စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား/ အကျဉ်းသူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံရတာကြောင့် သေဆုံးမှုတွေ မြင့်တက်လာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အပါအဝင် ပြည်တွင်း၊ ပြည်ပအဖွဲ့ (၁၅) ဖွဲ့ကနေ ပူးတွဲကြေညာချက် ထုတ်ပြန်လာပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရသူ ၁,၈၀၀ ကျော်ဟာ အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုကို ရည်ရွယ်ချက်ရှိရှိ ငြင်းပယ်ခံရတာကြောင့် ဒါမှမဟုတ် ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းမှုတွေအတွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကို ကုသခွင့်မရတာကြောင့် သေဆုံးနေရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် လွတ်လပ်မှု ဆုံးရှုံးနေသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို ခွဲခြားဆက်ဆံခြင်းမရှိဘဲ ချက်ချင်းပေးအပ်ဖို့၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ တခြားသော မလျော်မကန်ပြုတွေကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

PPNM ရဲ့ စောင့်ကြည့်လေ့လာချက်အရ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး အယောက် ၁၉၀ ဟာ ညှဉ်းပန်းနှိပ်စက်စစ်ဆေးခံရတာ၊ မလျော်မကန်ပြုမူခံရတာ၊ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် သေဆုံးခဲ့ပေမယ့် စစ်ကောင်စီရဲ့ တာဝန်ရှိသူတစ်ဦးတစ်ယောက်ကမှ တာဝန်ယူရခြင်း မရှိသေးဘူးလို့ သိရပါတယ်။

(ဓာတ်ပုံ PPNM)

“တရားမျှတမှုပြန်လည်ရယူသွားတယ်ဆိုတဲ့အချိန်မှာ ထောင်ထဲမှာ ဖြစ်ခဲ့တဲ့ ဒေတာတခုချင်းစီအလိုက်၊ နှစ်အလိုက်တာဝန်ယူခဲ့တဲ့ ထောင်ဝန်ထမ်းတွေက ကြားကာလမှာသော်လည်းကောင်း၊ အကူးအပြောင်းကာလမှာသော်လည်း ပြည်သူ့တရားရုံးတွေမှာ အရေးယူမှာပါ။ ထိုက်သင်တဲ့ ပြစ်ဒဏ်တွေကို ကျခံရေးပေါ့နော်။ နစ်နာသူတွေကို ဝန်ချတောင်းပန်တာကအစ လုပ်ဆောင်သွားမှာပါ” လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း အကျဉ်းထောင်တွေမှာ အနည်းဆုံး လူ ၁,၈၅၃ ယောက် သေဆုံးခဲ့တယ်လို့ ဖော်ပြထားတာပါ။

ဒါ့အပြင် စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဇူလိုင်လအတွင်း အကျဉ်းထောင်ထဲမှာ လူ ၇၀ ကျော် သေဆုံးခဲ့ပြီး အဲဒီထဲက ၅၉ ယောက်ဟာ မတ်လမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် အကျဉ်းထောင်တွေကို သွားရောက်ခွင့် ကန့်သတ်ထားပြီး နိုင်ငံအတွင်းက မီဒီယာများစွာကိုလည်း ပိတ်ပင်ထားတာကြောင့် အတည်ပြုဖို့ ခက်ခဲကာ အမှန်တကယ် သေဆုံးသူအရေအတွက်ဟာ ပိုများနေနိုင်တယ်လို့ သိရပါတယ်။

အကျဉ်းထောင်တွေအတွင်း စစ်ဆေးမေးမြန်းရာမှာလည်း စစ်တပ်အရာရှိတွေဟာ သတင်းအချက်အလက်တွေ ရရှိအောင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေအပါအဝင် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေကိုပါ ပြုလုပ်နေပြီး အကျဉ်းထောင်အတွင်း ငြိမ်းချမ်းတဲ့ ဆန္ဒပြမှု လုပ်ဆောင်သူတွေကိုလည်း ပြင်းထန်စွာ ရိုက်နှက်တာတွေ၊ တစ်ဦးတည်း သီးခြားချုပ်နှောင်တာတွေ၊ စွဲချက်အသစ်တွေနဲ့ တရားစွဲတာတွေအပြင် ပိုမိုဝေးလံခေါင်သီတဲ့ ထိန်းသိမ်းရေးနေရာတွေကို ပြောင်းရွှေ့တာတွေ၊ ပြောင်းရွှေ့စဉ်မှာ သတ်ဖြတ်တာတွေကို လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

0 Shares:
You May Also Like
Read More

အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားများ ပြည်သူလူထုကို ကျန်းမာ‌ရေးစောင့်ရှောက်မှုပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားတွေဟာ ပြည်သူတွေကို ကျန်းမာ‌ရေး စောင့်ရှောက်မှု ပေးခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းလုပ်သား နှစ်သိန်းကျော် တရားမဝင် လုပ်သားများအဖြစ် လုပ်ကိုင်နေကြောင်း ရက် ၁၂၀ စီမံချက်အတွင်း စစ်ဆေးတွေ့ရှိခဲ့ဟုဆို

ထိုင်းမှာ မြန်မာလုပ်သားတွေ ရက် ၁၂၀ ကျော် စီမံကိန်းအတွင်း နှစ်သိန်းတစ်သောင်း နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ရုပ်ပွားတော်တွေ ဦးခေါင်းတော်ဖြတ်တဲ့ လုပ်ရပ်ဟာ ဘာသာရေးနဲ့ ပဋိပက္ခ ဖြစ်အောင် လှုံ့ဆော်ခြင်းဟုဆို

ကရင်နီပြည်က ရုပ်ပွားတော်တွေရဲ့ ဦးခေါင်းတော်ဖြတ်တဲ့ ဖြစ်စဉ်က ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်တဲ့ လုပ်ရပ်သာဖြစ်ကြောင်း မိုးဗြဲ People Defense Force က ဒီနေ့ အောက်တိုဘာ ၃ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို ထွက်ပြေးတိမ်းရှောင်ရင်း သက်ကြီးရွယ်အို ၃ ဦး အအေးမိ သေဆုံး

မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနေမှုကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါ စစ်ရှောင်တွေထဲက သက်ကြီးရွယ်အို ၃ ယောက် ရာသီဥတုဒဏ်ကြောင့် အအေးမိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ မြောင်မြို့နယ်တော်လှန်ရေးတပ်က ရဲဘော် ဘိုကလေး အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ…

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင်က ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) က ရဲဘော် ဘိုကလေးအတွက် မိခင်တပ်ဖွဲ့က ဝမ်းနည်းကြောင်း မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

AA ရဲ့ ထိုးစစ်ဆင်မှုကြောင့် အမ်းလေဆိပ်နဲ့ တပ်မတော်ဆေးရုံကို စစ်ကောင်စီ လက်လွှတ်လိုက်ရ

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့ကို အာရက္ခတပ်တော် AA က အပြင်းအထန် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီက အမ်းလေဆိပ်နဲ့ တပ်မတော်ဆေးရုံကို လက်လွှတ်လိုက်ရပြီလို့  ရခိုင်စစ်ရေးသတင်းရင်းမြစ်တချို့မှာ ဖော်ပြလာပါတယ်။