စစ်ကောင်စီမှ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာအနှံအပြားမှာ ၉ လေးလုံးထီးသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့မှ သတင်းထုတ်ပြန် ထားပါတယ်။

မနေ့သြဂုတ် ၈ ရက်မှာ ကျရောက်တဲ့ (၃၇) ကြိမ်မြောက် ၈ လေးလုံးအထိမ်းအမှတ်အဖြစ် ရန်ကုန် မြို့ရဲ့ အထင်ကရနေရာအနှံ့အပြားမှာ ၈ သင်္ကေတစာလုံးရေးဆွဲထားတဲ့ ထီးတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်၊ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့နဲ့ ရန်ကုန်မြို့နေ ပြည်သူ များက ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူကို ရန်သူသဖွယ်သတ်ဖြတ်ချေမှုန်းနေပြီး အာဏာတည်မြဲရေးလုပ်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန်တွန်းလှန်တိုက်ထုတ်ကြဖို့ ရန်ကုန်လူထုသပိတ်နဲ့ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ကတပ်လှန့်နှိုးဆော်ထားပါတယ်။

Video-ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့

0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ်သားတွေရဲ့ တော်လှန်သစ္စာ

တော်လှန်သစ္စာရဲ့ နောက်မှာ အမြဲရပ်တည်နေမယ့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သားများရဲ့ တာဝန်ထမ်းဆောင်မှုကို မြေပြင်အရောက်ပို့ဆောင်ပေးနေပါတယ်။
Read More

ဘုတလင်မြို့ သပြေပင်ရွာထဲ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရကာ အများအပြားသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းရှိ သပြေပင်ရွာထဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၉ ရက် ဒီမနက်မှာ သပြေပင်ရွာထဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးပြီး ဒဏ်ရာရရှိသွားတဲ့ စစ်သားတွေကို ကားပေါ်တင်ပြီး အထိုင်စခန်းသို့ ပြန်ပို့ခဲ့ကြောင်း သိရပါတယ်။
Read More

ဘော်လခဲမြို့နယ်ရှိ စစ်တပ်ရဲ့ ဝမ်မလန်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

ကရင်နီပြည် ဘော်လခဲမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဝမ်မလန်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Bawlakhe PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

Justice Soldier PDF အပတ်စဉ် ၁၀ (လင်းယုန်အပတ်စဉ်) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

Justice Soldier PDF ရဲ့ အပတ်စဉ် ၁၀ (လင်းယုန်အပတ်စဉ်) အခြေခံစစ်ပညာသင်တန်းဆင်း ပွဲအခမ်းအနားကို မတ်လ ၅ ရက်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ဖားဆောင်း မော်ချီးဒေသတွင် စစ်ကော်မရှင် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂၄ ဦးအထိ သေဆုံးခဲ့ရ (ရုပ်/သံ)

ကရင်နီပြည် ဖား‌ဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်မှုအတွင်း အရပ်သားပြည်သူ ၂၄ ယောက်ထိ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ဗမာ့တပ်တော် အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

ဗမာ့တပ်တော် အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၃/၂၀၂၂၅) ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က သတင်းထုတ်ပြန်ထားပါတယ်။