ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် CI စာအုပ်ကို စခန်း ၄ ခု ဖွင့်လှစ်ဆောင်ရွက်ပေးနေပြီ ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေထံက သိရပါတယ်။ 

စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားသံအရာရှိရုံးကနေလည်း မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity-CI) ကို ထိုင်းနိုင်ငံအတွင်းက စမုစခွန်စခန်း၊ စမုပရာကန်စခန်း၊ ဆူရတ်ဌာနီစခန်းနဲ့ ချင်းမိုင်စခန်းတို့မှာ ဆောင်ရွက်ပေးသွားမယ်လို့ ကြေညာထားပါတယ်။ 

CI စခန်းတွေကို ၃လ သတ်မှတ်ဖွင့်ထားမှာဖြစ်ပြီး မနေ့က ဩဂုတ်လ ၆ ရက်နေ့ကစလို့ CI သက်တမ်း ကုန်ဆုံးဖို့ ၆ လ အောက်ကျန်နေသူတွေ၊ သက်တမ်းကုန်ဆုံးနေသူတွေကို စာအုပ်အသစ်လဲလှယ်ပေးတာ၊  ဘတ်ကတ် (TR-38) လုပ်ငန်းစဉ်နဲ့အတူ CI စာအုပ်အသစ် ထုတ်ပေးခြင်းတို့ကို လုပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

“မနေ့က စဖွင့်နေပြီပေါ့နော် အခုက၊ လောလောဆယ်တော့ ၃လ သတ်မှတ်ထားတယ်။ လုပ်တဲ့သူများလို့ လုပ်ငန်းစဉ်မပြီးရင်တော့ ရက်တွေ ထပ်တိုးသွားမယ်ထင်တယ်။ အခုက ပွဲစားတွေမှာ ပေါက်ဈေးက ၆၀၀၀ ဝန်းကျင်ဖြစ်နေပါတယ်” လို့ FED အလုပ်သမားရေးရာဌာန တာဝန်ခံ ဦးမင်းဦးက မောင်းကိုပြောပါတယ်။ 

နိုင်ငံသား စိစစ်ရေးကဒ်မူရင်း၊ အိမ်ထောင်စုစာရင်းနဲ့ CI စာအုပ်ရှိသူတွေကို အထောက်အထား စိစစ်ပြီးနောက် နိုင်ငံကူးလက်မှတ် (Passport for Thailand Only) အပြင် Overseas Worker Identification Card – OWIC ကတ်ပြားထုတ်ပေးခြင်းတို့လည်း လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားသံအရာရှိရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့မှာ ထိုင်းနိုင်ငံက အလုပ်သမားအရေးဆောင်ရွက်တဲ့ ထိုင်းလူမှုအဖွဲ့အစည်း Bright Future အဖွဲ့ကနေ မြန်မာအလုပ်သမားတွေကို CI စာအုပ်မလိုဘဲ ပန်းရောင်ကတ် တစ်ခုတည်းနဲ့ အလုပ်လုပ် နေထိုင်ခွင့်ကို ထိုင်းအထက်လွှတ်တော်ထံ တရားဝင် တောင်းဆိုထားတယ်လို့ သိရပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးမင်းဦးက “တောင်းဆိုထားတာက ဟုတ်ပါတယ်၊ လွှတ်တော်ကတော့ တင်ပြသမျှလက်ခံရတာပဲလေ… ပြီးမှာ ဘယ်လို ဆက်လုပ်/မလုပ်က ဆုံးဖြတ်ဦးမှာဆိုတော့ အခြေအနေကတော့ စောင့်ကြည့်ရဦးမှာပါပဲ” လို့ ဆိုပါတယ်။  

CI စာအုပ်ဟာ ငွေကြေးအကုန်အကျများပြီး စစ်အုပ်စုကနေ အခွန်ကောက်ဖို့ ဖန်တီးထားတဲ့ အပိုလုပ်ငန်းစဉ်ဖြစ်တာကြောင့် ရွေ့ပြောင်းမြန်အလုပ်သမားတွေကတော့ ပန်းရောင်ကတ်နဲ့တင် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရရေးကို မျှော်လင့်နေကြပါတယ်။

0 Shares:
You May Also Like
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံခြားရေးဝန်ကြီးဝန်ကြီး ဒေါ်ဇင်မာအောင်က ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský နဲ့ တွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖုန်းမှတဆင့် သဘာဝဘေးအချက်ပြသည့်စနစ် စမ်းသပ်ရန် ထိုင်းပြင်ဆင်

ထိုင်းနိုင်ငံအနေနဲ့ ဆဲလ်ဖုန်းတွေကတဆင့် သဘာဝဘေး အချက်ပြပေးတဲ့ စနစ်တစ်ခုကို စမ်းသပ်သွားမှာဖြစ်ကြောင်း ထိုင်းအစိုးရအရာရှိတွေက ဧပြီလ ၂၃ ရက်မှာ ပြောပါတယ်။
Read More

အာဆီယံထိပ်သီးစည်းဝေးပွဲ တက်ရောက်ရန် မလေးရှားနိုင်ငံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဲဖို့စ်ဝမ်းလေယာဥ်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ နိုင်ငံတကာလေဆိပ်မှာ ဆိုက်ရောက်ခဲ့ပြီဖြစ်ပြီး သမ္မတထရမ့်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ကိုယ်တိုင် ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

နယ်စပ်က ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေး တရုတ်နဲ့ထိုင်းပူးပေါင်းလုပ်ဆောင်မှုကို NUG က ကြိုဆိုတယ်လို့ ထုတ်ပြန်

မြန်မာပြည်နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို တရုတ်နဲ့ ထိုင်းက ပူးပေါင်းအရှိန်မြှင့်တိုက်ဖျက်ရေးတွေ လုပ်ဆောင်နေတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုတယ်လို့ ပြောကြားလိုက်ပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ထောက်ခံရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း နိုင်ငံတကာကို တိုက်တွန်း

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပြတ်သားစွာ ပယ်ချကြဖို့ တိုက်တွန်း လိုက်ပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကို အကြမ်းဖက်စစ်တပ်ကို တရားစွဲဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေဟု NUG လူ့အခွင့်အရေးဝန်ကြီး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရဲ့ “လူထုတွေ့ဆုံဆွေးနွေးပွဲ”ကို မေလ ၁၈ ရက် မနေ့က ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ အလုပ်သမားဘက်စုံဖူလုံရေး ရိပ်သာခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။