တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က ပျူစောထီးဒုခေါင်းဆောင် တစ်ယောက် လက်နက်အပြည့်အစုံနဲ့အတူ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ထံ အလင်းဝင်ရောက်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့တုန်းက ကျောက်နီမော်ကျေးရွာက ပျူစောထီး ဒုခေါင်းဆောင်ဟာ ရွာကနေ ဆိုင်ကယ်နဲ့ ထွက်လာပြီး လက်နက်ခဲယမ်းတွေ ယူဆောင်၊ အလံဖြူထောင်ကာ အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။

“ချိတ်ဆက်မှု တိတိကျကျ မလုပ်ထားဘူးဗျ။ ရုတ်တရက် ထွက်လာတာ။ ကျနော်တို့က ထွက်လာဖို့ရှိတယ်ပဲ သိထားတာ။ သူ့ဘာသာသူ ဆိုင်ကယ်နဲ့ အလံဖြူထောင်ပြီး ထွက်လာတာဗျ။ သူတို့မှာရှိတဲ့ကားမှာ ဘီး ၄လုံးစလုံး ဖြုတ်ထားခဲ့တယ်။ ထော်လာဂျီလည်း ဘီးဖြုတ်ထားခဲ့တယ်။ ပြီးတော့မှ သူက ဆိုင်ကယ်နဲ့စီးပြီး လက်နက် အပြည့်အစုံနဲ့ ထွက်လာတာပါ” လို့ လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရှဲဒိုးက မောင်းကို ပြောပါတယ်။

အလင်းဝင် ပျူစောထီးက သူနဲ့အတူ သေနတ် ၁လက်၊ လက်ပစ်ဗုံး ၃လုံး၊ အီဂါနာ ၁လုံး၊ ကျည်အတောင့် ၂၀၀၊ စကားပြောစက် ၁လုံးနဲ့ ဆိုင်ကယ် ၁စီး ယူဆောင်လာတဲ့အတွက် ဆုငွေ သိန်း ၃၀ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

“အဓိကကတော့ မိသားစုကြောင့် ပါတယ်။ နောက်တစ်ချက်က သူတို့အထဲမှာ အရင်စစချင်းက ပုံစံလို မဟုတ်တော့ဘဲ ဖိနှိပ်ခံရတာ၊ ပျူစောထီးဆိုပြီး ခွဲခြားနှိပ်စက်တာ၊ အကြောင်းမဲ့ ရိုက်နှက်ထိုးကြိတ်တာ၊ ဒါမျိုးတွေ ခံရများလို့ ထွက်လာခဲ့တာလို့ ပြောတယ်ဗျ” လို့ ရဲဘော် ရှဲဒိုးက ဆက်ပြောပါတယ်။

အဆိုပါ ပျူစောထီး ဒုခေါင်းဆောင်ဟာ ကျောက်နီမော်ရွာအပြင် ရောက်တာနဲ့ ကျည် ၂ ကတ် ကုန်တဲ့အထိ သေနတ်ကို မိုးပေါ်ထောင် ပစ်ခဲ့သလို အလင်းဝင်လာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုမြင်ပြီး အပျော်လွန်ကာ အလံဖြူထောင်ရင်း အောင်ပြီဟေ့ အောင်ပြီလို့ အော်ဟစ်ကာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ဆိုရှယ်မီဒီယာတွေကို စစ်တပ်က စောင့်ကြည့်နေပြီး ၃ လအတွင်း စစ်တပ်ကို ဝေဖန်သူ ၁၄၀ ကျော် ဖမ်းဆီးခံရ

ဆိုရှယ်မီဒီယာပေါ်မှာ စစ်တပ်ကို ဝေဖန်လို့ သုံးလအတွင်း အရပ်သားပြည်သူ ၁၄၀ကျော်ကို စစ်ကောင်စီက မတရား ဖမ်းဆီးထားတယ်လို့ Myanmar Internet Project ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ကန်ပက်လက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မည်သည့်ပွဲမှ လတ်တလော မကျင်းပရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ပြည်သူတွေအနေနဲ့ လူစုလူဝေး ဖြစ်စေနိုင်တဲ့ ပွဲလမ်းသဘင်တွေ လတ်တလောမှာ ကျင်းပခြင်း မပြုလုပ်ကြဖို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

နွားထိုးကြီးတွင် ရိက္ခာရှာထွက်သည့် စစ်သားများ ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ ညောင်ဦးတွင်လည်း တရားရုံးသွားမည့် ရဲတပ်ဖွဲ့ဝင်၂ ဦး လမ်းတွင် ပစ်သတ်ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ ညောင်ဦးမြို့နယ်တို့မှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ်နဲ့ စေတီတော်တွေ ထိခိုက်ပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်နဲ့ စေတီတော်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ People's Defence Force- မြိတ်ခရိုင်တပ်ရင်း ၂ ဆီက သိရပါတယ်။
Read More

ဖာပွန်ခရိုင်မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား (၅) ယောက်သေပြီး လက်နက်ခဲယမ်းတွေ ရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်က ၅ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး -KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

သင်္ချိုင်းကုန်းထဲ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုတွေ တိုက်ခိုက်ခံရပြီး ရဲနဲ့ပျူ ၆ယောက် သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ​ကြို့ပင်ကောက်မြို့နယ်မှာ သင်္ချိုင်းကုန်းထဲ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲ၂ယောက်နဲ့ ပျူစောထီး၄ယောက်သေဆုံးပြီး စစ်တပ်သတင်းပေး၁ယောက်ကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Black Dragon GBK-PDF တပ်ခွဲမှူး ရိုးမနဂါးက မောင်းကို ပြောပါတယ်။