မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ Myingayn Black Tiger (MBT)တပ်ဖွဲ့၊ အမှတ် – ၁ စစ်ဆင်ရေး ရဲဘော်တွေ ကင်းပတ်စစ်ဆေးရေး ဆောင်ရွက်စဉ် စစ်ကောင်စီတပ်သား တစ်ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိခဲ့တယ်လို့  MBT တပ်ဖွဲ့ထံက သိရပါတယ်။ 

ပြီးခဲ့တဲ့ စတင်ဘာလ ၂၅ ရက် ညအချိန်မှာ ရေစကြိုမြို့၊အမှတ် (၈) သုခဝတီရပ်ကွက်က ကပ်ကျော်ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေထဲက ကင်းစောင့်ရင်း ဖုန်းသုံးနေတဲ့  စစ်ကောင်စီတပ်သား တစ်ယောက်ကို ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

“အခုကတော့ စစ်ဆေးမှု ပြုလုပ်နေပါတယ်။ စစ်ဆေးမှု ပြုလုပ်ပြီးရင် သူဘာလုပ်ခဲ့တယ်ပေါ်မူတည်ပြီး သူ့ရဲ့ ပြစ်ဒဏ်အလျှောက် အပြစ်ကြီးရင် ကြီးသလိုသလို အရေးယူသွားမှာပါ။ ပြစ်ဒဏ်နည်းရင်တော့ သူက ပြန်လည်ပစ်ခတ်တာမရှိဘဲ လက်နက်ချ အဖမ်းခံခဲ့တာဆိုတော့ စစ်သုံ့ပန်းဥပဒေအရ ကောင်းကောင်းမွန်မွန်ထားထားမှာပါ။” လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။ 

Myingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်းအနေနဲ့ စစ်အာဏာရှင်စနစ်ကို အခုထက် ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်ဖို့အတွက် MBT တပ်ဖွဲ့က ပြုလုပ်လျက်ရှိတဲ့ * End Point *ကမ်ပိန်းမှာ မိဘပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင် ကူညီပေးဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။ 

ဓာတ်ပုံ – Myingyan Black Tiger

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်ထဲက ပျူစောထီးရွာကိုလာသော စစ်ကြောင်းအား တော်လှန်ရေးတပ်များက ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်…

"အနောက်ဘုန်းကန်က ပျူရွာဆိုတော့ အဲ့ကနေ စစ်ကြောင်းထိုးဖို့ လာတာဗျ။ မနက် ၉နာရီလောက် သူတို့ရောက်တော့ ၉နာရီ ၄၅လောက်မှာ ရော့ကတ်တွေအတွဲလိုက် ၅လုံးပစ်ခတ်ခဲ့တယ်။ အထိခိုက်ကတော့ အတိကျမသိရသေးဘူး၊ စုံစမ်းဆဲပါ" လို့ Cobra One တပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်မြွေဟောက် က မောင်းကိုပြောပါတယ်။
Read More

သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင် လှုပ်ခတ်

မန္တလေးတိုင်း၊ သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ် ဂေါက်ကွင်းကို အကြမ်းဖက်စစ်တပ် Cluster ဗုံး ကြဲချတိုက်ခိုက်

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်က ဂေါက်ကွင်းကို အကြမ်းဖက်စစ်တပ်က Cluster ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေလည်မော်ရွာ ဆိပ်ကမ်းကို စစ်ကောင်စီဗုံးကြဲလို့ အမျိုးသား ၁ဦးသေဆုံး၊ ကလေးငယ်များ အပါအဝင် ထိခိုက်ဒဏ်ရာရသူများလည်း ရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှ့ခြမ်းက ရေလည်မော်ရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅၀ အရွယ် အမျိုးသား ၁ ယောက် သေဆုံးပြီး ကလေးငယ်တွေလည်း ထိခိုက်ထားကြောင်း သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၁၆ နှစ်အရွယ် မိန်းကလေးငယ်အပါ ၄ ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ရှိ လိပ်ကျကျေးရွာနဲ့ ဇရပ်ကွင်းကျေးရွာတို့မှာ စစ်ကောင်စီရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၆ နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ယောဒေသမှာ တိုက်ပွဲဝင်နေသည့် ရှေ့တန်းရောက် ယောကာကွယ်ရေးတပ် (YDF) ရဲဘော်များ (ဓာတ်ပုံသတင်း)

ယောဒေသ ရှေ့တန်းတစ်နေရာမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ယောကာကွယ်ရေးတပ် - YDF က ရှေ့တန်းရောက် ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို YDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။