မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ သားအမိ ၃ ယောက်စီးလာတဲ့ ဆိုင်ကယ်ကို ဓားကိုင်ဆောင်ထားတဲ့ အမျိုးသား ၂ ယောက်က လုယက်ခဲ့ကြောင်း ဒေသခံအမျိုးသမီးက Facebook လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

သြဂုတ်လ ၈ ရက် မနေ့ည ၈ နာရီခွဲခန့်က ချမ်းမြသာစည်မြို့နယ် မနောဟရီတောင်ဘက် လမ်း ၅၀ နဲ့ ၄၉ လမ်းကြားမှာ ဓားရှည်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၂ ယောက်က ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသမီးနဲ့ ကလေး ၂ ယောက်ကို ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်သွားခဲ့တယ်လို့ သိရပါတယ်။

စီစီတီဗီမှတ်တမ်းအရ ဆိုင်ကယ်စီးနင်းလာတဲ့ သားအမိ ၃ ယောက်ကို နောက်ကနေ လိုက်ပါလာတဲ့ အမျိုးသား ၂ ယောက်က ဓားရှည်နဲ့ လှမ်းခုတ်ဖို့ ရွယ်ပြီး ဆိုင်ကယ်ကို ရပ်တန့်စေခဲ့ကာ ခြိမ်းခြောက်လုယက်သွားခဲ့တာကို တွေ့မြင်ရပါတယ်။

Video-Moe Thu
0 Shares:
You May Also Like
Read More

ဒီမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ပေါင်းစုများ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်‌ပေါင်းစုတွေ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ကယန်းအမျိုးသားတပ်မတော် (KNA) က ဒီနေ့ အသိပေးထုတ်ပြန်ထားပါတယ်။
Read More

S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဆောက်လုပ်ထားသည့် မြေအောက်စာသင်ကျောင်းဆောင် (ရုပ်/သံ)

စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့ ဆောက်လုပ်ထားတဲ့ မြေအောက်စာသင်ကျောင်းဆောင်ကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က မှတ်တမ်းရုပ်သံထုတ်ပြန်ခဲ့ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်သားတွေရဲ့ တော်လှန်သစ္စာ

တော်လှန်သစ္စာရဲ့ နောက်မှာ အမြဲရပ်တည်နေမယ့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သားများရဲ့ တာဝန်ထမ်းဆောင်မှုကို မြေပြင်အရောက်ပို့ဆောင်ပေးနေပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေပြီး ၄ ဦးဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက် ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း၂ -P2 3402မှ သတင်း ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက တနင်္သာရီမြို့နယ် ခြောက်မိုင်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာမြို့နယ် ဗောဓိတာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲကို စစ်ကူလာနိုင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ဗောဓိတာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲကို စစ်ကူလာနိုင်တဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်စခန်းတွေကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Chindwin Dynamite (Salingyi) ထံက သိရပါတယ်။
Read More

ဗန်းမော်တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်နိုင်းနိုင်း၏ မိဘနှစ်ပါးထံ ကျန်ရစ်ရဲဘော်များ သွားရောက်ဂါရဝပြု (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း၂၈ (ဓားမဆိုင်းတပ်မတော်) တပ်ခွဲမှူး ရဲဘော်နိုင်းနိုင်းရဲ့ မိဘတွေကို အဆိုပါ တပ်ရင်း ရဲဘော်တွေက သွားရောက်ဂါရဝပြုခဲ့ကြပါတယ်။