အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ အမှတ် (၂) စစ်ဆေးရုံ ခုတင် (၁၀၀၀) မှာ တကယ်သေဆုံးသွားပြီဖြစ်တယ်လို့ မင်းအောင်လှိုင်ရဲ့ ကာလုံက ထုတ်ပြန်ပါတယ်။

ကာလုံမှာ ယာယီသမ္မတ ရာထူးယူထားတဲ့ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးဟာ အထူးစိုးရိမ်ဖွယ်ရာ ရှိတယ်လို့ မင်းအောင်လှိုင်ရဲ့ ကာလုံက ဩဂုတ်လ ၅ ရက်က ထုတ်ပြန်ပြီးနောက် ဒီနေ့မနက်ပိုင်းမှာ သေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးမြင့်ဆွေဟာ ပြီးခဲ့တဲ့ မေလ ၂၇ ရက်ကနေ ဇွန် ၁၈ ရက်အထိ အမှတ် (၂) စစ်ဆေးရုံ ခုတင် (၁၀၀၀) မှာ ဆေးကုသမှု ခံယူခဲ့ပြီးနောက် ဆေးရုံမှ ဆင်းလာကာ နေအိမ်မှာပဲ ဆက်လက် ကုသမှုခံယူခဲ့ပေမယ့် ဇူလိုင်လ ၂၄ ရက်မှာ အမှတ် (၂) စစ်ဆေးရုံကြီး ခုတင် (၁၀၀၀) မှာ ထပ်မံတက်ရောက်ကုသမှုခံယူခဲ့ရတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်ကစတင်ပြီး ဦးမြင့်ဆွေဟာ နေအိမ်မှာပဲ ဆေးခွင့်နဲ့ အနားယူကာ ဆေးကုသမှုခံယူနေခဲ့ရသလို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်ကနေ ၁၉ ရက်အထိလည်း စင်ကာပူနိုင်ငံ Mount Elizabeth Medical Center မှာ သွားရောက်ဆေးကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုခန့် ယာယီသမ္မတ ဦးမြင့်ဆွေဟာ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ် အာဏာမသိမ်းခင်အထိ NLD အစိုးရသက်တမ်းတလျှောက် ဒုသမ္မတ တာဝန်ကို ထမ်းဆောင်နေခဲ့သူဖြစ်ပါတယ်။

ဒုသမ္မတ ဦးမြင့်ဆွေဟာ မင်းအောင်လှိုင်နဲ့အတူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ခေါ်ယူကာ နိုင်ငံ‌တော်အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး  မင်းအောင်လှိုင်ထံ အာဏာလွှဲပြောင်းပေးခဲ့ကာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုကို ဦးစီးဦးဆောင်အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာရှင်ဟောင်း သန်းရွှေလက်ထက် ၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးအခင်း ဖြစ်ပွားချိန်ကလည်း ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ယူထားတဲ့ မြင့်ဆွေဟာ ရဟန်းရှင်ပြည်သူတွေကို ကိုယ်တိုင်ကွင်းဆင်းကာ ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နင်းခဲ့သူ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မော်လိုက်-ကလေးထောင်တွင် အရေးပေါ်ဆေးကုခွင့်ရဖို့ အာဏာပိုင်များကို လာဘ်ထိုးနေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်-ကလေးအကျဉ်းထောင်မှာ အကျဥ်းကျသူတွေရဲ့ အရေးပေါ် ဆေးကုသခွင့်အပေါ် ထောင်အာဏာပိုင်တွေက လာဘ်ငွေရယူပြီးမှသာ ခွင့်ပြုပေးတော့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။
Read More

မြိုင်မြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး သင်တန်းများ ပြန်လည်စတင်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ အမျိုးသမီးနဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးသင်တန်း (WCP) သင်တန်းကို ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာ စတင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ခမ်းတိုက်ပွဲတစ်ခုအတွင်း ပြန်ဆုံတဲ့ ဆန့်ကျင်ဘက် ယူနီဖောင်းဝတ် ညီအစ်ကိုအရင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ၊ တောင်ခမ်းဒေသမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေရာ ဖေဖော်ဝါရီ ၄ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ကို ဖမ်းမိခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA) က သတင်းဖော်ပြထားပါတယ်။
Read More

ဈေးချိုမှာ ဆန္ဒပြ၍ အကြမ်းဖက်စစ်တပ် ဆုငွေထုတ် အမှုဖွင့်ခံထားရသူ ၁၀ ဦးအနက် ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံထားရဟု ဆို

မန္တလေးမြို့ ဈေးချိုအနီး ဆန္ဒပြခဲ့တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်တဲ့ ပုဒ်မနဲ့ အမှုဖွင့် ဆုငွေထုတ်ထားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဆီးထားပြီး အသက်အန္တရာယ် အထူးစိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ သပိတ်အင်အားစုတွေက ဒီနေ့ ပူးတွဲထုတ်ပြန်ပါတယ်။
Read More

ကိုယ်ဝန်ဆောင်အမျိုးသမီးကို ယင်းမာပင်ခရိုင် တပ်ရင်း-၂၆ ရင်းမှူး ရိုက်နှက်၊ ချုပ်နှောင်၊ အဓမ္မပြုကျင့်သည် ဆိုတဲ့ကိစ္စ တပ်ရင်းဘက်မှ ငြင်းဆို၊ PDF ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့အတွက် ပြန်လည်တရားစွဲမည်ဟု ဆို

စစ်ကိုင်းတိုင်း၊ အေးကုန်းရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ယင်းမာပင်ခရိုင် တပ်ရင်း -၂၆ ရဲ့ တပ်ရင်းမှူးက ဖမ်းဆီးရိုက်နှက်၊ ချုပ်နှောင်ပြီး အဓမ္မပြုကျင့်တယ်လို့ သတင်းတွေ ထွက်‌ပေါ်နေပေမယ့် အဆိုပါ တပ်ရင်းဘက်က တာဝန်ရှိသူတစ်ယောက်ကတော့ ဒါတွေက မဟုတ်မမှန်ဘူးလို့ မောင်းကို ပြောပါတယ်။
Read More

တနင်္သာရီမှာ စစ်ကောင်စီတပ်စခန်းဟောင်း သိန္ဓောစခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဓောရွာက အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းဟောင်းတစ်ခုဖြစ်တဲ့ သိန္ဒောစခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ က ထုတ်ပြန်ထားပါတယ်။