စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ လှည်းပွဲရွာကို မီးရှို့နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဗိုလ်မုန်တိုင်းထံက သိရပါတယ်။

စက်တင်ဘာ ၂၁ ရက်က ကန့်ဘလူမြို့နယ် လှည်းပွဲရွာကို မီးရှို့နေတဲ့ အင်အား ၁၇၀ ခန့်ရှိ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ခိုက်မှုအတွင်း စစ်သား ၄ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗိုလ်မုန်တိုင်း ဦးစီးတဲ့ ကန့်ဘလူခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၄ နဲ့ ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

Video – Botiger Botiger

0 Shares:
You May Also Like
Read More

KNU ဌာနချုပ်နေရာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ KNLA တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ဦးအထိ ရှိလာ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ယောက်အထိရှိလာပြီလို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
Read More

အလင်းဝင်မယ့် စစ်သား ၇ ယောက်ကို သွားခေါ်ရင်း ဒဏ်ရာရခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ယောက် ပြန်လည်သက်သာလာ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ အဓမ္မစစ်မှုထမ်းခဲ့ရတဲ့ စစ်သား ၇ ယောက် အလင်းဝင်လာတာကို သွားရောက်ခေါ်ဆောင်ချိန် ဒဏ်ရာရခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ၂ ယောက် ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်၊ တောင်စုကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့သည့် အသက် ၂၅ နှစ်အရွယ် တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား…

ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ စျာပနအခမ်းအနားပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) Spring Warriors Column က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုနှင့် မိုးကုတ်မြို့နယ်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲချမှုကြောင့် အရပ်သားပြည်သူ (၁) ဦး သေပြီး (၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်နေတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သားပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ဗိုလ်ချုပ်များ ယူနီဖောင်းလဲကာ အုံလိုက်ကျင်းလိုက် ဝင်လာမည့် စစ်တပ်လက်ကိုင်တုတ် ကြံ့ခိုင်ရေးပါတီ

အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန် သူတို့ရဲ့ လူယုံ ဗိုလ်ချုပ်ကြီး၊ ဗိုလ်မှူးကြီးအဆင့်တွေ အပါအဝင် တပ်ကြပ်ကြီး စာရေးတွေကအစ ကြံခိုင်ရေးပါတီထဲကို ပါတီဝင်အဖြစ် ပြောင်းလဲစေလွှတ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။