ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၄၀ နီးပါး ရေနစ်မြုပ်ခဲ့ရပြီး ကျောင်းတွေ ယာယီပိတ်ထားရသလို လေပြင်းမုန်တိုင်းတိုက်ခိုက်မှုကြောင့် နေအိမ် (၁၁) လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၄) ရက်က စလို့ အခုချိန်အထိ ရေကြီးရေလျှံမှုကြောင့် ရွှေကျင်မြို့နယ်အတွင်းရှိ စစ်တောင်းမြစ်အနောက်ဘက်ကမ်းနဲ့ အရှေ့ဘက်ကမ်းကျေးရွာတွေ ရေနစ်မြုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အမှတ် (၃) ဒေသရှိ ညောင်သာယာကျေးရွာ၊ ဖားဘောင်ကျေးရွာ၊ ညောင်ခြေထောက်ကျေးရွာနဲ့ ကျွန်းချောင်းကျေးရွာ စတဲ့ကျေးရွာတွေပါ ရေနစ်မြုပ်ခဲ့သလို လယ်စပါးစိုက်ပျိုးတဲ့ လယ်ဧက စုစုပေါင်း (၁,၆၉၅.၃၉) ဧက ရေနစ်မြုပ်ခဲ့ပြီး အဆိုပါကျေးရွာတွေမှာ အိမ်ခြေ (၅၀၀) ကျော် ရှိတယ်လို့ KNU က ဆိုပါတယ်။

အမှတ်(၁)ဒေသမှာလည်း အင်းဗလာ၊ ပုဇွန်အိုင်၊ သံဆိပ်၊ ဝိုင်ကျွန်း၊ ပျဉ်ရေ၊ သိုက်တူးကုန်း၊ ဆယ့်ရှစ်လံ၊ ညောင်အိုင်၊ သက်ကယ်ကုန်း၊ စံဖဲ၊ ဘိုးပိုက်ဆံ၊ ထောင်လောင်၊ အင်းပလွဲ စသဖြင့် ကျေးရွာ ၃၄ ရွာ ရေနှစ်မြုပ်ခဲ့တဲ့အပြင် စာသင်ကျောင်းတွေကိုပါ ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။

ဇူလိုင်လ(၂၆)ရက်က လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရွှေကျင်မြို့နယ်၊ အမှတ် (၁) ဒေသ၊ ဝိုင်ပျဉ်ရေဒိုင်နယ်၊ ဆယ့်ရှစ်လံကျေးရွာရှိ နေအိမ် (၆) လုံးနဲ့ အမှတ် (၃) ဒေသ၊ ကျွန်းချောင်းကျေးရွာရှိ နေအိမ် (၄) လုံး ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ဘုတလင် သတ်ဖြတ်မှုဟာ မေ့လျော့စရာ မရှိ၊ ဆွေးနွေးစရာ မရှိ

ဘုတလင်မြို့နယ် ပါစီရွာက ဒေသခံတွေကို အကြမ်းဖက် အာဏာသိမ်းစစ်တပ်က လူမဆန်စွာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုကို ပြည်သူတွေအနေနဲ့ မမေ့လျော့ကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ လှုပ်ရှားမှုတစ်ခုကို ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

အုတ်ဖိုတွင် တော်လှန်ရေးရဲဘော်များကို လက်ပစ်ဗုံး ပစ်ခတ်ခဲ့သည့် ရာအိမ်မှူး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ ရာအိမ်မှူးဖြစ်သူ အောင်မိုးခိုင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်းတွင် လေဖြတ်ထားသည့် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားကို ပြောက်ကျားဝတ်စုံ ဝတ်ထားလို့ဆိုပြီး စစ်အုပ်စု ပစ်သတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စိတ်ရောကိုယ်ပါ ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ယောက်ကို ပြောက်ကျားဝတ်စုံ ဝတ်ထားမှုကြောင့် အကြမ်းဖက်စစ်အုပ်စုက ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။ ဒီဇင်ဘာ ၂ရက်နေ့က နတ်တလင်းမြို့နယ် ငုတ်တိုရွာထဲကို အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာချိန် ရွာထဲမှာ လေဖြန်းပြီး ကျန်နေခဲ့တဲ့ စိတ်ကျန်းမာရေးမကောင်းသူ အသက် ၄၆ နှစ်အရွယ် ဦးညီညီကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
Read More

ပုသိမ်- မုံရွာလမ်းပိုင်းမှာ PDF တွေ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ် (ဓာတ်ပုံသတင်း)

အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ၄ နာရီကျော်ကြာ လုံခြုံရေး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမှာ အကြမ်းဖက်စစ်တပ်က ရော့ကတ်တွေ၊ ဗုံးသီးတွေနဲ့ ကြဲချလို့ အမျိုးသမီး ၁ယောက်သေဆုံးပြီး ၉ယောက် ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရော့ကတ်ဗုံးသီးတွေထဲ မပေါက်ကွဲသေးတာတွေရှိနေသေးတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

နတ်ရေကန်တာဝါတိုင်စခန်းမှ စစ်သားတစ်ဦး တိုက်ပွဲအတွင်း လက်နက်ချ ထွက်ပြေးကာ အလင်းဝင်

မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်တာဝါတိုင်စခန်းကုန်းက စစ်ကောင်စီတပ်သားတစ်ယောက် ထွက်ပြေးကာ မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။