စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ ထုံးဘိုရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မီးရှို့ခဲ့သလို စစ်ကြောင်းတွေဆက်တိုက်ထိုးနေလို့ ဒေသခံတွေ ဘေးဒုက္ခရောက်နေရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

သြဂုတ်လ ၆ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ ဝက်လက်မြို့နယ်၊ မခေါက်ရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ မြို့အရှေ့မြောက်ဘက်မှာရှိတဲ့ ထုံးဘိုကျေးရွာကို ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အရပ်သားတွေကိုလည်း ဖမ်းဆီးထားကြောင်းသိရပါတယ်။

စစ်အုပ်စု မီးဝင်ရှို့ခဲ့တဲ့ ကျေးရွာဖြစ်စဥ် အပါအဝင် အရပ်သားဖမ်းဆီးခံရမှု အသေးစိတ်ကိုတော့ မောင်းအနေနဲ့ ဆက်လက်အတည်ပြုနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာပဲ ဝက်လက်မြို့အထိုင်ကနေ မြို့ပြင်ထွက်လာတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့မှုဖြစ်ခဲ့သလို ရှိမ်းမကားတပ်ထဲကနေလည်း လက်နက်ကြီးပစ်ခတ်တာတွေရှိကြောင်း သိရပါတယ်။

“ဒီနေ့ တစ်ရက်ထဲမှာပဲ ဝက်လက်မြို့နယ်ထဲက စကစ အထိုင်စခန်းတွေ လှုပ်တယ်ပြောရမယ်။ မခေါက်ကကောင်တွေလည်း ထုံးဘိုကို မီးဝင်ရှို့တယ်။ စစ်ကြောင်းတွေများနေလို့ ပြည်သူတွေ ဒုက္ခ တော်တော်ရောက်နေကြတယ်။ ” လို့ ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုတွေဟာ ဝက်လက်မြို့နယ် စဉ့်ကိုင်(မြောက်) ရွာအတွင်းမှာ ဝင်ရောက်တပ်စွဲနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်ကပြောပါတယ်။

“ထုံးဘိုကို စစ်ကြောင်းထိုးလာတာမှန်တယ်ဗျ။ အသေးစိတ်သိရဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ အခုဆို စစ်ကိုင်းဘက်ကလာတဲ့စစ်ကြောင်းကိုလည်း စဉ့်ကိုင်ဘက်မှာ ဆိုင်ထားရတယ်။ အဲ့စစ်ကြောင်းက တစ်ပတ်လောက်ရှိပါပြီ” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်ကလည်း မောင်းကိုပြောပါတယ်။

စစ်ကော်မရှင်အဖွဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေထဲမှာ တော်လှန်ရေးအားကောင်းရာ ဝက်လက်မြို့နယ်လည်း ပါဝင်နေပြီး လက်ရှိအခြေအနေအရ မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကြောင်းဝင် လူဖမ်းဆီးတာတွေ ပိုမိုလုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

မြောက်ခင်ရန်း ပျူစခန်းနှင့် မြစ်သာဆည်ပေါ် တပ်စွဲထားသည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကြဲ၊ စခန်းမှူးအပါ ၆ ဦးသေဆုံးပြီး ထွက်ပြေးလာသည့် စစ်သား ၂ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ ပျူစောထီးစခန်းနဲ့ မြစ်သာဆည်ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စခန်းမှူး ၁ ယောက်အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းမှာ စစ်ဆင်ရေးဖော်ဆောင်မှု ၆ ကြိမ် ပြုလုပ်ခဲ့

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်တိုင်းမှာ ဇန်နဝါရီလအတွင်း စစ်ဆင်ရေးဖော်ဆောင်မှု ၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network - RSN က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲ မကျင်းပနိုင်ရေး အစွမ်းကုန် တားဆီးသွားမည်ဟု DMO Local PDF ထုတ်ပြန်

မကြာခင် ကျင်းပပြုလုပ်တော့မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲ မကျင်းပနိုင်ရေးအတွက် အစွမ်းကုန် တားဆီးသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုက ထုတ်ပြန်လိုက်ပါတယ်။
Read More

ပုသိမ်-မုံရွာ လမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၄ ဦး သေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖထံက သိရပါတယ်။
Read More

ပုလောမြို့နယ်မှာ စစ်မှုထမ်းသင်တန်းဆင်းထားသည့် တပ်ကြပ်ကြီးစာရေး (အကူ) (၁) ဦးနှင့် ဒု-တပ်ကြပ် (၁) ဦး လက်နက်များနှင့် အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဘုတ်ခြံအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်သား စုဆောင်းခံထားရတဲ့ စစ်သား (၂) ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်း (၂၅) က ရဲဘော်တွေရဲ့ ရှေ့တန်းလှုပ်ရှားမှု မှတ်တမ်းများ… (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် ၂၅ က ရဲဘော်တွေရဲ့ ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။