ရုရှားနိုင်ငံကနေ ရေနံတင်သွင်းမှုအတွက် ဒဏ်ကြေးအဖြစ် အိန္ဒိယနိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။

သမ္မတ ထရမ့်ဟာ မနေ့က အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပြီး အိန္ဒိယနိုင်ငံကို အရင်က ကောက်ခံမယ့် အခွန် ၂၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရမယ်လို့ ထရမ့်က ဆိုပါတယ်။

ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ဆက်ပြီး လုပ်ဆောင်နေတာ​ကြောင့် ရုရှားရဲ့ ရေနံထွက်ကုန်တွေကို အဓိကဝယ်ယူတဲ့ အိန္ဒိယအပေါ် အခွန်တိုးမြှင့် ကောက်ခံတာက သင့်လျော်တယ်လို့ ထရမ့်က ဆိုထားပါတယ်။

မနေ့က ကြေညာခဲ့တဲ့ အခွန်တိုးမြှင့်ကောက်ခံမှုဟာ လာမယ့် ၂၁ ရက်အကြာမှာ အသက်ဝင်မယ်လို့ ဆိုပြီး အိန္ဒိယအနေနဲ့ အခွန်နှုန်းထား ညှိနှိုင်းနိုင်တယ်လို့ လမ်းဖွင့်ထားကြောင်း အမေရိကန်က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

စစ်ဘေးရှောင်နှင့် ငလျင်ဘေးသင့် ပြည်သူများအတွက် ဈေးရောင်းပွဲတော် ကိုရီးယားနိုင်ငံတွင် ကျင်းပ

ကိုရီးယားနိုင်ငံ၊ ဂင်မဲမြို့မှာ မြန်မာစစ်ဘေးရှောင်နဲ့ ငလျင်ဘေးသင့် ပြည်သူတွေအတွက် ရံပုံငွေ ဈေးရောင်းပွဲကို မေလ ၄ ရက် ဒီကနေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါစျေးရောင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ခဲ့ပြီး၊ အဖွင့်အမှာစကားနဲ့ တော်လှန်ရေး အားပေးစကား ပြောကြားခဲ့တယ်လို့ NUG ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။
Read More

အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ကြေညာ

ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသက် ၆၉ နှစ်အရွယ် အမေရိကန်ဖွား ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ဗာတီကန်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။
Read More

မြန်မာနဲ့ တောင်တရုတ်ပင်လယ်အရေး မလေးရှားမှာ အာဆီယံဝန်ကြီးတွေ ဆွေးနွေး

မလေးရှားနိုင်ငံ၊ လန်ကာဝီမှာ ဇန်နဝါရီလ ၁၉ ရက် (ဒီနေ့) ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တံခါးပိတ်အစည်းအဝေးမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ တောင်တရုတ်ပင်လယ်ပြင်အရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
Read More

ကော့မြစ်ရေညစ်ညမ်းမှုကိစ္စ မြန်မာနှင့် ဆွေးနွေးရန် ထိုင်းဘက်မှ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်

ကော့မြစ်အတွင်း အာဆင်းနစ်ညစ်ညမ်းမှုနဲ့ပတ်သက်လို့ စစ်ကောင်စီအရာရှိတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို လာမယ့်သတင်းပတ်ထဲ စေလွှတ်မယ်လို့ ဒီနေ့ ဇွန်လ ၃၀ ရက်မှာ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။ 
Read More

ICJ ကြားနာမှုတွင် အကြမ်းဖက်စစ်တပ်၏ တင်ပြချက်များသည် မြန်မာပြည်သူများ၏ဆန္ဒကို ကိုယ်စားပြုမည်မဟုတ်ကြောင်း NUG ထုတ်ပြန်

“အကြမ်းဖက်စစ်တပ်အား နိုင်ငံတကာတရားရုံး (ICJ)တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးခြင်းသည်ရိုဟင်ဂျာ ပြည်သူများနှင့် မြန်မာပြည်သူအားလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော လုပ်ရပ်ဖြစ်ပါသည်။ နိုင်ငံတကာတရားရုံး (ICJ)အား မြန်မာပြည်သူများ၏ အသံကို နားထောင်ရန် တိုက်တွန်းပါသည်” လို့ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားခဲ့ပါတယ်။
Read More

ငလျင်ဘေးသင့်နေချိန် လေကြောင်းတိုက်ခိုက်မှုတွေကို ဘယ်လိုစိတ်နဲ့  လုပ်ရက်ရတာလဲ ဟု စစ်အုပ်စုအပေါ် ဝေဖန်လိုက်တဲ့ ထိုင်းလွှတ်တော်အမတ်၊ BIMSTEC အစည်းအဝေးတက်ဖို့ မြန်မာစစ်ခေါင်းဆောင်ကို ထိုင်းအစိုးရ ဖိတ်ကြားထားမှုအပေါ်လည်း ၄င်းက ဆက်လက်ဝေဖန်ခဲ့သည်

ငလျင်ဘေးသင့် ပြည်သူတွေကို နိုင်ငံတကာက အကူအညီပေးနေချိန် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့  ထိုင်း Fair ပါတီ လွှတ်တော်အမတ် Kannavee Suebsang က မတ်လ ၃၁ ရက်မှာ ပြောလိုက်ပါတယ်။