုး ဆိုလာပြားတွေကတော့ မီးရှို့ခံခဲ့ရပါတယ်။” လို့ နေပြည်တော် PDF တပ်ရင်း၈၀၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိမှာလည်း အကြမ်းဖက်စစ်ကော်မရှင်က စစ်ကြောင်းတွေ ပြန်ပြီး မဆုတ်ခွာပေးသေးတာကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

“တိုက်ပွဲတွေက နေ့တိုင်းမရှိပေမယ့် အခုထိ စစ်ကြောင်းတွေက ပြန်မဆုတ်သေးပါဘူး။ ဆိုင်ထားသေးတယ်ဗျ။ စစ်ရေးအခြေအနေ တင်းမာနေတုန်းပါ။” လို့ နေပြည်တော် PDF တပ်ရင်း ၈၀၄ တာဝန်ရှိသူက ဆိုပါတယ်။

ပုံစာ – နေပြည်တော် PDF တပ်ရင်း ၈၀၄ တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

၂၀၂၄ ခုနှစ်အတွင်း Fight Delta Fight ရုပ်ရှင်ကနေ ရရှိတဲ့ ငွေကျပ် သိန်း ၄၀၀ ခန့်ကို ဧရာဝတီ စစ်ရေးအတွက် လှူဒါန်း

၂၀၂၄ ခုနှစ်အတွင်း Fight Delta Fight တော်လှန်ရေး ရုပ်ရှင်ဇာတ်ကား ပြသလို့ ရရှိတဲ့ ငွေကျပ် သိန်း ၄၀၀ ခန့်ကို ဧရာဝတီတိုင်း စစ်ရေးလှုပ်ရှားမှုတွေအတွက် ပေးအပ်ခဲ့ကြောင်း ရုပ်ရှင်ထုတ်လုပ်သူတွေထံက သိရပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ပွဲ အခမ်းအနား

PEOPLE'S LIBERATION FORCE ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ၆ တန်းကျောင်းသား

၆ တန်းကျောင်းသားလေး မောင်ဇင်ကိုကိုဟာ ကျောင်းတက်နေချိန် သူ့အိမ်က အဆင်မပြေတာကြောင့် စပါးထွက်ထမ်းရင်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခြင်း ခံခဲ့ရပါတယ်။
Read More

ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူ အများဆုံးအဖြစ် မြန်မာနိုင်ငံ စံချိန်တင်

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးရသူအများဆုံးဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ စစ်တမ်းကဆိုပါတယ်။
Read More

အုတ်ဖိုက ဂမုန်းဆည်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၂ယောက်သေပြီး လက်နက်တွေပါ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၂ ယောက် သေဆုံးပြီး လက်နက်တွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲက‌ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်မြို့နယ် ကြားကာလပညာရေးကျောင်းမှာ ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးတိုက်နယ်အတွင်း ဒီဇင်ဘာလ ၅ ရက်က ၂၀၂၄/၂၀၂၅ ပညာသင်နှစ်အတွက်  ပညာရည်ချွန်ဆုပေးပွဲကို ကြားကာလပညာရေးကျောင်း ၁ ကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။