တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် အမှတ် ၄၀၇ တပ်ရင်းကနေထွက်လာသည့် စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေ‌ဆုံးသူတွေ ရှိခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်ထံက သိရပါတယ်။

ဩဂုတ်လ ၅ ရက် မနက် (၇) နာရီလောက်မှာ အမှတ် ၄၀၇ တပ်ရင်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဆိုပါတပ်ရင်းအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဗိုလ်ကြီး ၂ ယောက်အပါ ၁၅ ယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“ခလရ ၂၈၂ ကို စစ်ကူတက်မယ့် စစ်ကြောင်းပါ၊ ပစ်ခတ်မှုဖြစ်ပြီးတော့ တချို့ကတော့ ရေဖြူမြို့ထဲကို ရောက်သွားတယ်၊ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးတော့ မရှိပါဘူး” လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် တာဝန်ရှိသူတစ်ယောက်က မောင်း ကိုပြောပါတယ်။

ပစ်ခတ်မှုအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ယောက်ထိမှန်ခဲ့ပေမယ့် စိုးရိမ်ရတဲ့ အခြေအနေမဟုတ်ဘူးလို့ ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း ၊ Tavoy People Liberation Force (TPLF)  ၊ က္လားသစ္တတ် (ကျားသစ်နက်)နဲ့ ဘီလုံးပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်သားတွေ အချိန်မရွေး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာနိုင်တာကြောင့် ပြည်သူတွေ လေကြောင်းရန် ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လိုက်နာကျင့်သုံးကြဖို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

KPF တပ်ဖွဲ့တာဝန်ရှိသူ ချန်းဂျော်ရမ် ကချင်ရှေ့တန်းစစ်မျက်နှာမှာ ကွယ်လွန်

ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးဟာ ကချင်ပြည်နယ်တစ်နေရာမှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်ခဲ့ရပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်ဒေသနှင့် ပြည်ပကိုရောက်နေသည့် မြန်မာနိုင်ငံသားများ ပြန်လာနိုင်ကြောင်း စစ်ကောင်စီ ဖိတ်ခေါ်

တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေနဲ့ ပြည်ပနိုင်ငံတွေမှာ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်တိမ်းရှောင်နေရတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာနိုင်ဖို့ စစ်ကောင်စီက ဖိတ်ခေါ်လိုက်ပါတယ်။
Read More

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း ဒရုန်းထုတ်လုပ်တဲ့ စက်ရုံနဲ့ EV ကား စက်ရုံတွေဆီ သွားရောက်ကြည့်ရှုခဲ့ဟု ဆို

အာဏာသိမ်း စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း တိုက်ခိုက်ရေး ဒရုန်းထုတ်လုပ်တဲ့ စက်ရုံနဲ့  မင်းအောင်လှိုင်ရဲ့ မိသားစုဝင်တွေ တင်သွင်းနေတဲ့ EV ကားထုတ်လုပ်ရေးစက်ရုံတွေကို သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

စစ်ကောင်စီက လူငယ်တွေကို အပျော်အပါးနဲ့ ဖျက်ဆီးကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီက ပျော်ပါးခွင့် အပြည့်ပေးထားကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Read More

အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံရခြင်းကြောင့် သေဆုံးမှု မြင့်တက်လာနေ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား/ အကျဉ်းသူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံရတာကြောင့် သေဆုံးမှုတွေ မြင့်တက်လာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အပါအဝင် ပြည်တွင်း၊ ပြည်ပအဖွဲ့ (၁၅) ဖွဲ့ကနေ ပူးတွဲကြေညာချက် ထုတ်ပြန်လာပါတယ်။
Read More

ပင်လည်ဘူး တိုက်ပွဲကနေ ပြန်လာတဲ့ ယင်းမာပင်ခိုင် တပ်ရင်း ၆ ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆို

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ဆင်နွှဲပြီး ပြန်လာကြတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ က တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။